Wednesday, June 10, 2015

အတိတ်​​နေ့များ၏ ဆူညံသံ

အတိတ်နေ့များ၏ ဆူညံသံ
........................................
ခွင့်လွှတ်ဖို့ ခွင့်တောင်းခဲ့တုန်းက
မုန်းလိုက်ဖို့ မမေးမိတာလား မေ
အဲ့ဒီလို နှင်းတွေ အလျားလိုက်ကြွေကျနေချိန်
ငါ့ကို လက်ပြသွားခဲ့တာ မေ့ပြီလား

နင့်ပါးပေါ်က မျက်ရည်စက်တွေကို ငါကြားတယ်
ငါ့ရင်ထဲက အဖြူရောင်မာနကို နင်မြင်လား
စက်ရုပ်တွေသံပတ်ပျက်သလို
ဆယ့်နှစ်ရာသီလည်း ပြိုပြီ

ဘာပဲဖြစ်ဖြစ်
မနက်ဖြန်အထိ ငါ ဆက်ချစ်မယ်

No comments:

Post a Comment