Thursday, June 25, 2015

နေခဲ့သူ

နေခဲ့သူ
~~~~~

တကယ်​​ဝေးမယ်​ဆို​တော့
စပယ်​​လေး​တွေငိုပြီခင်​........

ချစ်​လျက်​နဲ့​ဝေးဖို့ပြင်
တွေးဖို့ပင်​မရဲ ..........

မေတ္တာဓာတ်​အ​ရောင်​ပြယ်
မောင်​...ရယ်​ လို့​ခေါ်သံတိတ်​..........

လက်​ပြကာနှုတ်​မဆက်​ချင်​ဘူး
ရုတ်​တရက်​ ရင်​စူးနာကျင်​.........

အချိန်​ကြာရင်​​မေ့မှာတဲ့လား
မလိမ်​ညာချင်​​ မျက်​နှာလွှဲသွား........

ဂုဏ်​ဓနမကြွယ်​သူမို့
သုညရယ်​ကိုယ့်​အ​ဖော်​​ပေါ့........

မစွန့်​လွှတ်​ချင်​ဘဲ​ဝေးရသတဲ့
ဆွေးရမယ့်​ည​တွေမ​မျှော်​လိုပါ.......

ဪ ...ကိုယ်​ဟာ အညတြသမား
ဘဝအလှများမကြုံဖူးသူပါ.......

No comments:

Post a Comment