Sunday, June 14, 2015

U 23 သို့ အ​လေးပြုခြင်း

U 23 သို့ အ​လေးပြုခြင်း
~~~~~~~~~~~~~

ချစ်​ခင်​လွန်းလို့
ရင်းနှီးလွန်းလို့
မင်းတို့ကို
ငါ့​ကောင်​​တွေ လို့ ​ခေါ်မယ်​ကွာ...

ဗီယက်​နမ်​နဲ့ပွဲမှာ
မင်းတို့ ကြိုးစားသွားတာ တန်​တယ်
မင်းတို့ ​ဘောလုံးပညာပြတာ မိုက်​တယ်
မင်းတို့ ညီညွတ်​ပြသွားတာ လှတယ်
အမ​လေးးးးးးး
ငါ​တောင်​ ကြက်​သီးတဟီးဟီးထတယ်

နိုင်​ငံ​တော်​သီချင်း စဆိုကတည်းက
ငါ ......
မျက်​ရည်​ဝဲရ
မြန်​မာပြည်​ကို ချစ်​လွန်းလို့ပါကွ

မြန်​....မာ
မြန်​....မာ
မြန်​.....မာ
မြန်​.....မာ
အား​ပေးသံ​တွေမိုးသို့ဟိန်း
ငါ့နား​တွေကျိန်းစပ်​ကုန်​ပြီကွာ.....

ငါ့​ကောင်​​တွေ ​ရေ
မင်းတို့​ခြေထဲ​ဘောလုံးရှိရင်
ငါ.....
ရင်​တခုန်​ခုန်​(အ​ပျော်​နဲ့)
သူတို့​ခြေထဲ​ဘောလုံး​ရောက်​ရင်
ငါ......
ရင်​တဖိုဖို(ပူပန်​မှုနဲ့)
မယုံရင်​ငါ့ရင်​ကိုလာစမ်းလှည့်​စမ်းပါ

ငါ့​ကောင်​​တွေ ​ရေ
မင်းတို့ကို အား​ပေး​နေသူ​တွေထဲမှာ
က​လေး​မွေးခါနီး မိခင်​​လောင်း​တွေပါတယ်
ရှေ့တန်းထွက်​​တော့မယ့်​စစ်​သား​တွေပါတယ်
စာသင်​ခန်းဝင်​လုနီးဆရာ​တွေပါတယ်
ခွဲစိပ်​ခန်းဝင်​ဖို့ပြင်​​နေတဲ့ပါရဂူ​တွေပါတယ်
လက်​လုပ်​လက်​စား​တွေပါတယ်
အောက်​​ခြေဝန်​ထမ်း​လေး​တွေပါတယ်
စာမတတ်​တဲ့က​လေးငယ်​​တွေပါတယ်
ယုတ်​စွအဆုံး......
မျက်​စိလုံးလုံးမမြင်​သူ​တွေ​တောင်
နား​ထောင်​အား​ပေး​နေကြတယ်​ ကွ......

ဒုန်း.....ဒုန်း....ဒုန်း.......
အားရပါးရစားပွဲကိုထုတဲ့အသံ​တွေ
ဖြောင်း...​ဖြောင်း....​ဖြောင်း....
အူလှိုက်​သည်းလှိုက်​တီးတဲ့လက်​ခုပ်​သံ​တွေ
မြန်​မာကွ....အဲဒါမြန်​မာ
ရင်​​ခေါင်းခြစ်​ပြီးကျူးရင့်​သံ​တွေ
ဓူဝံကြယ်​​တောင်​လန့်​ပြီး​ကြွေမတတ်​ပါပဲ

ဘောလုံးဆိုတာ
ခြေ​ထောက်​နဲ့ကစားတာမဟုတ်​ဘူး
ဦး​နောက်​နဲ့ကစားတာ
စည်းလုံးမှုနဲ့ကစားတာ
မျိုးချစ်​စိတ်​နဲ့ကစားတာ
မင်းတို့မှာ ဒါ​တွေပြည့်​စုံ
တစ်​တိုင်းပြည်​လုံးယုံပါတယ်​ ကွာ

ကမ္ဘာ့အလယ်​မှာ
မြန်​မာ့​ဘောလုံး​နေရာ
ရွှေဆုနဲ့​ဝေးကွာခဲ့တာ
ဆယ်​စုနှစ်​များစွာ ကြာ
မင်းတို့ အခွင့်​အ​ရေး ရတုန်းမှာ
ယူခဲ့ကြစမ်းပါ ကွာ......

အောင်​ပွဲနဲ့ပြန်​လာမယ့်​လမ်း
ရွှေဖလားပိုက်​လာမယ့်​ အပြန်
မြန်​မာနိုင်​ပြီ သီချင်းသံဝင့်
ငါ.......
မချင့်​မရဲဖြစ်​​နေပြီကွာ........

No comments:

Post a Comment