Thursday, June 25, 2015

လောကကြီး​ရေ

လောကကြီး​ရေ.......
~~~~~~~~~~~

လောကကြီး​ရေ........
လူ​တွေညံလိုက်​ပုံများ
တစ်​​ယောက်​ကဒါကိုကြိုက်​လိုက်​တာနဲ့
ဘုမသိဘမသိ
ဝိုင်းပြီးကြိုက်​မိကြတယ်
လေ့လာကြည့်​​တော့မှ
ခပ်​​ကြောင်​​ကြောင်​မြန်​မာဇာတ်​လမ်းဖြစ်​​နေတယ်
ပြီး​တော့ ​ပြောကြ​သေးတယ်
ကျွန်​မက ပဒိုင်းပန်းပါ ​မောင်​ တဲ့......။

လောကကြီး​ရေ........
လွှတ်​​တော်​လူကြီး​တွေတုံးလိုက်​ပုံများ
ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကိုပြင်​ဖို့
ငါတို့​ခေါင်း​ဆောင်​​ဟောင်းကြီးထံက
အကြံဥာဏ်​​တွေ​တောင်းခံကြမလို့တဲ့​လေ
လေ့လာကြည့်​​တော့မှ
ခပ်​​ကြောင်​​ကြောင်​ဝန်​ကြီးဖြစ်​​နေတယ်
ပြီး​တော့ ​ပြော​သေးတယ်
ကျုပ်​ ​ကြောက်​တတ်​တယ်​ ​မောင်​ တဲ့......။

လောကကြီး​ရေ.. .......
ဆရာ​တွေဖိန့်​လိုက်​ပုံများ
ကျောင်းသားတစ်​​ယောက်​ရဲ့ပညာအားကို
အမှတ်​များနဲ့တိုင်းတာရမယ်​တဲ့
လေ့လာကြည့်​​တော့မှ
ကျောင်းသားကကျက်​မင်းသားဖြစ်​​နေတယ်
ပြီး​တော့ ​ပြော​သေးတယ်
ရွှေအိုးရှိမှ ပညာရမယ်​ ​မောင်​ တဲ့......။

လောကကြီး​ရေ........
မြန်​မာလယ်​သမား​တွေရိုးလိုက်​ပုံများ
အသည်းကြားကမဲတစ်​ပြားကဘာလဲဟင်​ တဲ့
သေချာရှင်းပြ​တော့မှ
ရယ်​ရယ်​​မော​မော​ပြောရှာတယ်
အိုး....ဘယ်​သူတတ်​တတ်​ ထမင်းမငတ်​ဖို့အဓိကပဲ
ပြီး​တော့ ​ပြော​သေးတယ်
အစိုးရတိုင်း အစ​တော့ရိုးတယ်​ ​မောင်​ တဲ့......။

No comments:

Post a Comment