Wednesday, June 10, 2015

အပယ်​ခံမိုး

အပါယ်ခံမိုး
................
တစ်ခါသုံးစက္ကူတစ်ရွက်လို
အချစ်က ပြဿဒါးထဲရောက်နေသလား
ငါ့ရုပ်ငါရည်နဲ့
လွဲနေတဲ့မုသားတွေအသစ်အသစ်
မှင်နီခြစ်တွေလည်း ကုန်ပြီ......

ကိုယ့်ကိုယ်ကိုယ်ဘယ်လောက်နုတယ်ထင်ထင်
ပြက္ခဒိန်လေးဆယ်ရောက်ဖို့ ပြင်ပြီ
အမေကိုချစ်တဲ့သားကြီးလား
အချစ်ကိုမေ့တဲ့လူကြီးလား
ဖွင်ဆိုချက်တွေကို တံခါးပိတ်ထားပါ.....

သီတင်းကျွတ်တိုင်းအမေးခံရလွန်းလို့
နးစည်မှာ သမာတည်ပြီ
အဖြေမရှိတဲ့ ပုစ္ဆာတစ်ခုအတွက်
သုညကိုအထပ်ထပ်ဆေးကြော
ရင်မောလှပြီ လောကရေ......

ဦးအောင်ကျော်မိုး
ဦးအောင်မိုးသိန်း
ဦးကျော်မိုးသူ စသော ဝါရင့်လူပျိုကြီးများ

No comments:

Post a Comment