Showing posts with label soeminkyaw ​စော်​ရဲ. Show all posts
Showing posts with label soeminkyaw ​စော်​ရဲ. Show all posts

Sunday, July 5, 2015

Invitation to love

Invitation to Love
ချစ်​သူကို ဖိတ်​​ခေါ်ခြင်း
~~~~~~~~~~~~~~


Come when the nights are bright with stars
Or come when the moon is mellow;
Come when the sun his golden bars
Drops on the hay-field yellow.

ကြယ်​​တွေ​တောက်​ပ အလှဆုံးညမှာ
ညင်​သာဝင်းပ လ,သာ​သောခါ
ဝါ၀ါဖျဖျ ရိုးပြတ်​မွ​ပေါ်
နေ​ရောင်​​ပျော်​​မွေ့ အလှ​တွေ့ချိန်
စွေ့​စွေ့ရင်​ခုန်​ အပြုံး ထုံကာ
ယုံယုံကြည်​ကြည်​ ​မောင့်​ဆီလာပါ ချစ်​သက်​လျာ....။




Come in the twilight soft and gray,
Come in the night or come in the day,
Come, O love, whenever  you may,
And you are welcome, welcome.

မှိုင်းပျသာယာ ဆည်းဆာည​နေ
ညည​နေ့​နေ့ ကွဲပြားပ​လေ့​စေ
အို....အချစ်​​ရေ....
လာ​လေလာပါ ဘယ်​ချိန်​ခါမဆို
မင်းကိုကြိုဆို ​မောင်​ ရင်​ဖိုမိ........။




You are sweet, O Love, dear Love,
You are soft as the nesting dove.
Come to my heart and bring it to rest
As the bird flies home to its welcome nest.

ချစ်​ရဆုံးသူ
ချစ်​သည်းအူ​ရေ ​မောင်​​လေ​တွေးထင်
မင်းကိုမြင်​မိ ချိုမြိန်​ဘိခြင်း
အသိုက်​တွင်းက ချိုးငှက်​လှပမာ
နုညံ့ပါ၏ ​ရောက်​လာလှည့်​ပါ
မောင့်​သည်းလွှာကြား ခိုဝင်​နားဖို့
ဖိတ်​ကြားလိုက်​မိ ​မျှော်​လင့်​မိ......။




Come when my heart is full of grief
Or when my heart is merry;
Come with the falling of the leaf
Or with the reddening cherry.

မောင့်​နှလုံးသား ​သောကများချိန်
ပျော်​ပါးကြည်​နူး ရင်​ထဲမြူးချိန်
ဘယ်​အချိန်​ဖြစ်​ဖြစ်​ အချစ်​လာ​နော်
အမြဲ​မျှော်​လင့်​ ချယ်​ရီပွင့်​​တွေ
ရင့်​ရင့်​ရဲရဲ အလှကဲစဉ်
ကြွေဆဲသစ်​ရွက်​ ​နွေဦးရက်​များ
ကျော်​ဖြတ်​သွားစဉ်​ ​မောင်​မြင်​ချင်​မိ တမ်းတမိ.....။




Come when the year’s first blossom blows,
Come when the summer gleams and glows,
Come with the winter’s drifting snows,
And you are welcome, welcome.

နှစ်​ဦးအစ ပန်းရိုင်းလှ​တွေ
ကြွရွပွင့်​လန်း ​ရောင်​စုံလွှမ်းချိန်
ဖျန်းဖျန်း​တောက်​​တောက်​ ​နွေမီး​​ပြောက်​တို့
ဖောက်​​ဖောက်​​အော်​မြည်​ အလွမ်းသီချိန်
နှင်းရည်​နှင်းဖတ်​ တစက်​စက်​​ကြွေ
ဆောင်း​လေသုတ်​ဖြူး ချမ်း​အေးလူးချိန်
ကြည်​နူးရွှင်​ပျ ကြိုဆိုပါရ​စေ
မောင့်​.......အချစ်​​ရေ........။



Dunbar, Paul Laurence ၏ ကဗျာကို မြန်​မာတိုက်​ပုံဝတ်​​ပေးသည်​။


Halo


HALO
ဆန္ဒရှင်
~~~~~

Remember those walls I built
Well, baby, they're tumbling down
And they didn't even put up a fight
They didn't even make a sound

ကျွန်​မ​ဆောက်​ခဲ့တဲ့တံတိုင်း​တွေကိုမြင်​ရဲ့လား
မောင်​​ရေ....သူတို့ ပျက်​ဆီးပြိုကျ​နေပြီ​လေ
သူတို့တိုက်​ပွဲတစ်​ခု​ကို​တောင်​မဆင်​နွဲခဲ့ရဘူး
သူတို့ လှိုင်​သံတစ်​ခုကို​တောင်​မဖန်​တီးခဲ့ရဘူး



I found a way to let you win
But I never really had a doubt
Standing in the light of your halo
I got my angel now

မောင့်​ကို အနိုင်​​ပေးဖို့နည်းလမ်းတစ်​ခုကျွန်​မ​တွေ့ခဲ့တယ်
ဒါ​ပေမယ့်​ကျွန်​မမှာဘာသံသယမှမရှိခဲ့တာအမှန်​ပါ
မောင့်​ဆန္ဒရဲ့အလင်း​ရောင်​ထဲမှာမတ်​တတ်​ရပ်​ရင်း
ကျွန်​မရဲ့ နတ်​သားကို အခု​တွေ့ခဲ့ပြီ​လေ



It's like I've been awakened
Every rule I had you break it
It's the risk that I'm taking
I ain't never gonna shut you out

ကျွန်​မ ရုတ်​တရက်​ နိုးထလာသလိုမျိုး
ကျွန်​မချမှတ်​ထားတဲ့စည်းမျဉ်းကို ​မောင်​ ချိုး​ဖောက်
ကျွန်​မရယူ​နေတာ​တွေကစွန့်​စားမှု​တွေ​ပေါ့
မောင့်​ကို ဘယ်​​တော့မှ မတားဆီးချင်​ခဲ့ဘူး​လေ



Everywhere I'm looking now
I'm surrounded by your embrace
Baby, I can see your halo
You know you're my saving grace

နေရာတိုင်းမှာကျွန်​မအခု​တွေ့​နေရတာ​တွေဟာ
မောင့်​ရဲ့အယုအယ​တွေပဲဝန်းရံထားတာ
မောင်​​ရေ.....ကျွန်​မ ​မောင့်​ရဲ့ ဆန္ဒကိုမြင်​ရပြီ​လေ
မောင်​က ကျွန်​မရဲ့ သိုဝှက်​ထားတဲ့ဂုဏ်​ကိုသိတယ်​​နော်



You're everything I need and more
It's written all over your face
Baby, I can feel your halo
Pray it won't fade away

မောင်​က ကျွန်​မလိုအပ်​တာထက်​ပိုသူပါ
ဒါကို​မောင့်​အပြုံး​တွေကသက်​​သေပြထား
အို.....ချစ်​ရတဲ့​မောင်​​ရေ.......
မောင့်​ဆန္ဒ​တွေကို ကျွန်​မခံစားမိပါတယ်
ဘယ်​​တော့မှ​ပျောက်​မသွားဖို့လည်းဆု​တောင်း​နေမယ်



Hit me like a ray of sun
Burning through my darkest night
You're the only one that I want
Think I'm addicted to your light

ကျွန်​မဘ၀ရဲ့အ​မှောင်​ဆုံးညကို
မောင့်​ရဲ့ ​နေအလင်းနဲ့ ​တောက်​ပ​ပေးပါ
မောင်​က ကျွန်​မမက်​​မောတဲ့တစ်​ဦးတည်း​သောသူပါ
မောင့်​ရဲ့ အလင်းကိုစွဲငြိတမ်းမက်​​နေသူပါ



I swore I'd never fall again
But this don't even feel like falling
Gravity can't forget
To pull me back to the ground again

ကျွန်​မကျိန်​​ပြောခဲ့ပါတယ်
ဘယ်​​တော့မှပြန်​မလဲပြို​စေရဘူးကွယ်
ဒါ​ပေမယ့်​ ဒီလိုမျိုး​တောင်​ မခံစား​စေရဘူး
ကံကြမ္မာက ကျွန်​မကိုမူလ​နေရာပြန်​​ရောက်​​အောင်
ခေါ်​ဆောင်​​ပေးမှာပါ ​မောင်​​ရေ..........

&&&&&&&&&&&&&&&&&&&&&&&&&&&

Halo သီချင်းကို ဘာသာပြန်​​ပေးရန်​​တောင်းဆိုထား​သော My online mother အတွက်​ ရည်​ရွယ်​ပါသည်​။

Halo ၏ မြန်​မာလိုအဓိပ္ပါယ်​ကို ကျွန်​​တော်​ အမှန်​တကယ်​မသိပါ။

Halo is a military science fiction first-person shooter video game francihse ဟု ဖတ်​ဖူးထားပါသည်​။

Game series တစ်​ခုဟုသာ နားလည်​ထား၊သိထားပါသည်​။

ကျွန်​​တော်​က game မ​ဆော့တတ်ပါ။

ထို့​ကြောင့်​ Halo ၏  အ​ကြောင်းနားမလည်​ပါ။

ဆန္ဒရှင်​ ဟု ဘာသာပြန်​ထားခြင်း​မှာ ကျွန်​​တော့်​အမြင်​သာဖြစ်​ပါသည်​။

မှားတယ်​ လို့ ​ပြောလျှင်​လည်း ခံပါမည်​။
စတန့်​ထွင်​တာ လို့ ​ဝေဖန်​လျှင်​လည်း ပြုံးပြပါမည်​။
ဆရာကြီးလား လို့ ခနဲ့လျှင်​လည်း ရယ်​​နေလိုက်​မည်​။
ဘာပဲဖြစ်​ဖြစ်​ ​ကျေးဇူးတင်​ပါသည်​။


Tuesday, June 16, 2015

သက်​​သေများ

သက်​​သေများ
...........

ဆောင်းရာသီကို​မေ့​နေတဲ့
နှင်းမှုန်​တွေေ​​ပါ်​မှာ
သစ်​ရွက်​​လေး​တွေက
သီချ​င်းေ​တွ​ဆို​လို့ေ​ပါ့။

ဒီဇင်ဘာပြက္ခဒိန်​​၏ ​အ​လွ​န်၌
ထုံ​​ဆေးေ​ပး​ထားေ​သာ ​​မျှော်​လင့်​ချက်​များ
အ​ချိန်ခိုးထားေ​သာ ဆံနွယ်များ
ချုပ်ရိုး​ပြေေ​​နသော ​​စေတနာများ
Shock ဖြစ်သွား​​သော အပြုံးများ
သော့​ပျောက်​​နေ​သော ​လက်​မှတ်​များ
ရေချိန်​မကိုက်​​​​ေ​သာ ​ေ​နာ​င္တမ်ား
မဲဆွယ်​စည်းရုံး​နေ​သော ဟာသများ
နေရာတကာ လူရာဝင်​​နေကြ၏ ။

ဘာမဆိုင်​ညာမဆိုင်​ ​ပြောရရင်
ဒီ​နေ့ ​နေဝင်​တာ ​စောတယ်​​နော်

ဒီလိုမျိုး 
ဆောင်းနှင်း​ဝေတဲ့ည​တွေမှာ
ချစ်​သူကို လွမ်းရတာဟာ
အကျဉ်း​ထောင်​ထဲမှာ ပန်းချီဆွဲရသလို
ဘယ်​လိုမှ မပြည့်​စုံဘူး ညို......

Monday, May 25, 2015

ကြယ်​​ငေးသူ

ကြယ်​​ငေးသူ
~~~~~~~

ငယ်​ငယ်​က​တွေးခဲ့ဖူးတယ်
ကြယ်​​တွေဆီ​ရောက်​​အောင်​သွားနိုင်​ရင်
သိပ်​​ကောင်းမှာပဲ လို့......။

ကြယ်​​တွေဆီမှာ
ဘာ​တွေရှိမှန်းမသိဘူး
ဘာလုပ်​လို့ရမယ်​မသိဘူး
ရောက်​ဖူးချင်​ရုံသက်​သက်​ပါ

အခုလိုအသက်​ကြီးလာမှ
ပြန်​စဉ်းစားမိတယ်

ဘဝမှာ
အကျိုးမရှိ လုပ်​ခဲ့တဲ့အလုပ်​​တွေ
တန်းဖိုးမဲ့ ​ပြောခဲ့စကား​တွေ
အဓိပ္ပါယ်​မရှိ ငြင်းခုံခဲ့တဲ့အတ္တ​တွေ
အချိန်​ကိုစားခဲ့တဲ့ မာန​တွေ
ပြည့်​သိပ်​​နေပါလား ​မေ​မေ.....။

ခု​နေခါ
ကြယ်​​တွေဆီ​ရောက်​​အောင်​သွားနိုင်​ရင်​​တောင်
သား
မသွား​တော့ဘူး ​မေ​မေ......။

Thursday, May 21, 2015

အချိန်​စားသူ

အချိန်စားသူ
...............

မေ့ပစ်စရာအတိတ်တွေကိုပြန်အသက်သွင်း
အဲဒီညက လမင်းရဲ့ သီချင်းဆိုသံကို ကြားတယ်.

ဘာဖြစ်ဖြစ်ဆိုတဲ့စိတ်နဲ့
အပြုံးအတုတစ်ခုကို မရမကမွေးခဲ့ရတယ်

ဥယျာဉ်ထဲကပန်းကလေးတွေကိုတောထဲကရွက်ဝါတွေကလှောင်ပြောင်
ငါ့ကို တပေါင်းလ အယောင်ဆောင်ပြီး လွမ်းပြတယ်

စွန့်လွှတ်ခဲ့ရတုန်းကမသိသလိုနေခဲ့ပြီးပြီ
ဘာလို့ အခုမှ နောင်တတွေ အီနေရပါလိမ့်

သ​ဝေထိုးငဝဆွဲ

သ​ဝေထိုးငဝဆွဲ
~~~~~~~~~~~

ချစ်​သူ....
မ​တွေ့ရတာ​တောင်​အ​တော်​ကြာပြီ​နော်

ငါအခုလို ​ဘေး​ပေါက်​မရှိတဲ့အခါ
လကုန်​ရက်​မဟုတ်​တဲ့အခါ
ဆရာသမားက စိတ်​ကူး​ပေါက်​ပြီး
ဘောက်​ဆူးမ​ပေးတဲ့အခါ
နင့်​ကို သိပ်​လွမ်းတာပဲဟာ

ချစ်​သူ....
နေ​ရော​ကောင်းရဲ့လား

နင်​ အခုတ​လောအခန်း​အောင်း​နေတာ​ပေါ့
ဘဏ်​တိုက်​ထဲမှာ စလင်းဘက်​ထဲမှာ
အံဆွဲထဲမှာ ကျွတ်​ကျွတ်​အိတ်​ထဲမှာ
ဂျီး​စော်​နံအိတ်​​ထောင်​ထဲမှာ
ချွေး​စော်​နံ​ဘော်​လီအင်္ကျီထဲမှာ
မွန်းကြပ်​​နေမှာပဲ ​နော်

ချစ်​သူ.....
ငါ့ကို​ရောသတိရရဲ့လား

နင်​ကမျက်​နှာများတယ်​လို့နာမည်​ကြီးတယ်
ဒါ​ပေမယ့်​......
ဘယ်​သူကမှနင့်​ကိုမမုန်းနိုင်​ကြဘူး​လေ
တစ်​ခါတစ်​ခါ .......
နင့်​​ကြောင့်​လူ​တွေ​သွေးကွဲကြတယ်
နင့်​​ကြောင့်​လူ​တွေစည်းလုံးကြတယ်
နင့်​​ကြောင့်​ပြဿနာ​တွေဖြစ်​ကြတယ်
နင့်​​ကြောင့်​ပြဿနာ​တွေ​ပြေလည်​ကြတယ်
နင့်​​ကြောင့်​​ရောဂါ​တွေဖြစ်​ကြတယ်
နင့်​​ကြောင့်​ ​ရောဂါ​တွေ​ပျောက်​ကြတယ်
အို....နင်​က အ​ကောင်းအဆိုးနှစ်​မျိုးလုံးရဲ့
ဒုတိယဖန်​ဆင်းရှင်​​လေ.....
ဘာဖြစ်​ဖြစ်​ ငါက​တော့နင့်​ကိုဆက်​ချစ်​​နေမယ်

ချစ်​သူ....
တရား​ခွေ​ရောဖွင့်​ပြီးနာဖြစ်​ရဲ့လား

နင့်​ကိုယ်​နင်
အားငယ်​တဲ့စကား​တွေသိပ်​​ပြောတာပဲ
ဒေါ်လာနဲ့​တွေ့လို့မျက်​နှာငယ်​ရတယ်
ယွမ်​နဲ့​တွေ့လို့အနှိမ်​ခံရတယ်
ပေါင်​နဲ့ဆုံလို့ ​ခေါင်းငုံ့ခဲ့ရတယ်
ဘတ်​နဲ့​တွေ့လို့ငြူစူခံရတယ်
ဘာတတ်​နိုင်​မှာလဲဟာ
ငါတို့ကိုယ်​က မြန်​မာပြည်​မှာ​မွေးလာတာကိုး
ဒါ​ပေမယ့်​ နင်​ဘယ်​​လောက်​ပဲဆင်းရဲဆင်းရဲ
ငါ..အမြဲဆက်​ချစ်​​နေမှာပါဟာ ....

ချစ်​သူ
နင့်​ကိုယ်​နင်​ အလှ​တွေသိပ်​ပြင်​မ​နေနဲ့​နော်

ပြောမယ့်​သာ​ပြောရတာပါ
နင်​က နင့်​အလှကိုစိတ်​ပျက်​ခဲ့တာကြာပြီပဲ
နင့်​ပါးပြင်​​ပေါ်မှာ
အောင်​ဆန်းပါးကွက်​မရှိကတည်းက​လေ
ခုကျ​တော့ နင်​က
ခြ​င်္သေ့ပုံတတ်​တူး​တွေနဲ့
ဆင်​ပုံတတ်​တူး​တွေနဲ့
အရူးမလိုဖြစ်​ခဲ့တာကြာ​ပေါ့​နော်

ချစ်​သူ
ငါ နင့်​ကို အရမ်းလွမ်းတာပဲဟာ

နင်​က ​ပျော်​​ပျော်​​နေတတ်​တယ်​​နော်
၁၉၉၀ ဝန်းကျင်​တုန်းက
နင့်​ မိသားစုဝင်​ ၇၅ ရယ်​ ၉၀ ရယ်​ ၂၅ ရယ်
အပြီးအပိုင်​ထိန်းသိမ်းခံရတုန်းက
နင်​ လုံးဝအပြုံးအပြတ်​ခဲ့ဘူး​နော်
နင့်​ကို အတုခိုးသူ​တွေကိုလည်း
နင်​ အမြဲခွင့်​လွှတ်​ခဲ့တယ်​​လေ
လေးစားပါတယ်​ နင်​ရယ်​.....

ချစ်​သူ
ငါ့အနားမှာအမြဲ​နေပါ​နော်
ငါ့ကိုခွဲမသွားပါနဲ့
နင်​မရှိတဲ့ခဏမှာငါ့ရင်​​တွေဟာတာတာ
ပြီး​တော့
နင့်​မျက်​နှာ​လေးကိုငါမနမ်းရတာကြာပြီဟာ
ခက်​တာက
ငါကလည်းနင့်​ခန္ဓာကိုယ်​​ပေါ်က
ခြ​င်္သေ့ပုံတတ်​တူး​တွေကိုအ​သေမုန်းတာဟ

Tuesday, May 19, 2015

Without You

Without You
နင်​ မရှိဘဲ
~~~~~~~~~~~

I can't win, I can't reign
I will never win this game
without you, without you

ငါ အနိုင်​မယူနိုင်​ဘူး မလွှမ်းမိုးနိုင်​ဘူး
ငါ ဒီဂိမ်းကိုဘယ်​​တော့မှမ​အောင်​နိုင်​ဘူး
နင်​ မရှိဘဲ နင်​ မပါဘဲ

I am lost, I am vain,
I will never be the same
without you, without you

ငါ ရှုံးနိမ့်​တယ်​ အချည်းနှီးဖြစ်​တယ်
ငါ ဘယ်​​တော့မှ နင်​နဲ့တူမှာမဟုတ်​ဘူး
နင်​ မပါဘဲ နင်​ မရှိဘဲ

I won't run, I won't fly
I will never make it by
without you, without you

ငါ ​ပြေးနိုင်​မှာမဟုတ်​ဘူး
ပျံသန်းနိုင်​မှာမဟုတ်​ဘူး
ငါ ဒါကိုဘယ်​​တော့မှ လုပ်​နိုင်​မှာမဟုတ်​ဘူး
နင်​ မရှိဘဲ နင်​ မပါဘဲ

I can't rest, I can't fight
All I need is you and I,
without you, without you

ငါ မနားနိုင်​ဘူး မတိုက်​ခိုက်​နိင်​ဘူး
ငါလိုအပ်​သမျှအားလုံးက နင်​နဲ့ငါ
နင်​ မပါဘဲ နင်​ မရှိဘဲ

Can't erase, so I'll take blame
But I can't accept that we're estranged
without you, without you

ငါ မဖြတ်​ပစ်​နိုင်​ဘူး
ဒါ့​ကြောင့်​ ငါ အပြစ်​ကိုခံယူမယ်
ဒါ​ပေမယ့်​ ငါတို့ကင်းကွာတာကိုလက်​မခံနိုင်​ဘူး
နင်​ မရှိဘဲ နင်​ မပါဘဲ

I can't quit now, this can't be right
I can't take one more sleepless night
without you, without you

အခု ငါ မနှုတ်​ထွက်​နိုင်​ဘူး
ဒါ မမှန်​ကန်​နိုင်​ဘူး
နောက်​ထပ်​အိပ်​ပျက်​ညတစ်​ညကို​တောင်
လက်​မခံနိုင်​ဘူး
နင်​ မပါဘဲနင် မရှိဘဲ

I won't soar, I won't climb
If you're not here, I'm paralyzed
without you, without you

ငါ ပျံတတ်​မှာမဟုတ်​ဘူး
ငါ အမြင့်​ဆီသွားမှာမဟုတ်​ဘူး
နင်​ ငါ့အနားမှာမရှိရင်​ ငါ မဝံမရဲဖြစ်​တယ်
နင်​ မရှိဘဲ နင်​ မပါဘဲ

I can't look, I'm so blind
I lost my heart, I lost my mind
without you, without you

ငါ မကြည့်​နိင်​ဘူး
ငါ အကန်းဖြစ်​လွန်းတယ်
ငါ့နှလုံးသား​ပျောက်​ဆုံးသွား
ငါ့ စိတ်​ဝိဥာဉ်​ ​ပျောက်​ဆုံးသွား
နင်​ မပါဘဲ နင်​ မရှိဘဲ

David Guetta ၏ Without You သီချင်းကို ကဗျာလုပ်​သည်​။

Friday, February 13, 2015

အပိုင်းအစများ(၅)

အပိုင်းအစများ(၅)
..........................

ရှာရာပါဗို​နေ​ကောင်းသွားပြီလား
လျက်​ဆားတစ်​ထုပ်​ဝယ်​လိုက်​ပါ
လမ်း ၃၀ မှာ ​ကောင်​မ​လေး ​ဈေး​ရောင်း၏
ကံကြမ္မာကို အ​ကြော​ဆေးထိုးရမည်
ပီရာဘ​ရော့နန်​ကို ရ​အောင်​ဖမ်းကြ
ဘာဖြစ်​ဖြစ်​​အေး​အေး​ဆေး​ဆေးပါပဲ
မုန့်​တီတစ်​ပွဲစားလိုက်​ရပြီ
နေ​ရောင်​ခြည်​ကို ​ချော့​မော့​ပြောတာဆို
ပန်း​တွေကို ပါဠိစကားသင်​ဖို့လိုပြီ

လောက်​ကိုင်​မြို့ကြီး​နေ​ကောင်းပါ​စေကွယ်
ဒိုင်း ဒိုင်း ဒိုင်း ခဏခဏမဖြစ်​​အောင်
စံဇာဏီဘိုထံမှာ ယတြာ​ဆောင်​ပါလား
စစ်​သား​တွေကို ငါတို့ချစ်​တယ်
ငြိမ်းချမ်း​ရေးနဲ့ လွဲ​နေတာဘာ​ကြောင့်​လဲ
နွား​တွေ ကုန်​ပြီ
သစ်​​တွေ ကုန်​ပြီ
ဘာ​ပြော​ပြောမြန်​မာ​တွေအလှူအတန်းမပြတ်​ဘူး
ပိ​တောက်​​တွေ​ရွှေရည်​လူးချိန်​မှာ​တော့
သေနတ်​​တွေသိမ်းခိုင်း​ပါ​တော့ခေါင်း​ပေါင်းကြီးရယ်

Saturday, January 3, 2015

အိပ်​မက်​ပုံပြင်

အိပ်မက်ပုံပြင်
------------
Taylor Swift က
ငါနဲ့အတူနေချင်လို့ တဲ့
ငါ
တွံတေးသိန်းတန်လေသံနဲ့ ငြင်းခဲ့တယ်
        
          Bill Gates က
          သူ့ရဲ့ ဓနတွေကိုလက်ခံပါ တဲ့
           ငါ
           ဝင်းဦးရဲ့အမူအရာနဲ့ ခေါင်းခါခဲ့တယ်

စတီဗင်ဟော့ကင်းက
ဘုရားသခင်ကိုယုံပါ တဲ့
ငါ
ကျော်ဟိန်းစတိုင်နဲ့ လက်ကာပြခဲ့တယ်
          
            ဦးသိန်းစိန်က
            သမ္မတရာထူးကိုယူပါ တဲ့
            ငါ
            ဗေလုဝမျက်နှာပေးနဲ့ ဟားတိုက်ခဲ့တယ်

အဂုၤလိမာလ

အဂုၤလိမာလ
.............

အာရုံထဲမှာ
ဘွဲ့လက်မှတ်တစ်ခု

လက်တွေ့မှာ
ဓားတစ်လက်နဲ့လက်ညှိုးများစွာ
သတ်လိုက်ရတဲ့လူအနန္တာ

ရင်ထဲမှာ
ဆရာနဲ့ငါ
ဘယ်သူအတ္တသာခဲ့သလဲ

My photos

မင်းလာတဲ့အခါ

When You Come

When you come to me, unbidden,
Beckoning me
To long-ago rooms,
Where memories lie.

Offering me, as to a child, an attic,
Gatherings of days too few.
Baubles of stolen kisses.
Trinkets of borrowed loves.
Trunks of secret words,

I CRY.

နင်လာတဲ့အခါ
................

မဖိတ်ခေါ်ပဲ
နင် ငါ့ဆီလာတဲ့အခါ
အမှတ်တရတွေ ပြည့်နေတဲ့ ပြကွက်များ
နှစ်များစွာကို ခေါ်ဆောင်သွား

ဘယ်သူမှမသိသေးတဲ့ စကားတွေရဲ့ အတိမ်အနက်
သူတစ်ပါးထံရောက်သွားတဲ့ ချစ်ခြင်းရဲ့ လှည့်ကွက်
အခိုးခံရတဲ့အနမ်းတွေရဲ့ ကစားစရာ
စုဆောင်းထားတဲ့ နေ့အချို့ရဲ့ မျက်နှာ
ထပ်ခိုးတစ်ခုလိုစိတ်ရှုပ်နေတဲ့ ကလေးဆန်ဆန်ငါပြန်ဖြစ်

အချစ်ရေ......
ဘယ်သူမှမကြားတဲ့အထိ
ငါ....
အကျယ်ကြီးအော် ငိုမိတယ်

Maya Angelou ၏ အထက်ပါကဗျာကို ကလိသည်။    ။


Posted via Blogaway

Friday, January 2, 2015

Mandalay

မန္တလေးအတ္ထုပ္ပတ္တိ
-----------------------
အဖအမည်=ဦးမင်းတုန်း
မွေးသက္ကရာဇ်=၁၂၂၁
မှတ်ပုံတင်အမှတ်=၈၈/မယက(နိုင်)၁၈၈၅
ကိုးကွယ်=တရုတ်
အလုပ်အကိုင်=ပလက်စတစ်ဖြန့်
ဘာသာစကား=ဝေါမိတောခေါ
နှစ်သက်အစာ=ခေါက်ဆွဲ
အရောင်=အနီ
ရည်မှန်းချက်=တရုတ်ကိုအဟုတ်ဖြိုရန်
ဒဿန=နဂါးဆိုတာကုလားထက်ပိုမိုက်တယ်


Posted via Blogaway

Thursday, January 1, 2015

တေးချိုချို

Small Song

The reeds give
way to the

wind and give
the wind away

တေးချိုချို

ကျူပင်​​တွေက
လေလမ်း​ကြောင်းကိုညွှန်​ကြ

လေသွားရာတစ်​​လျှောက်​မှာ
ဦးညွတ်လမ်းပြ
A. R. Ammons ၏ ကဗျာကို ထင်​သလိုလုပ်​သည်​။

My mother


Posted via Blogaway

ယောက်ျား

ယောက်ျား

ဆေး ကွမ်း အရက်
မပြတ်   မှီဝဲ
မိန်းမလည်းလိုက်စား
ငွေရဲ့အစေအပါးကိုမှ
ယောက်ျားကွ တဲ့

အများအကျိုး
သယ်ပိုးဖို့အတွက်
လို အပ် လာ သော်
သြော် 
ယောက်ျားတော်တော်ရှားပါလား


Posted via Blogaway

My photos

မာန​ဝေဒနာ

4Dကဗျာ

4D ကဗျာ
...........

မျက်ဝန်းတွေဆီက အကြည့်ကိုဖယ်လိုက်တယ်
ခွန်းတုံ့မပြန်မိပဲ သီချင်းတစ်ပုဒ်ကို နားချ
ငါ မုန်းတဲ့ အတ္တ ငါ့ စိတ်မှာအမြစ်တွယ်
သူတို့နဲ့ အမှန်တကယ် လေပြည်သွေးချင်တာလား

n တစ်လုံးရှာနေတဲ့ Myanmar သမားလို
New Year ညကို ဗေဒင်မေးမိကြပြီ
ကိုယ့်အမြင်ကိုယ်မှန်တယ်ထင်တဲ့ပုထုဇဉ်နဲ့
အရောင်ပြောင်းတဲ့အရက်နဲ့ညားတဲ့အခါ
မုသားတွေ အလင်္ကာဖြစ်ကုန်ကြ

ငခင်ညိုတွေ င့ါရှေ့မှာတန်းစီတာတောင်
ထမင်းကြမ်းကို အေးလို့မစားချင်တဲ့ကောင်
မန္တလေးတောင်ပေါ်က မြွေကြီးနှစ်ကောင်လို
ငါ အဆိပ် မရှိလိုက်ပုံများ
လူတွေဆီက ဟားထိုးသံနဲ့ပဲ
ငါ့ကိုယ်ငါ ရေရောလိုက်ရတော့တယ်

ပြောင်းပြန်

ပြောင်းပြန်းစီးသော တောင်တန်း
~~~~~~~~~~~~~~~~~~
ငါက ကဗျာမချစ်တတ်သူတွေနဲ့ ဓမ္မာသောက
မငိုပဲကျတဲ့ ရယ်စရာတွေကို နှုတ်ယူလိုက်ကြ

အင်းဝခေတ်က ပါဠိသံကရိုဏ်းသံကိုဖိုထိုး
နမောတဿနဲ့နိုင်ငံကို ပျိုးသင့်ပြီ

အကြိမ်ကြိမ်လွဲခဲ့တဲ့ အလွဲကြီးနဲ့
အခုမှပဲ လမ်းခွဲရတော့တယ်

ဘာပဲဖြစ်ဖြစ်
ငါ့ဘက်မှာ ဒုက္ခစစ်စစ်ရှိပါသေးတယ်လေ