Showing posts with label SoeMinKyaw. ​စော်​ရဲ. Show all posts
Showing posts with label SoeMinKyaw. ​စော်​ရဲ. Show all posts

Sunday, July 5, 2015

စက်​၀ိုင်းတစ်​​ကောင်​၏မှတ်​စု

စက်​၀ိုင်းတစ်​​ကောင်​၏မှတ်​စု
~~~~~~~~~~~~~~~~


ယောက်ျားထု ၇၀ ရာနှုန်းက
ငါ့ကို
အရူးအမူးစွဲလမ်းကြတယ်
ငါရှိတဲ့ဘယ်​​နေရာမဆို
ငါလှုပ်​ရှားမယ့်​ဘယ်​အချိန်​မဆို
သူတို့
စောင့်​ကြိုငံ့လင့်​ကြတယ်​.......။



သူတို့အချင်းချင်း
ငါ့ကိုလုယက်​ကြရင်း
ရင်းနှီးခြင်း​တွေ​ဖော်​​ဆောင်​ကြတယ်
ပြိုင်​ဆိုင်​မှု​တွေထုဆစ်​ကြတယ်



ငါ့ကိုခုတုံးလုပ်​ပြီး
အ​လောင်းအစား​တွေအကြီးကြီးဖန်​တီးကြတယ်
ငါနဲ့ပတ်​သက်​လာရင်
မိန်းမလည်းစကားလည်းနားမ​ထောင်​ဘူး
အ​မေ့စကားလည်းမကြား​ယောင်​ပြု
ဒါ​ကြောင့်​ငါက
နေရင်းထိုင်​ရင်း ​သွေးခွဲသူ ဖြစ်​ရတယ်​.......။



ငါနိုင်​ငံခြားသွားရင်
သူတို့အားလုံး ငါ့ကို ပိုချစ်​ကြတယ်
ငါ့​ခြေလှမ်း​တွေကို အမြဲ​စောင့်​ကြည့်​ကြတယ်
ငါ့လှုပ်​ရှားမှု​တွေကိုအကဲခတ်​ကြတယ်
ဒါ​ကြောင့်​ငါက
ဘာမဆိုင်​ညာမဆိုင်​ မျိုးချစ်​စိတ်​လှုံ့​ဆော်​သူ ဖြစ်​ရတယ်



ရံဖန်​ရံခါ
က​လေး​တွေကငါ့ကိုမိုးရွာထဲဆွဲ​ခေါ်ကြတယ်
ငါ့မှာ
ရွှံ့ ဗွက်​​တွေတ​ပေ​ပေမိုး​ရေ​တွေတရွှဲရွှဲနဲ့
အလူးအလဲခံရတယ်
ဒါ​ပေမယ့်​ ငါ ​ပျော်​ပါတယ်
က​လေး​တွေကအပြစ်​ကင်းတယ်​​လေ......။



လူကြီး​တွေက
ငါ့ကို အသုံးချကြတယ်
သူတို့​အောင်​မြင်​ထင်​​ပေါ်ဖို့
သူတို့​ငွေ​ကြေးအမြတ်​အစွန်းရဖို့
သူတို့နာမည်​ကြီးလူသိများဖို့
ငါက
တရားခံဖြစ်​ရတယ်
ဓားစာခံဖြစ်​ရတယ်



တစ်​ခါတစ်​ရံ
ချစ်​ကြည်​​ရေး ဆိုတဲ့ ​ခေါင်းစဉ်​ကြီးနဲ့
ငါ့ကို အမုန်း​တံဆိပ်​​တွေကပ်​ကြတယ်
အာဃာတလက်​မှတ်​​တွေဖြန့်​ကြတယ်
တစ်​​ယောက်​နဲ့တစ်​​​ယောက်​​ပွေ့ဖက်​ကြရင်း
စိတ်​အတွင်းက အံကြိတ်​ကြတယ်
တွေးရင်းနဲ့ ဒီ​လောဘသား​တွေအတွက်
ငါ......
ရင်​​မောလိုက်​တာ.......။



ကျေးလက်​​တောရွာ​တွေ​ရောက်​ရင်​​တော့
ငါ စိတ်​သက်​သာရပါတယ်
သူတို့ငါ့ကိုချစ်​တာက ရိုးသားတယ်
မာနမပါဘူး ​လောဘမပါဘူး
အတ္တမပါဘူး ဟန်​​ဆောင်​မှုမပါဘူး
ငါ့ကို အပြိုင်​အဆိုင်​ သူတို့ ​ပွေ့ဖက်​ကြတာက
ရယ်​​မောစရာ သနားစရာ
ပြီး​တော့ မြတ်​နိုးစရာ......။



အားလုံးကငါ့ကိုအမျိုးမျိုးသတ်​မှတ်​ကြတယ်
ငါကကံကြမ္မာနဲ့တူတယ်​တဲ့
ဘာမှကြို​တွေးထားလို့မရလို့​လေ
ငါကကမ္ဘာကြီးနဲ့တူတယ်​တဲ့
မျက်​နှာဝိုင်းဝိုင်း​ချော​ချောမွတ်​မွတ်​မို့​လေ
ငါကိုအ​လောင်းကစားသမား​တွေက
တစ်​လုံး လို့​ခေါ်ကြတယ်
ဇာတာထဲကငါ့နာမည်​က football တဲ့​လေ
မြန်​မာလူမျိုးအချို့ငါ့ကို​ခေါ်တာ
နားရှက်​စရာ​ကောင်းပါတယ်
ဖွတ်​...​ဘော.....တဲ့
အီး.....ငို ချင်​ တာ.......။


Saturday, June 20, 2015

တောင်​ကြီး​ရေ Good-bye

တောင်​ကြီး​ရေ Good-bye
~~~~~~~~~~~~~~

စိမ်းမြတဲ့သစ်​ပင်​ကြီး​တွေ
လတ်​ဆတ်​နုစိုတဲ့​လေပြည်​​လေညင်း
မွှေးရနံ့မပြင်းတဲ့ ပန်း​ရောင်​စုံ
ရင်​ခုန်​စရာ ရှမ်းမ​လေးများ
စကားဝဲဝဲ တိုင်းရင်းသားညီ​အစ်​ကို
အရသာချိုစပ်​ချဉ်​ အစားအ​သောက်
လမ်း​လျှောက်​လို့​ကောင်းတဲ့ ည​ဈေးတန်း
ရိုးသားခြင်း​တွေလွှမ်းတဲ့ အပြုံးနဲ့
တောင်​ကြီး​ရေ.......
မင်း....ငါတို့ကိုကြိုဆိုခဲ့တယ်​......။

မြေပြန့်​က​ရောက်​လာခဲ့ငါတို့ရဲ့နှလုံးသားမှာ
မင်းဟာ ထူးထူးခြားခြား လှပ
ဘယ်​​တော့မှ ​မေ့လို့ရမှာမဟုတ်​​တော့ဘူး
မင်းရဲ့ရင်​ခွင်​မှာ
တစ်​ညတာခိုလှုံဖူးတယ်​ဆိုတဲ့အသိ
ဂုဏ်​ယူပီတိနဲ့ မှတ်​မိ​နေမယ်​ ကွယ်​ .....။

မိုးတဖွဲဖွဲကျ​နေတာကစ လှပ
တိမ်​​တွေ မင်းကို ကာကွယ်​ဝိုင်းဖွဲ့​နေပုံကလည်း
ငါ့လို အသည်းနုသူအတွက်
ပက်​ပက်​စက်​စက်​ လွမ်းစရာ........

ဘာသာ စာ​ပေ ဂီတ အနုပညာ
သီးခြားပိုင်​ဆိုင်​တဲ့ ရှမ်းအနွယ်​​တွေကို
ကြာရှည်​စွာ ထိန်းသိမ်းခဲ့တဲ့ မင်းဟာ
ငြင်းစရာမရှိ​အောင်​တာဝန်​​ကျေ
ငါ ​လေးစား​နေပါ့မယ်​ ကွာ .......

အတတ်​အဆင်းလမ်း​တွေက
ဘဝရဲ့ စီးဆင်းမှုကိုသွယ်​ဝိုက်​​ဖော်​ပြ
မာနမရှိတဲ့ ​နေခြည်​​နွေး​နွေးကလည်း
ပါးအို့ရဲရဲ​ပေါ် ကျဲချ​နေ
မင်းက ဖန်​ဆင်းရှင်​လား ​တောင်​ကြီး​မြို့​ရေ.....

ခေါပုတ်​​ကြော်​ ​ကောက်​ညှင်း​ထွေး
တို့ဟူး​နွေး လက်​ဖက်​သုတ်
ခေါက်​ဆွဲပြုတ်​ ဆီတို့ဟူး
မင်းဧည့်​ခံတဲ့ထူးထူးခြားခြားစားစရာ
ငါ့ လျှာ​ပေါ်မှာ အမြစ်​တွယ်
မင်းကို ငါအရမ်းချစ်​တယ်​ ​တောင်​ကြီးမြို့​ရေ.....

ဥတုသုံးဖြာမှာ
အမြဲသာယာ​နေမယ့်​မြို့
ရှမ်းရိုးရာဝတ်​စုံနဲ့
ထာဝရကျက်​သ​ရေရှိတဲ့မြို့
နှင်းမြူမိုး​အေး လ​ဖွေး​ဖွေးနဲ့
အ​တွေးဖြူစင်​ ​သောကမမြင်​ရတဲ့မြို့
ဗမာ ပ​လောင်​ ရှမ်း ဓနု ပအို့
လူမျိုး​ရေးမခွဲခြားတဲ့မြို့
ဒဏ္ဍာရီဆန်ဆန်
ရာဇဝင်​ကိုပန်​ခဲ့တဲ့မြို့
အို......ချစ်​​သော​တောင်​ကြီးမြို့​ရေ....

ငယ်​ချစ်​ဦးကိုလက်​မပြဘဲနှုတ်​ဆက်​သလိုမျိုး
ငါ......
ရိုးရိုး​လေး​ပြောခဲ့ပါ့မယ်
Good-bye ကွယ်​.......

Friday, June 19, 2015

အင်း​လေးကန်​ထဲကမိုးတစ်​စ

အင်း​လေးကန်​ထဲကမိုးတစ်​စ
~~~~~~~~~~~~~~~~

ဝန်းရံထားတဲ့​တောင်​​တွေ​ပေါ်မှာ
တိမ်​​တွေအချင်းချင်းအကပြိုင်​​နေကြတယ်
အုပ်​စုဖွဲ့​ဗေဒါ​တွေကလည်း
ဘဝဆိုတာ ဒါပဲလား လို့​အော်​ညည်းပြ​နေသလို

ပေါ​လော​ပေါ်စိုက်​ခင်း​တွေ​ပေါ်မှာ
သဘာဝတရားကိုလိမ်​ညာတဲ့အပင်​ငယ်​​တွေရှိသလား
ရှည်​တံရှည်​အိမ်​များရဲ့လှပမှုက
ပန်းချီဆရာကို အိပ်​မက်​ထစေတယ်

စက်​​လှေခုတ်​​မောင်းသံ​တွေ​ရေပြင်​ကိုထိုးခွဲသွား
အင်း​ပျော်​ငါး​တွေလန့်​များသွားသလား
ဖောင်​​တော်​ဦးဘုရားထံမှာဆု​တောင်းခဲ့ဖို့
မေ့​လျော့​နေတဲ့အသိတရားထဲမှာ
ငါ့ အလွမ်း​တွေလိုက်​ပါသွားတယ်

မိုးမြု​တွေရစ်​သီအုံ့မှိုင်း
ရိုင်းစိုင်းတဲ့​လေ​အေး​အေးက
ငါ့ရင်​ကို ဆွဆွ​ပေးနေတယ်
တစ်​စုံတစ်​ရာကို သတိရဖို့​ပေါ့ကွယ်

Wednesday, June 10, 2015

လွန်​ခဲ့​သောနှစ်​များနှင့်​ကျွန်​​တော်

လွန်ခဲ့သောနှစ်များနှင့်ကျွန်တော်
----------------------------------------
အတိတ်ဆိုတာ
စိတ်ပျိုလာရင်
သိပ်ကိုနာကျင်စရာပါ သူငယ်ချင်း......

ကိုးဆယ့်ကိုးနှစ်ထောင်
ငါတို့ GTI ကောင်တွေဘဝ
သတိရမိလိုက်တာ
အဲဒီတုန်းက
မန္တလေးဆိုတာမြန်မာစစ်စစ်
ငါသိပ်ချစ်တဲ့မြို့ပေါ့

လမ်းသုံးဆယ်ပေါ်က ဂျီတီအိုင်
ဒေါ်ရှမ်းမရဲ့ နှစ်ဆယ်တန်ထမင်းဆိုင်
မင်းရော
မေ့ပစ်နိုင်လို့လား

စာသင်ချိန်ခဏခဏပျက်
Tea ဆိုင်မှာ chess ထိုး
စိုင်းအွတ်မျက်နှာသိုးနေပြီကွ

ငတ်ငတ်ပြတ်ပြတ်
စက်ဘီးအစုတ်နဲ့သွားခဲ့ရက်များ
အငဲရဲ့
မန္တလေးည တမ်းချင်း နဲ့ဖြေသိမ့်
ကျုံးဘေးမှာ အိပ်ခဲ့ကြဘူးတယ်နော်

ဂျူးကို crazy ဖြစ်တဲ့ ညီညီထူး
နန်းကိုရူးသွပ်တဲ့ နေမျိုးအောင်
ပေါ့ပေါ့ပါးပါးကောင် ဟန်နိုင်ကို
ခေါင်ရည်သောက်လိုတဲ့ ကျော်စိုးအောင်
ဖွန်အမြဲကြောင်တဲ့ သန်းမြို့ ငနဲ
mississippi သီချင်းကိုစွဲတဲ့ အောင်သွင်
အမှန်ဝန်ခံရရင်
မင်းတို့အားလုံး စာမေးပွဲနီးရင်
ငါ့ကို
ဆရာ လို့ခေါ်ချင်ခဲ့တာမဟုတ်လား
ဟားဟားဟားဟားဟားဟား

မနက်ဖြန်စာမေးပွဲဖြေရမယ့်ဟာ
ဒီနေ့ညမှာ အလင်းပေါက်ဖဲကစား
မင်း နိုင်ရင် ငါက စား
ငါ နိုင်ရင် မင်းက သောက်
ဒီလိုနဲ့
ပညာတွေတောက်ခဲ့ကြတယ်နော်

ခေတ်ကို အတူတူဆဲခဲ့ကြတယ်
အစိုးရကို အတူတူအပြစ်ဖို့ခဲ့ကြတယ်
ကတ္တရာလမ်းပေါ်ဖိနပ်မပါဘဲ
အတူတူလျှောက်ခဲ့ကြတယ်
လေးဖြူသီချင်းတွေကို အတူတူအော်ခဲကြတယ်
အနာဂတ်ကို တွေးပြီးအတူတူကြောက်ခဲ့ကြတယ်
ဒါပေမယ့်
အဲဒီ လွတ်လပ်တဲ့ဘဝ
ပြန်ရချင်လိုက်တာကွာ......

အခုတော့
ငါတို့ရဲ့ကျောင်းတော်ကြီး
ဗဟိုအမျိုးသမီးဆေးရုံဖြစ်
လမ်း ၃၀ ကိုတောင် ငါ မုန်းပစ်လိုက်ပြီ

ဒါပါပဲ ငါ့ကောင်ရေ
မင်းရဲ့ သားသမီးတွေရောနေကောင်းကြလား
ဖခင်တစ်ယောက်အနေနဲ့
ဘာတွေသင်ပေးခဲ့ပြီးပြီလဲ
ငါ့အနေနဲ့
တစ်ခုတော့အကြံပေးခဲ့ချင်တယ်ကွာ
ကလေးတွေကို ရိုးသားဖို့အရင်သင်ကွာ
မင်းတို့ငါတို့လို
လူလိမ်လူညာတွေမဖြစ်စေနဲ့
အဆိုးမြင်သူတွေမဖြစ်စေနဲ့
နားလည်တယ်နော်
ဒါပဲ
အိပ်ပြီ
Bye

Saturday, June 6, 2015

Sympathy

Sympathy
ကိုယ်​ချင်းစာတရား
~~~~~~~~~~~

There should be no despair for you
While nightly stars are burning,
While evening pours its silent dew
And sunshine gilds the morning.

သင့်​အတွက်​စိတ်​ပျက်​စရာမရှိသင့်​ဘူး
ညကြယ်​​တွေ​တောက်​​လောင်​​နေစဉ်​မှာ
ည​နေက သူ့ရဲ့တိတ်​ဆိတ်​နှင်းမှုန်​​တွေကျဲချစဉ်​မှာ
ပြီး​တော့ ​နေ​ရောင်​ကမနက်​ခင်းဆီတိုးဝင်​​နေစဉ်​မှာ

There should be no despair - though tears
May flow down like a river:
Are not the best beloved of years
Around your heart forever?

မျက်​ရည်​​တွေမြစ်​လိုစီးဆင်းရ​ပေမယ့်
သင့်​အတွက်​အားငယ်​စရာ​တွေမရှိသင့်​ဘူး
နှစ်​များစွာရဲ့အ​ကောင်းဆုံးချစ်​သူ
သင့်​နှလုံးသားမှာထာဝရရစ်​ဝဲမ​နေဘူးလား

They weep - you weep - it must be so;
Winds sigh as you are sighing,
And Winter sheds his grief in snow
Where Autumn's leaves are lying:

သူတို့ငို​ကြွေးကြသလိုသင်​လည်းငို​ကြွေးရတယ်
သင်​သက်​ပြင်းချသလို​လေ​တွေသက်​ပြင်းချတယ်
ဆောင်းရာသီကနှင်းထဲမှာသူ့​သောကကိုကျပြတယ်
ရာသီဦးရဲ့ရွက်​​ကြွေ​တွေ
လဲ​လျောင်းရာ​နေရာမှာ​ပေါ့ ကွယ်​......

Yet these revive, and from their fate
Your fate cannot be parted,
Then journey on, if not elate,
Still, never broken-hearted!

ဒါ​ပေမယ့်​ ဒါ​တွေကသူတို့ရဲ့ကံတရား​တွေက​နေ
ပြန်​လည်​လန်းဆန်းနိုးထကြသလို
သင့်​ရဲ့ ကံကြမ္မာကို ပိုင်းခြားလို့မရဘူး
ဒါ​ကြောင့်​မို့ ခရီးဆက်​ပါ
စိတ်​အားမတတ်​​သေးရင်​ ငြိမ်​သက်​​နေပါ
ဘယ်​​တော့မှ အသည်းမကွဲလိုက်​ပါနဲ့ ........။

Emily Bronte ၏ ကဗျာကို ချစ်​သက်​ဝင်​သည်​။

Tuesday, May 26, 2015

To the moon

To The Moon
လမင်းသို့
~~~~~~~~~

Art thou pale for weariness
Of climbing heaven
and gazing on the earth,

ကောင်းကင်းကင်​ဘုံစခန်း
သင်​တတ်​လှမ်းရင်း
တမ်းတမ်းတတ
ကမ္ဘာ့အလှကို
ငေးရ​မောရ
သင်​ အားကျရင်း
နွမ်းလျ​နေတဲ့ အို.....လမင်း...။

Wandering companionless
Among the stars
that have a different birth, --

ဇစ်​မြစ်​မသိ
မွေးလာသည့်​ကြယ်
ထောင်​​သောင်းအလယ်​မှာ
တင့်​တယ်​ခန့်​ညား
ဟို ဒီ သွားရင်း
စိတ်​အားငယ်​သလား အို..လမင်း....။

And ever changing,
like a joyless eye
That finds no object worth its constancy?

အများအမြင်​မှာ
ခမ်းနားပါလည်း
သင်​ဟာ အမြဲ
မျက်​ဝန်းထဲမှာ
ကြေကွဲ ထီးကျန်
အလွမ်းဒဏ်​ပိ
နှိုင်းစရာရှိဘူး
ပိရိ​ပြောင်းလဲ အို....လမင်း..။

Percy Bysshe Shelley ၏ ကဗျာကို ပုဆိုးဝတ်​​ပေးသည်​။

Sunday, May 24, 2015

ဆန္ဒ တစ်​စုံတစ်​ရာ

ဆန္ဒ တစ်​စုံတစ်​ရာ
.....................

ကျည်​ဆံ ပျံဝဲ၊ ရပ်​စဲခဲ့ပြီ
စစ်​ပွဲ ရန်​စ၊ နားခဲ့ကြပြီ
လှပ​နေခြည်​၊ ​လေပြည်​​နော့​နော့
ကောင်းကင်​ ​မော့​သော်​၊ ရင်​​ကော့ချိုးငှက်​ပြန်​ခဲ့ပြီ.......

ငြိမ်းချမ်း​ရေးပန်း၊ လူတိုင်းနမ်းခွင့်
လန်းဆန်း​ပျော်​ရွှင်​၊ ပညာသင်​ခွင့်
ချစ်​ကြင်​ကြည်​နူး၊ ​မေတ္တာဖူးခွင့်
ထူးထူးခြားခြား ရခဲ့ပြီ...........

ပန်းရိုင်း​ထွေ​​ထွေ၊ ပွင့်​​ဝေ ​စေ၍
နွေ ​နွေ မိုး မိုး၊ အလှတိုး​စေ
မြတ်​နိုးစမ်းပါ၊ ကိုယ်​​မြေယာနှင့်
နေလာအတူ၊ မြန်​မာလူကို
ကြည်​ဖြူအစဉ်​၊ ​မေတ္တာယှဉ်​​က
အစဉ်​ငြိမ်းချမ်း​နေလိမ့်​မည်​......

Saturday, May 23, 2015

နောက်​ခံတီးလုံး

နောက်​ခံတီးလုံး
..................

သူ့ကိုချစ်​တဲ့စိတ်​နဲ့
လောကဓံကို လက်​ခ​မောင်းခတ်​ခဲ့ပြခဲ့တယ်

နှလုံး​ရောဂါရှိတဲ့အ​မေနဲ့
နေရင်းထိုင်​ရင်းမာန်​တတ်​​နေတဲ့ချစ်​သူကြားမှာ
ငါ......
ချဉ်​​ပေါင်းပဲစား​နေလိုက်​တယ်

မောင်​​ရေ...
စ​နေ​နေ့​တွေကိုဒရွတ်​တိုက်​ဆွဲ
ကျွန်​မကို ဧဒင်​ဥယျာဉ်​ထဲ​ခေါ်သွားပါ​နော်​..

Wednesday, May 20, 2015

Music

Music, When Soft Voices Die
သာယာတဲ့အသံ​တွေ​သေဆုံး​သောအခါ ဂီတသည်​...
~~~~~~~~~~~~~~~~~~~~~~~~

Music, when soft voices die,
Vibrates in the memory --
Odours, when sweet violets sicken,
Live within the sense they quicken.

ငြိမ့်​​ညောင်းတဲ့အသံ​တွေ​ပျောက်​သွားတဲ့အခါ
ဂီတဟာ မှတ်​ဥာဏ်​​တွေထဲမှာ တုန်​ခါ​နေမယ်
မွှေးပျံ့တဲ့ခရမ်းပြာပန်း​တွေ ဖျားနာတဲ့အခါ
ရနံ့ဟာ သူတို့နှိုးဆွနိုင်​တဲ့ အာရုံထဲမှာ​ရောက်​​နေမယ်

Rose leaves, when the rose is dead,
Are heaped for the beloved's bed;
And so thy thoughts, when thou art gone,
Love itself shall slumber on.

နှင်းဆီပန်း​​လေးနွမ်း​ခြောက်​သွားတဲ့အခါ
နှင်းဆီရွက်​​တွေဟာ ချစ်​သူရဲ့အိပ်​ယာဖြစ်​ဖို့ကြွေကျမယ်
ဒီ​လိုပါပဲ........
သင်​ ကွယ်​လွန်​​သေဆုံးတဲ့အခါ
သင့်​ရဲ့ အ​တွေး​တွေနဲ့ အချစ်​​တွေကိုယ်​တိုင်
ထာဝရအိပ်​စက်​သွားကြလိမ့်​မယ်​.......

Percy Bysshe Shelley ၏ ကဗျာကို အ​တွေးဖြာသည်​။

Tuesday, May 19, 2015

လယ်​သမားညည်းချင်း

လယ်​သမားညည်းချင်း
~~~~~~~~~~

မိုးတစိုစို
ပိုတလွမ်းလွမ်း
ပန်းတ​ဝေ​ဝေ
ရေတရွှဲရွှဲ
ဖဲတရိုက်​ရိုက်
ခိုက်​တတုန်​တုန်
အုံတအင်​အင်
ပင်​တပန်းပန်း
နှမ်းတမြုပ်​မြုပ်
ကျုပ်​တမွဲမွဲ..........။

Wednesday, January 7, 2015

မာနစိတ်​ကူး

စိတ်ကူးမာန
A Conceit

ငါ့ကို ကူညီ​ပေးပါ
ကဗျာနယ်​ပယ်​ရဲ့ လွန်​​မြောက်​ရာ
သင့်​ရဲ့ ဦး​ဆောင်​မှု​နောက်​မှာ
ငါ့အတွက်​ ​နေရာတစ်​​နေရာ
ချန်​ထား​ပေးပါ ချစ်​​မေတ္တာ

Give me your hand
Make room for me
to lead and follow
you
beyond this rage of poetry.

ပျောက်​ဆုံးသွားကြတဲ့ ကြင်​နာမှု​တွေ
စကားလုံးရဲ့ ​စေစားရာ အရိပ်​​တွေ
သူတို့ သီးခြား ပိုင်​ဆိုင်​ကြပါ​စေ

Let others have
the privacy of
touching words
and love of loss
of love.

ငါအတွက်​​တော့
သမုဒယကို မြင်​​တွေ့ခွင့်​​ပေးပါ
အို.....ချစ်​သူ

For me
Give me your hand.

Maya Angelou ၏ ကဗျာကို ဖျက်​ဆီးသည်

Sunday, January 4, 2015

ပါ​တော်​မူ​နေ့

ပါ​တော်​မူ​နေ့
..................
၁၈၈၅ မှာ
သီ​ပေါဘုရင်​ပါ​တော်​မူခဲ့တယ်

မြန်​မာပြည်​ထဲက ရတနာ​တွေ
ရွှေ ​ရေနံ ​ကျောက်​သံ အစ
အခု ​ကြေးနီ ဓာတ်​​ငွေ့ လျှပ်​စစ်​အဆုံး
အားလုံးပါ​တော်​မူခဲ့ပြီ

မြန်​မာမိန်းက​လေး​တွေ
အိမ်​​စေလုပ်​ဖို့ ပါသွားပြီ

မြန်​မာလူငယ်​​လေး​တွေ
အိမ်​သာ​ဆေး စားပွဲထိုးဖို့ ပါသွားကြပြီ

နေ့တိုင်းဟာပါ​တော်​မူ​နေ့ဖြစ်​ခဲ့တယ်

ပါချင်​တာပါပါ​စေ
လူမျိုးမ​ပျောက်​​စေနဲ့
စာ​ပေမကွယ်​​စေနဲ့
ဂီတယဉ်​​ကျေးမှုမလု​စေနဲ့
ထေရဝါဒမဆုံးရှုံး​စေနဲ့

သတိထား​နေပါ
သတိထား​နေပါ
သတိထား​နေပါ

Thursday, January 1, 2015

နေရာ

နေရာ

မိဘရင်ခွင်
ခိုဝင်ရိုးသား
လူလားမြောက်သော်

မိန်းမနဲ့နေ
လောဘတွေပိ
သေတဲ့အထိ

သတိ​ပေးစကား

သတိပေးစကား

လူ့ဘ၀ internet ထဲမှာ
လောဘကိုdeleteလုပ်ပါ
ဒေါသကိုdeleteလုပ်ပါ
အချစ်ကိုdownloadလုပ်ပါ
ကိုယ်ကျင့်တရားကို
wallpaperတင်ပါ
ပညာကိုwww.edu:မှာရှာပါ
ရယ်မောစရာတွေကို
galleryထဲမှာထည့်ပါ
ဥစ္စာဓနကိုinviteလုပ်ပါ

ဘာတွေဘယ်လိုလုပ်ခဲ့လုပ်ခဲ့
နောက်ဆုံးအချိန်မှာ
မေတ္တာတရားဆီကိုတော့
exist ပြန်လုပ်ဖို့မမေ့ပါနဲ့

Opening

sea game opening ceremony

မြန်မာကွလို့
ကမ္ဘ္ဘ္ဘ္ဘ္ဘာက သိစေတဲ့ပွဲ

သမိုင်းအသစ်မှာ
နှိုင်းချစ်စရာမရှိတဲ့ပွဲ

စည်းလုံးမှုအလင်္ကာ
ဘ၀င်မှာ ငြိစေတဲ့ပွဲ

Clean green friendship
မနွမ်းညစ်စေတဲ့ပွဲ

ဇော်ဝင်းထွဋ် ရဲ့ ပုဂံသီချင်း
ထေရ၀ါဒလင်းစေတဲ့ပွဲ

ဂုဏ်ယူမှုပီတိတွေ
ဆီထိစေတဲ့ပွဲ

ASEAN အလှကို
ကြာရှည်ရန်ပြတဲ့ပွဲ

ရင်ထဲကျေနပ်နေမယ့်ပွဲ
အစဉ်အမြဲအမွေဆပ်စေမယ့်ပွဲ
သင်လည်းရွှေမက်စေတဲ့ပွဲ

Tuesday, December 30, 2014

သင့်​​နေရာ

သင်္ချိုင်း
.........

တိတ်​ဆိတ်​ခြင်းက ငါ့ရဲ့​မွေးရာပါအမာရွတ်​လား
အမျှ​ဝေသံ​တွေကြားမှာ ယဉ်​​ကျေးခဲ့တာကြာပြီ
လူ​တွေဆီက ​ကြောက်​ရွံ့ခြင်းအရိပ်​​တွေ စိုးမိုး
ကျေးဇူးပြုပြီးငါ့ကိုမျက်​မုန်းမကျိုးကြပါနဲ့

သင်​တို့ ဦးတိုက်​ရမယ့်​​နေရာက ငါရင်​ခွင်
သင်​တို့ ခံလှုံရမယ့်​ ရင်​ခွင်​က ငါ့​မေတ္တာ
သင်​တို့ ပို့သရမယ့်​​မေတ္တာက ငါ့ဂရုဏာ
ဟန်​​ဆောင်​ငို​ကြွေးသံ​တွေသာငါ့​ခေါင်း​ပေါ်ရွှဲရွှဲစို

ငါက
အဆင့်​အတန်းမခွဲခဲ့ဘူး ဘတ်​မလိုက်​ခဲ့ဘူး
မက်​​မောစရာမရှိခဲ့ဘူး မာန်​တတ်​စရာမလိုဘူး

ငါဆီမှာ
ဒီမိုက​ရေစီ ပြည့်​ဝတယ် တရားမျှတမှု စံပြဖြစ်​တယ်
ငြိမ်း​အေးမှု ရသကြွယ်​တယ် 
လောဘမရှိ သောကနတ္ထိ
သင်​သိချင်​ရင်​......
လာခဲ့​လေ.........

မ​မေ့ရက်​ဘူး

မမေ့ရက်ဘူးအချစ်ဦးရေ
-----------------------
တောင်ပြာတွေငို
ချယ်ရီငိုပြီ
ရင်ကို ထိခတ်
မျက်ဝန်းနက်ကြောင့်
သွေးပျက် မောလျ
အလွမ်းညတွေ
ငါ့ကို နှိက်စက်ကြာခဲ့ပြီ။     ။

မေ့ဖို့ကြိုးစား
မေ့နိုင်အားမရှိ
သူ၏ အပြုံး
နှင်းတွေရှုံးလောက်
အမုန်းနောက်ထပ်
ငါ့ကို ဆက်ခဲ့
အရက် ခေါင်ရည် အဖော်ဖြစ်ပြီ။   ။

ကြာခဲ့ပါပြီ
ကြာခဲ့ပြီလည်း
ဟိုဆီ ငေးမော
ပြန်၍ပြောလျှင်
ရင်မှာ နွမ်းလျ
ချစ်ခဲ့သမျှတွေ
ကာရာအိုကေ
ကြိတ်ရယ်နေလိမ့်
နန်းရေ   မှတ်မိသေးရဲ့လား။     ။
                 နေမျိုးအောင် သို့

ဘဝအမြတ်

ဘဝအမြတ်
--------------
ဘဝခရီးလမ်း
လျှောက်လှမ်းဖို့ရွေးတဲ့အခါ
ငါ့ အသွေးအသားထဲမှာ တောင့်တ
"ကျောင်းဆရာဘဝ....."တဲ့

အမေနဲ့အဖေကရယ်မော
သူငယ်ချင်းတွေကသဘောမကျ
ခပ်မာမာပြောကြတာ
"မင်းမို့လို့ကွာ...."တဲ့

ဘယ်သူတွေဘာပြောပြော
ကျောင်းဆရာရဲ့သဘောက
ရရှိတဲ့ ပညာအမြတ်
ဒါနအမြတ် သီလအမြတ်
သံသရာအမြတ် ပီတိအမြတ်
ငါ အရမ်းကျေနပ်မိတယ်

တပည့်တွေရဲ့အနာဂတ်အတွက်
ငါတကယ်ပေးဆပ်ကြည်နူး
အတ္တမဲ့ဥယျာဉ်မှူးဖြစ်ပါရစေ

မရှိ​သောရှိခြင်း

မရှိသောရှိခြင်းနှင့်ရှိသောမရှိခြင်း
----------------------------------------
ဒီနေရာမှာ
လူဖန်တီးတဲ့အံ့မခန်းတွေမရှိဘူး
စပယ်ပန်းတွေဖွေးဖွေးလှုပ်ပွင့်တယ်
တောပန်းလေးတွေရှက်ကိုးရှက်ကန်းလှတယ်
ဖုန်ထူပေမယ့်လတ်ဆတ်တဲ့လေရှိတယ်
ဇာတိရွာကို မမေ့နဲ့သူငယ်ချင်း

ဒီနေရာမှာ
မိုးမျှော်တိုက်ကြီးတွေမရှိဘူး
အနေဆင်းရဲပေမယ့်
စိတ်မဆင်းရဲတဲ့လူတွေရှိတယ်
လောကကိုအကောင်းမြင်တဲ့လူတွေရှိတယ်
ပဲလှော်နံ့တွေလွှမ်းခြုံနေတယ်
ရှောက်လုံးယိုအရသာလွင့်ပျံနေတယ်
စဥ့်ကိုင်မြို့ကို သတိရပါသူငယ်ချင်း

ဒီနေရာမှာ
ကြောက်စရာတိုးတတ်မှုတွေမရှိဘူး
ရှည်ကြာတဲ့သမိုင်းရှိတယ်
ခိုင်မာတဲ့စာပေရှိတယ်
သိမ်မွေ့တဲ့ယဉ်ကျေးမှုရှိတယ်
ပြောင်မြောက်တဲ့အနုပညာရှိတယ်
မြင့်မြတ်တဲ့သာသနာရှိတယ်
မန္တလေးကို တမ်းတပါသူငယ်ချင်း

ဒီနေရာမှာ
ကမ္ဘာကိုယှဉ်နိုင်တဲ့စီးပွားရေးမရှိဘူး
နည်းပညာအဆန်းတွေမရှိဘူး
တိုးတတ်မှုအတုတွေမရှိဘူး
ရာဇဝင်ထဲကဧရာဝတီရှိတယ်
စည်လုံးမှုသင်္ကေတချင်းတောင်တန်းတွေရှိတယ်
လှပခြင်းဥပမာငပလီချောင်းသာရှိတယ်
ကြီမြတ်ခြင်းပြယုဒ်ပုဂံရှိတယ်
ရိုးသားမှုတွေရှိတယ်
မေတ္တာတရားတွေရှိတယ်
ချမ်းသာခြင်းအစစ်အမှန်ကိုပေးနိုင်တဲ့
တရားဓမ္မစစ်စစ်တွေရှိတယ်
မြန်မာပြည်ကို လွမ်းလိုက်ပါ သူငယ်ချင်း

မင်းသိထားတဲ့အတတ်ပညာ
မြန်မာပြည်မှာ.........................ပျံ့ပါစေ
မင်းရှိထားတဲ့ဂရုဏာ
မြန်မာပြည်မှာ..........................နှံ့ပါစေ

                             To .....Kyaw San Oo

လက်​​တွေ့

လက်တွေ့ပြပါကိုမျိုးချစ်
----------------------------------
လွမ်းသူပန်းခွေပို့ပါ
ပိုအရေးကြီးတာက
ဗိုလ်ချုပ်လိုရိုးသားပါ

အာဇာနည်နေ့ကိုဂုဏ်ပြုပါ
ပိုအရေးကြီးတာက
ဗိုလ်ချုပ်လိုသတ္တိရှိပါ

ဝမ်းနည်းခြင်းအထိမ်းအမှတ်လုပ်ပါ
ပိုအရေးကြီးတာက
ဗိုလ်ချုပ်စကားကိုလိုက်နာပါ

္နနိုင်ငံတော်သီချင်းဆိုပါ
ပိုအရေးကြီးတာက
ဗိုလ်ချုပ်လိုအလုပ်လုပ်ပါ

၁၉ ဇူလိုင်ကိုအသည်းစွဲပါ
ပိုအရေးကြီးတာက
ဗိုလ်ချုပ်လိုစွန့်လွှတ်ပါ

လျှာသမာတည်အောင်တတ်ခေါက်ပါ
ပိုအရေးကြီးတာက
ဗိုလ်ချုပ်လိုကိုယ်ချင်းစာပါ

ဒီကဗျာကိုပြီးအောင်ဖတ်ပါ
ပိုအရေးကြီးတာက
အသံကောင်းမဟစ်ပါနဲ့