Thursday, June 18, 2015

နေရာတစ်​ခု၏ပြဿဒါး

နေရာတစ်​ခု၏ပြဿဒါး
~~~~~~~~~~~~

မြေပြန့်​မှာ
ခြေဆန့်​တာငြီး​ငွေ့
ပျော်​ရွှင်​စရာ​တွေ့ရနိုးနဲ့
တောင်​ရိုးဆီတတ်​ခဲ့တယ်​.....

ဆူးလွှမ်းကြမ်းရှ
သားရဲဆိုး​တွေရင်​ဆိုင်​ရ​ပေမယ့်
ရောက်​ရမယ့်​​တောင်​ထိပ်​ကိုတမ်းတ
စိတ်​ကူးယဉ်​ပြီးကြည်​နူးခဲ့ရတယ်​........

အချိန်​များစွာစ​တေး
သိက္ခာ ​ငွေ​ကြေး​တွေ အပွန်းခံ
ထိပ်​ဆုံး​နေရာမှာ စံ​နေရပြီ.......

မ​နေ့က
လမ်း​လျှောက်​ထွက်​ခဲ့ခဏ
အာရုံငါးလီနွမ်းလျချိန်​မှာ
အမှတ်​မထင်​မြင်​လိုက်​ရတာ
အိုး......
သိပ်​လှတဲ့​မြေပြန့်​ပါလားကွယ်​........

No comments:

Post a Comment