Saturday, June 27, 2015

အချိန်​ကပြတဲ့တရား

အချိန်ကပြတဲ့တရား
~~~~~~~~~~~~~

ဆင်းဆင်းရဲရဲနဲ့
ဘဝကိုဖြတ်သန်းခဲ့ချိန်တွေမှာ
လောကကြီးကို စိတ်နာတတ်ခဲ့တယ်

အခုတော့
အဲဒီအကြောင်းတွေပြန်ပြောရတာ
အရသာရှိလိုက်တာ
ကံကြမ္မာကိုတောင် ကျေးဇူးတင်မိတယ်

ညှိုးညှိုးငယ်ငယ်နဲ့
ချစ်သူရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရချိန်မှာ
ငွေစက္ကူတွေကို ရွံခဲ့တယ်

အခုတော့
အဲဒီကြေကွဲဇာတ်ကိုပြန်ပြောရတာ
နှလုံးသားကမာလိုက်တာ
မြှားနတ်မောင်ကိုတောင် ကျေးဇူးတင်မိတယ်

ဒါပေမယ့်ကွယ်
နောက်ထပ် လူအနှိမ်ခံရလောက်အောင်
မဆင်းရဲချင်တော့ဘူး
နောက်ထပ် နာကြည်းနာကျင်ရလောက်အောင်
အသည်းမကွဲချင်တော့ဘူး



No comments:

Post a Comment