Thursday, June 11, 2015

ကျွန်​​တော်​တို့ငယ်​ငယ်​က

ကျွန်​​တော်​တို့ ငယ်​ငယ်​က
~~~~~~~~~~~~~

ကျွန်​​တော်​တို့ငယ်​ငယ်​က
ရွာရဲ့​တောင်​ဘက်​မှာ
တောပန်း​လေး​တွေ ​မွှေးပျံ့ တယ်
ဂျုံခင်း​တွေစိမ်းစိုတယ်
ကျေးငှက်​​တွေအသံသာတယ်
ရှုရတဲ့​လေ လတ်​ဆတ်​တယ်
မာလကာသီး​တွေ​ပေါတယ်
သ​ပြေသီး​တွေပြွတ်​တယ်

ကျွန်​​တော်​တို့ငယ်​ငယ်​က
ရွာရဲ့​မြောက်​ဘက်​မှာ
စပါးပင်​​တွေယိမ်းနွဲ့တယ်
သရက်​​တောကြီး​တွေအုံ့ဆိုင်းတယ်
ဖား​တွေ​အော်​ပြီး ငါး​တွေ​ပျော်​ကြတယ်
ချောင်း​ရေစီးတာကြည်​လင်​တယ်
မြစ်​​ရေခရီးဟာပီပြင်​တယ်

ကျွန်​​တော်​တို့ငယ်​ငယ်​က
ဟင်းချက်​စရာ​တွေမဝယ်​ရဘူး
ကန်​စွန်းရွက်​​တွေ အလျှံပယ်
မန်​ကျည်းရွက်​​တွေ နုအိတယ်
ဂွေး​တောက်​နွယ်​​တွေ သွယ်​ယှက်​တယ်
ကင်းပုံသီး​တွေအုပ်​စုဖွဲ့တယ်
ခဝဲသီး​တွေ မိုး​မျှော်​တယ်
ဥသျှစ်​ရွက်​​တွေ​ ​မွှေးကြူတယ်

ကျွန်​​တော်​တို့ငယ်​ငယ်​က
ကျွန်​​တော်​တို့ သူငယ်​ချင်း​တွေ
ဂျင်​​ပေါက်​တမ်းကစားကြတယ်
ကျည်းသားရိုက်​တမ်း​ဆော့တယ်
စိန်​​ပြေးတမ်း လိုက်​ကြတယ်
ညောင်​ပင်​တ​စ္ဆေ ​ဝေ​လေ​လေကြတယ်
မိုးရွာထဲ​ဘောလုံးကန်​ကြတယ်
လသာသာမှာပုံ​ပြောတမ်းပြိုင်​ကြတယ်

ကျွန်​​တော်​တို့ငယ်​ငယ်​က
မလိုအပ်​တာ​တွေမရှိ​သေးဘူး
Nivea မ​ပေါ်​သေးဘူး
Dr Martin ​ရောက်​မလာ​သေးဘူး
Vivo, Oppo, Honor မ​မွေး​သေးဘူး
Step, True, Just မထွက်​​သေးဘူး
AIDS ,Cancer, ​ခေတ်​မစား​သေးဘူး
ကိုရီးယားကား​တွေ မ​ပေါက်​​သေးဘူး
Hip-Hop သီချင်း​တွေ အရွယ်​မ​ရောက်​​သေးဘူး

ကျွန်​​တော်​တို့ငယ်​ငယ်​က
လူငယ်​​တွေ ယဉ်​​ကျေးလိမ္မာကြတယ်
အရက်​​သေစာကို ​ကြောက်​ကြတယ်
လောင်းကစားကို ​ရှောင်​ကြဉ်​ကြတယ်
၁၆ နှစ်​နဲ့ ရည်းစားမထားဘူး
အပျို​လေး​တွေ အိမ်​ပြင်​ထွက်​ခဲကြတယ်
မိဘဆရာသမားကို ချစ်​​ကြောက်​ရို​သေကြတယ်
ဆိုဆုံးမလွယ်​ နာခံလွယ်​ကြတယ်

ကျွန်​​တော်​တို့ငယ်​ငယ်​က
နွားလှည်းစီးရတာကို ​ပျော်​ကြတယ်
ထမနဲထိုးကြတာကို စည်းလုံးကြတယ်
အလှူဝတ်​လှည့်​တာကို ရင်​ခုန်​ကြတယ်
ဇာတ်​ပွဲကြည့်​ဖို့ ​နေရာလုကြတယ်
ဘုန်းကြီး ပျံပွဲမှာ အငိုပြိုင်​ကြတယ်
မင်္ဂလာ​ဆောင်​မှာ ဓာတ်​ပုံလုရိုက်​ကြတယ်

ကျွန်​​တော်​တို့ငယ်​ငယ်​က
တောသူမ​လေး​တွေ ပန်းပန်​ကြတယ်
ရွာဦး​ကျောင်းမှာ ခ​ရေပန်း​ကောက်​ကြတယ်
ဆရာ​တော်​ဘုရား​ခြေရင်းမှာ ပါဠိသင်​ကြတယ်
ရွာလူကြီး​တွေ ညအခါ စကားဝိုင်းဖွဲ့ကြတယ်
ပိ​တောက်​ပန်းနဲ့ သိမ်​​မွေ့စွာ ​ရေပတ်​ကြတယ်

ဪ....
ကျွန်​​တော်​တို့ငယ်​ငယ်​က........
လွမ်းစရာ.........................။

No comments:

Post a Comment