Friday, May 29, 2015

ညောင်​ပင်​ တ​စ္ဆေကဗျာ

ညောင်​ပင်​တ​စ္ဆေကဗျာ
..............................

မကောင်းမှုသည် စိတ်ကွယ်ရာ၌ မရှိ
ပန်းတွေမသိတဲ့ ရာသီတစ်ခုမှာ ငါ သူ့ကိုချစ်ခဲ့မိ

လက်ညှိုးငေါက်ငေါက်ထိုးပြီးစကားပြောတတ်တဲ့ လူတွေမှာ
ကိုယ်ချင်းစာစိတ် ဆာလောင်နေကြသလား

လမ်းပေါ်မှာမွေးလမ်းဘေးအမှိုက်ပုံမှာဝမ်းစာရှာသူလည်း
သမ္မတကြီး ဖြစ်နိုင်တာပဲမဟုတ်​လား

ငါ တစ်ယောက်တည်းရေးတဲ့ ငါ့ကဗျာ
ငါ တစ်ယောက်သာ နားလည်တာ ဘာဖြစ်လဲ

ကမ္ဘာပျက်တဲ့အထိ ရှိနေမယ့် အနုပညာ
ငါလည်း အရိပ်ခိုပါရစေ အဝိဇ္ဇာ......

Thursday, May 28, 2015

Remembrance

Remembrance
လွမ်း​မောတမ်းတသတိရခြင်း
~~~~~~~~~~~~~~~~~~

Cold in the earth—and the deep snow piled above thee,
Far, far removed, cold in the dreary grave!
Have I forgot, my only Love, to love thee,
Severed at last by Time's all-severing wave?

မြေကြီးထဲမှာ​အေးစက်​စက်​လဲ​လျောင်း
မင်းရဲ့အ​ပေါ်နှင်း​တွေထူထပ်​စွာစုပုံ
အ​ဝေးဆုံးဆိုတဲ့​သေခြင်းတရားဆီမှာ
ထာဝရအနားယူသွားတဲ့ချစ်​သူ​ရေ.....
ချောက်​ချားစရာ​မြေပုံထဲမှာ
မင်း ​အေးခဲစွတ်​စို​နေပါလားကွယ်
ငါ့ရဲ့တစ်​​ယောက်​တည်း​သောမိန်းက​လေး​ရေ
အချိန်​လှိုင်း​တွေကအရာရာကိုတိုက်​စား
မင်းကိုငါ ချစ်​ဖို့​မေ့​လျော့​နေပြီတဲ့လား

Now, when alone, do my thoughts no longer hover
Over the mountains, on that northern shore,
Resting their wings where heath and fern-leaves cover
That noble heart for ever, ever more?

အခုလိုငါတစ်​ကိုယ်​တည်းရှိ​နေချိန်​မှာ
အ​နောက်​ဖက်​ပင်​လယ်​ကမ်း​ပေါ်က
တောင်​တန်း​တွေ​ပေါ်မှာ ငါ့စိတ်​ဟာ
ဝေ့ဝဲရစ်​သီ မပျံသန်းနိုင်​​တော့ပြီ ချစ်​သူ
မြက်​ရိုင်းပင်​​တွေ ဍရင်​​ကောက်​ပင်​​တွေ
သိပ်​သိပ်​သည်းသည်းဖုံးကွယ်​ထားတဲ့
မင်းရဲ့ ရင်​ခွင်​ရှိရာ​ဟော့ဒီ​နေရာမှာပဲ
ငါ့စိတ်​​တွေ တရစ်​ဝဲဝဲ
ထာဝရအမြဲရှိ​နေပါလား ချစ်​သူရယ်​...။

Cold in the earth, and fifteen wild Decembers
From those brown hills have melted into spring:
Faithful indeed is the spirit that remembers
After such years of change and suffering!

မြေကြီးထဲမှာ ​အေးစက်​​နေမှာပဲ​နော်
ကြမ်းရှတဲ့ဒီဇင်​ဘာ​ပေါင်း ဆယ့်​ငါးကြိမ်​ဟာ
ဟိုး ​တောင်​ညိုညို​တွေဆီက​နေ
နွေဦးရာသီ​တွေဆီ အရည်​​ပျော်​ခဲ့ပြီပဲ
သတိရ​နေ​သေးတဲ့စိတ်​ဝိဥာဉ်​ဟာ
တကယ်​ပဲ သစ္စာကြီးလွန်းပါလား
ဒီလို​ပြောင်းလဲခြင်းနဲ့ခံစားမှု​ဝေဒနာရဲ့
နှစ်​များစွာကြာခဲ့တာ​တောင်​မှ​လေ....။

Sweet Love of youth, forgive if I forget thee,
While the world's tide is bearing me along:
Sterner desires and other hopes beset me,
Hopes which obscure, but cannot do thee wrong!

ငါ့ရဲ့ ငယ်​ချစ်​ဦး​လေး​ရေ....
လောကဓံဒီ​ရေ​တွေငါ့ကိုရိုက်​ခတ်​လို့
ငါ​မျောပါသွားခဲ့ရရင်
မင်းကို ငါ ​မေ့သွားခဲ့မိတဲ့အခါ
ငါ့ကို ခွင့်​လွှတ်​ပါ​နော်
မညှာမတာ ငါ့စိတ်​ကို ငါအကျဉ်းချ
အခြားအခြားတပ်​မက်​စရာ​တွေက
ငါ့ဘဝကို ခြယ်​လှယ်​တိုက်​စား
သို့​ပေမယ့်
မင်းအ​ပေါ်ထားတဲ့ငါ့ရဲ့​မျှော်​လင့်​ခြင်းများက
ငါ့ကို အမှားမရှိ စိုးမိုးထားဆဲ​လေ....။

No later light has lightened up my heaven;
No second morn has ever shone for me:
All my life's bliss from thy dear life was given,
All my life's bliss is in the grave with thee.

နောက်​ထပ်​​ရောက်​လာတဲ့ည​တွေမှာ
ငါ့ရဲ့ ​ကောင်းကင်​ဟာ​မှောင်​အတိကျမြဲ
အခြား​သော​နေမင်းကလည်း
အလင်း​ရောင်​မ​ပေးခဲ့ဘူး ချစ်​သူ​ရေ
ဘယ်​ကြယ်​ဘယ်​ဂြိုလ်​ကမှ
ငါ့ဘဝကို အလင်းပွင့်​မပြခဲ့ကြဘူး
ငါပိုင်​သမျှ သုခချမ်းသာပီတိအဖြာဖြာဟာ
မင်းဆီက ရခဲ့တာပါ ချစ်​သူ​ရေ....
အခု​တော့ အားလုံးဟာ
မင်းရဲ့​မြေပုံတွင်းထဲမှာ
အပြီးအပိုင်​ ပါသွားခဲ့ပါလားကွယ်​...။

But when the days of golden dreams had perished,
And even Despair was powerless to destroy,
Then did I learn how existence could be cherished,
Strengthened, and fed without the aid of joy;

သို့​ပေမယ့်
ရွှေ​ရောင်​အိပ်​မက်​​တွေရဲ့​နေ့စွဲများစွာ
ပျက်​စီး ​ပျောက်​ကွယ်​သွားတဲ့အခါ
စိတ်​ကုန်​ခြင်းကိုဖျက်​ဆီးနိုင်​တဲ့သတ္တိ
ငါ့မှာလုံးဝမရှိ​တော့တဲ့​နောက်​မှာ
ကြည်​နူးခြင်းရဲ့ ရသကိုမရ​တောင်​မှ
ဘဝရဲ့ တည်​မြဲမှုကို အရှည်​တည်​ဖို့
ဘယ်​လိုဂရုထားအားဖြည့်​နိုင်​သလဲဆိုတာ
ငါ ​ကောင်း​ကောင်းသိလာခဲ့တယ်​ ချစ်​သူ..။

Then did I check the tears of useless passion,
Weaned my young soul from yearning after thine;
Sternly denied its burning wish to hasten
Down to that tomb already more than mine.

အခု​တော့လည်း
အချည်းနှီးဖြစ်​ခဲ့ရတဲ့
လိုအင်​ဆန္ဒရဲ့မျက်​ရည်​များစွာကို
ငါ မျိုသိပ်​ ထိန်းသိမ်းခဲ့ရတယ်
မင်းရဲ့ ပုံရိပ်​​တွေကိုမြင်​​ယောင်​လွမ်းတရင်း
တမ်း​မျှော်​မိခဲ့တဲ့
က​လေးဆန်​ဆန်​ငါ့နှလုံးသားရဲ့လိုချင်​မှုကို
တဖြည်းဖြည်း နိဂုံးချုပ်​​ပေးလိုက်​ရပြီ....
မင်းလဲ​လျောင်း​နေတဲ့​ဟောဒီဂူထဲမှာ
မင်းနဲ့အတူတူလဲ​လျောင်းလိုတဲ့
ငါ့ဝိဥာဉ်​ရဲ့ပူဆာမှုကိုလည်း
ငါ ခပ်​ပြတ်​ပြတ်​ငြင်းခဲ့ရပြီ......။

And even yet I dare not let it languish,
Dare not indulge in Memory's rapturous pain;
Once drinking deep of that divinest anguish,
How could I seek the empty world again?

အဲဒီလိုချုပ်​တည်း​စောင့်​ထိန်းခဲ့​ပေမယ့်
ငါ့စိတ်​တန်​ခိုးကိုညှိုးနွမ်း​အောင်
မလုပ်​ရဲပြန်​ဘူး ချစ်​သူ​ရေ.. ...
သမုဒယ​ဝေဒနာရဲ့နာကျင်​မှု​ကြောင့်
ဘဝရပ်​တည်​မှုပြိုလဲ​လောက်​​အောင်
အလွမ်းရဲ့​ခေါ်​ဆောင်​ရာ​နောက်
ငါကိုယ်​တိုင်​မလိုက်​ရဲပါဘူးကွယ်
ပြီး​တော့​လေ.......
သံ​ဝေဂတရား​ရေစင်​ကိုတစ်​ဝကြီး​သောက်​ပြီး
အနတ္တ​လောကကြီးရဲ့နယ်​ပယ်​မှာ
ဘယ်​လိုခိုလှုံရာရှာရမလဲချစ်​သူရယ်​......။

Emily Bronte ၏ ကဗျာကို ခက်​ခဲပင်​ပန်းစွာ
ဦး​နောက်​စား၍ နှလုံးသား​ကျွေးရပါသည်​။

Wednesday, May 27, 2015

နောက်​ဆုံးစကား

နောက်​ဆုံးစကား
~~~~~~~~~~

အသွေးအသားထဲမှာ
နင့်ကို ချစ်တာတွေစိုးမိုး
ငါ့အနာဂတ်ကို ဆေးမထိုးပါနဲ့နော်

သံသယများစွာက
ယုံကြည်မှုကိုလျော့ကျစေတယ်လေ
နွေရာသီကို မှတ်ပုံတင်လိုက်ပါ

ပြောခွင့်မရတော့တဲ့စကားတွေ
ကြည့်ခွင့်မပိုင်တော့တဲ့အပြုံးတွေ
သစ်ပင်အောက်မှာနေရစ်ခဲ့ပါစေ

အချစ်ကြောင့် မှားခဲ့တာလား
အချစ်ကြောင့် ရဲရင့်ခဲ့တာလား
ပြက္ခဒိန်ကိုပဲ ချိတ်ထားတော့မယ်

မောင်ရေ...
နှုတ်ဆက်ခဲ့ပါတယ်နော် .....

Tuesday, May 26, 2015

To the moon

To The Moon
လမင်းသို့
~~~~~~~~~

Art thou pale for weariness
Of climbing heaven
and gazing on the earth,

ကောင်းကင်းကင်​ဘုံစခန်း
သင်​တတ်​လှမ်းရင်း
တမ်းတမ်းတတ
ကမ္ဘာ့အလှကို
ငေးရ​မောရ
သင်​ အားကျရင်း
နွမ်းလျ​နေတဲ့ အို.....လမင်း...။

Wandering companionless
Among the stars
that have a different birth, --

ဇစ်​မြစ်​မသိ
မွေးလာသည့်​ကြယ်
ထောင်​​သောင်းအလယ်​မှာ
တင့်​တယ်​ခန့်​ညား
ဟို ဒီ သွားရင်း
စိတ်​အားငယ်​သလား အို..လမင်း....။

And ever changing,
like a joyless eye
That finds no object worth its constancy?

အများအမြင်​မှာ
ခမ်းနားပါလည်း
သင်​ဟာ အမြဲ
မျက်​ဝန်းထဲမှာ
ကြေကွဲ ထီးကျန်
အလွမ်းဒဏ်​ပိ
နှိုင်းစရာရှိဘူး
ပိရိ​ပြောင်းလဲ အို....လမင်း..။

Percy Bysshe Shelley ၏ ကဗျာကို ပုဆိုးဝတ်​​ပေးသည်​။

Monday, May 25, 2015

ကြယ်​​ငေးသူ

ကြယ်​​ငေးသူ
~~~~~~~

ငယ်​ငယ်​က​တွေးခဲ့ဖူးတယ်
ကြယ်​​တွေဆီ​ရောက်​​အောင်​သွားနိုင်​ရင်
သိပ်​​ကောင်းမှာပဲ လို့......။

ကြယ်​​တွေဆီမှာ
ဘာ​တွေရှိမှန်းမသိဘူး
ဘာလုပ်​လို့ရမယ်​မသိဘူး
ရောက်​ဖူးချင်​ရုံသက်​သက်​ပါ

အခုလိုအသက်​ကြီးလာမှ
ပြန်​စဉ်းစားမိတယ်

ဘဝမှာ
အကျိုးမရှိ လုပ်​ခဲ့တဲ့အလုပ်​​တွေ
တန်းဖိုးမဲ့ ​ပြောခဲ့စကား​တွေ
အဓိပ္ပါယ်​မရှိ ငြင်းခုံခဲ့တဲ့အတ္တ​တွေ
အချိန်​ကိုစားခဲ့တဲ့ မာန​တွေ
ပြည့်​သိပ်​​နေပါလား ​မေ​မေ.....။

ခု​နေခါ
ကြယ်​​တွေဆီ​ရောက်​​အောင်​သွားနိုင်​ရင်​​တောင်
သား
မသွား​တော့ဘူး ​မေ​မေ......။

Sunday, May 24, 2015

ဆန္ဒ တစ်​စုံတစ်​ရာ

ဆန္ဒ တစ်​စုံတစ်​ရာ
.....................

ကျည်​ဆံ ပျံဝဲ၊ ရပ်​စဲခဲ့ပြီ
စစ်​ပွဲ ရန်​စ၊ နားခဲ့ကြပြီ
လှပ​နေခြည်​၊ ​လေပြည်​​နော့​နော့
ကောင်းကင်​ ​မော့​သော်​၊ ရင်​​ကော့ချိုးငှက်​ပြန်​ခဲ့ပြီ.......

ငြိမ်းချမ်း​ရေးပန်း၊ လူတိုင်းနမ်းခွင့်
လန်းဆန်း​ပျော်​ရွှင်​၊ ပညာသင်​ခွင့်
ချစ်​ကြင်​ကြည်​နူး၊ ​မေတ္တာဖူးခွင့်
ထူးထူးခြားခြား ရခဲ့ပြီ...........

ပန်းရိုင်း​ထွေ​​ထွေ၊ ပွင့်​​ဝေ ​စေ၍
နွေ ​နွေ မိုး မိုး၊ အလှတိုး​စေ
မြတ်​နိုးစမ်းပါ၊ ကိုယ်​​မြေယာနှင့်
နေလာအတူ၊ မြန်​မာလူကို
ကြည်​ဖြူအစဉ်​၊ ​မေတ္တာယှဉ်​​က
အစဉ်​ငြိမ်းချမ်း​နေလိမ့်​မည်​......

Saturday, May 23, 2015

နောက်​ခံတီးလုံး

နောက်​ခံတီးလုံး
..................

သူ့ကိုချစ်​တဲ့စိတ်​နဲ့
လောကဓံကို လက်​ခ​မောင်းခတ်​ခဲ့ပြခဲ့တယ်

နှလုံး​ရောဂါရှိတဲ့အ​မေနဲ့
နေရင်းထိုင်​ရင်းမာန်​တတ်​​နေတဲ့ချစ်​သူကြားမှာ
ငါ......
ချဉ်​​ပေါင်းပဲစား​နေလိုက်​တယ်

မောင်​​ရေ...
စ​နေ​နေ့​တွေကိုဒရွတ်​တိုက်​ဆွဲ
ကျွန်​မကို ဧဒင်​ဥယျာဉ်​ထဲ​ခေါ်သွားပါ​နော်​..

Thursday, May 21, 2015

အချိန်​စားသူ

အချိန်စားသူ
...............

မေ့ပစ်စရာအတိတ်တွေကိုပြန်အသက်သွင်း
အဲဒီညက လမင်းရဲ့ သီချင်းဆိုသံကို ကြားတယ်.

ဘာဖြစ်ဖြစ်ဆိုတဲ့စိတ်နဲ့
အပြုံးအတုတစ်ခုကို မရမကမွေးခဲ့ရတယ်

ဥယျာဉ်ထဲကပန်းကလေးတွေကိုတောထဲကရွက်ဝါတွေကလှောင်ပြောင်
ငါ့ကို တပေါင်းလ အယောင်ဆောင်ပြီး လွမ်းပြတယ်

စွန့်လွှတ်ခဲ့ရတုန်းကမသိသလိုနေခဲ့ပြီးပြီ
ဘာလို့ အခုမှ နောင်တတွေ အီနေရပါလိမ့်

သ​ဝေထိုးငဝဆွဲ

သ​ဝေထိုးငဝဆွဲ
~~~~~~~~~~~

ချစ်​သူ....
မ​တွေ့ရတာ​တောင်​အ​တော်​ကြာပြီ​နော်

ငါအခုလို ​ဘေး​ပေါက်​မရှိတဲ့အခါ
လကုန်​ရက်​မဟုတ်​တဲ့အခါ
ဆရာသမားက စိတ်​ကူး​ပေါက်​ပြီး
ဘောက်​ဆူးမ​ပေးတဲ့အခါ
နင့်​ကို သိပ်​လွမ်းတာပဲဟာ

ချစ်​သူ....
နေ​ရော​ကောင်းရဲ့လား

နင်​ အခုတ​လောအခန်း​အောင်း​နေတာ​ပေါ့
ဘဏ်​တိုက်​ထဲမှာ စလင်းဘက်​ထဲမှာ
အံဆွဲထဲမှာ ကျွတ်​ကျွတ်​အိတ်​ထဲမှာ
ဂျီး​စော်​နံအိတ်​​ထောင်​ထဲမှာ
ချွေး​စော်​နံ​ဘော်​လီအင်္ကျီထဲမှာ
မွန်းကြပ်​​နေမှာပဲ ​နော်

ချစ်​သူ.....
ငါ့ကို​ရောသတိရရဲ့လား

နင်​ကမျက်​နှာများတယ်​လို့နာမည်​ကြီးတယ်
ဒါ​ပေမယ့်​......
ဘယ်​သူကမှနင့်​ကိုမမုန်းနိုင်​ကြဘူး​လေ
တစ်​ခါတစ်​ခါ .......
နင့်​​ကြောင့်​လူ​တွေ​သွေးကွဲကြတယ်
နင့်​​ကြောင့်​လူ​တွေစည်းလုံးကြတယ်
နင့်​​ကြောင့်​ပြဿနာ​တွေဖြစ်​ကြတယ်
နင့်​​ကြောင့်​ပြဿနာ​တွေ​ပြေလည်​ကြတယ်
နင့်​​ကြောင့်​​ရောဂါ​တွေဖြစ်​ကြတယ်
နင့်​​ကြောင့်​ ​ရောဂါ​တွေ​ပျောက်​ကြတယ်
အို....နင်​က အ​ကောင်းအဆိုးနှစ်​မျိုးလုံးရဲ့
ဒုတိယဖန်​ဆင်းရှင်​​လေ.....
ဘာဖြစ်​ဖြစ်​ ငါက​တော့နင့်​ကိုဆက်​ချစ်​​နေမယ်

ချစ်​သူ....
တရား​ခွေ​ရောဖွင့်​ပြီးနာဖြစ်​ရဲ့လား

နင့်​ကိုယ်​နင်
အားငယ်​တဲ့စကား​တွေသိပ်​​ပြောတာပဲ
ဒေါ်လာနဲ့​တွေ့လို့မျက်​နှာငယ်​ရတယ်
ယွမ်​နဲ့​တွေ့လို့အနှိမ်​ခံရတယ်
ပေါင်​နဲ့ဆုံလို့ ​ခေါင်းငုံ့ခဲ့ရတယ်
ဘတ်​နဲ့​တွေ့လို့ငြူစူခံရတယ်
ဘာတတ်​နိုင်​မှာလဲဟာ
ငါတို့ကိုယ်​က မြန်​မာပြည်​မှာ​မွေးလာတာကိုး
ဒါ​ပေမယ့်​ နင်​ဘယ်​​လောက်​ပဲဆင်းရဲဆင်းရဲ
ငါ..အမြဲဆက်​ချစ်​​နေမှာပါဟာ ....

ချစ်​သူ
နင့်​ကိုယ်​နင်​ အလှ​တွေသိပ်​ပြင်​မ​နေနဲ့​နော်

ပြောမယ့်​သာ​ပြောရတာပါ
နင်​က နင့်​အလှကိုစိတ်​ပျက်​ခဲ့တာကြာပြီပဲ
နင့်​ပါးပြင်​​ပေါ်မှာ
အောင်​ဆန်းပါးကွက်​မရှိကတည်းက​လေ
ခုကျ​တော့ နင်​က
ခြ​င်္သေ့ပုံတတ်​တူး​တွေနဲ့
ဆင်​ပုံတတ်​တူး​တွေနဲ့
အရူးမလိုဖြစ်​ခဲ့တာကြာ​ပေါ့​နော်

ချစ်​သူ
ငါ နင့်​ကို အရမ်းလွမ်းတာပဲဟာ

နင်​က ​ပျော်​​ပျော်​​နေတတ်​တယ်​​နော်
၁၉၉၀ ဝန်းကျင်​တုန်းက
နင့်​ မိသားစုဝင်​ ၇၅ ရယ်​ ၉၀ ရယ်​ ၂၅ ရယ်
အပြီးအပိုင်​ထိန်းသိမ်းခံရတုန်းက
နင်​ လုံးဝအပြုံးအပြတ်​ခဲ့ဘူး​နော်
နင့်​ကို အတုခိုးသူ​တွေကိုလည်း
နင်​ အမြဲခွင့်​လွှတ်​ခဲ့တယ်​​လေ
လေးစားပါတယ်​ နင်​ရယ်​.....

ချစ်​သူ
ငါ့အနားမှာအမြဲ​နေပါ​နော်
ငါ့ကိုခွဲမသွားပါနဲ့
နင်​မရှိတဲ့ခဏမှာငါ့ရင်​​တွေဟာတာတာ
ပြီး​တော့
နင့်​မျက်​နှာ​လေးကိုငါမနမ်းရတာကြာပြီဟာ
ခက်​တာက
ငါကလည်းနင့်​ခန္ဓာကိုယ်​​ပေါ်က
ခြ​င်္သေ့ပုံတတ်​တူး​တွေကိုအ​သေမုန်းတာဟ

Wednesday, May 20, 2015

Music

Music, When Soft Voices Die
သာယာတဲ့အသံ​တွေ​သေဆုံး​သောအခါ ဂီတသည်​...
~~~~~~~~~~~~~~~~~~~~~~~~

Music, when soft voices die,
Vibrates in the memory --
Odours, when sweet violets sicken,
Live within the sense they quicken.

ငြိမ့်​​ညောင်းတဲ့အသံ​တွေ​ပျောက်​သွားတဲ့အခါ
ဂီတဟာ မှတ်​ဥာဏ်​​တွေထဲမှာ တုန်​ခါ​နေမယ်
မွှေးပျံ့တဲ့ခရမ်းပြာပန်း​တွေ ဖျားနာတဲ့အခါ
ရနံ့ဟာ သူတို့နှိုးဆွနိုင်​တဲ့ အာရုံထဲမှာ​ရောက်​​နေမယ်

Rose leaves, when the rose is dead,
Are heaped for the beloved's bed;
And so thy thoughts, when thou art gone,
Love itself shall slumber on.

နှင်းဆီပန်း​​လေးနွမ်း​ခြောက်​သွားတဲ့အခါ
နှင်းဆီရွက်​​တွေဟာ ချစ်​သူရဲ့အိပ်​ယာဖြစ်​ဖို့ကြွေကျမယ်
ဒီ​လိုပါပဲ........
သင်​ ကွယ်​လွန်​​သေဆုံးတဲ့အခါ
သင့်​ရဲ့ အ​တွေး​တွေနဲ့ အချစ်​​တွေကိုယ်​တိုင်
ထာဝရအိပ်​စက်​သွားကြလိမ့်​မယ်​.......

Percy Bysshe Shelley ၏ ကဗျာကို အ​တွေးဖြာသည်​။

Tuesday, May 19, 2015

Without You

Without You
နင်​ မရှိဘဲ
~~~~~~~~~~~

I can't win, I can't reign
I will never win this game
without you, without you

ငါ အနိုင်​မယူနိုင်​ဘူး မလွှမ်းမိုးနိုင်​ဘူး
ငါ ဒီဂိမ်းကိုဘယ်​​တော့မှမ​အောင်​နိုင်​ဘူး
နင်​ မရှိဘဲ နင်​ မပါဘဲ

I am lost, I am vain,
I will never be the same
without you, without you

ငါ ရှုံးနိမ့်​တယ်​ အချည်းနှီးဖြစ်​တယ်
ငါ ဘယ်​​တော့မှ နင်​နဲ့တူမှာမဟုတ်​ဘူး
နင်​ မပါဘဲ နင်​ မရှိဘဲ

I won't run, I won't fly
I will never make it by
without you, without you

ငါ ​ပြေးနိုင်​မှာမဟုတ်​ဘူး
ပျံသန်းနိုင်​မှာမဟုတ်​ဘူး
ငါ ဒါကိုဘယ်​​တော့မှ လုပ်​နိုင်​မှာမဟုတ်​ဘူး
နင်​ မရှိဘဲ နင်​ မပါဘဲ

I can't rest, I can't fight
All I need is you and I,
without you, without you

ငါ မနားနိုင်​ဘူး မတိုက်​ခိုက်​နိင်​ဘူး
ငါလိုအပ်​သမျှအားလုံးက နင်​နဲ့ငါ
နင်​ မပါဘဲ နင်​ မရှိဘဲ

Can't erase, so I'll take blame
But I can't accept that we're estranged
without you, without you

ငါ မဖြတ်​ပစ်​နိုင်​ဘူး
ဒါ့​ကြောင့်​ ငါ အပြစ်​ကိုခံယူမယ်
ဒါ​ပေမယ့်​ ငါတို့ကင်းကွာတာကိုလက်​မခံနိုင်​ဘူး
နင်​ မရှိဘဲ နင်​ မပါဘဲ

I can't quit now, this can't be right
I can't take one more sleepless night
without you, without you

အခု ငါ မနှုတ်​ထွက်​နိုင်​ဘူး
ဒါ မမှန်​ကန်​နိုင်​ဘူး
နောက်​ထပ်​အိပ်​ပျက်​ညတစ်​ညကို​တောင်
လက်​မခံနိုင်​ဘူး
နင်​ မပါဘဲနင် မရှိဘဲ

I won't soar, I won't climb
If you're not here, I'm paralyzed
without you, without you

ငါ ပျံတတ်​မှာမဟုတ်​ဘူး
ငါ အမြင့်​ဆီသွားမှာမဟုတ်​ဘူး
နင်​ ငါ့အနားမှာမရှိရင်​ ငါ မဝံမရဲဖြစ်​တယ်
နင်​ မရှိဘဲ နင်​ မပါဘဲ

I can't look, I'm so blind
I lost my heart, I lost my mind
without you, without you

ငါ မကြည့်​နိင်​ဘူး
ငါ အကန်းဖြစ်​လွန်းတယ်
ငါ့နှလုံးသား​ပျောက်​ဆုံးသွား
ငါ့ စိတ်​ဝိဥာဉ်​ ​ပျောက်​ဆုံးသွား
နင်​ မပါဘဲ နင်​ မရှိဘဲ

David Guetta ၏ Without You သီချင်းကို ကဗျာလုပ်​သည်​။

လယ်​သမားညည်းချင်း

လယ်​သမားညည်းချင်း
~~~~~~~~~~

မိုးတစိုစို
ပိုတလွမ်းလွမ်း
ပန်းတ​ဝေ​ဝေ
ရေတရွှဲရွှဲ
ဖဲတရိုက်​ရိုက်
ခိုက်​တတုန်​တုန်
အုံတအင်​အင်
ပင်​တပန်းပန်း
နှမ်းတမြုပ်​မြုပ်
ကျုပ်​တမွဲမွဲ..........။

Monday, May 18, 2015

The Rain

The Rain
မိုး
~~~~~~~~~

All night the sound had
come back again,
and again falls
this quite, persistent rain.

တစ်​ညလုံး
ဒီအသံ ပြန်​ပြန်​ကြားလာ
ဟော့ဒီ ငြိမ့်​ငြိမ့်​​လေးရွာမြဲမိုးက
တဖွဲဖွဲပြန်​ကျ....

What am I to myself
that must be remembered,
insisted upon
so often? Is it

ငါက​ရော
ငါ့အတိတ်​​တွေကို ပြန်​အမှတ်​ရဖို့
ငါ့ကိုယ်​ငါ အမိအရတိုက်​တွန်း​နေတာလား
မကြာခဏ များစွာ​လေ...

that never the ease,
even the hardness,
of rain falling
will have for me

ငါက
ဘယ်​တုန်းကမှ ဇိမ်​မကျခဲ့ဘူး
ကံဆိုးမမိုး​တွေသာ
ငါ့အတွက်​ အခါခါရွာသွန်း

something other than this,
something not so insistent--
am I to be locked in this
final uneasiness

ဒိထက်​ပိုဆိုးတဲ့ အခြားအရာ
ဇွတ်​တရွတ်​မဟုတ်​ဘဲ​ရောက်​လာတဲ့​လောကဓံသာ
ငါ့ကို ​ချောင်​ပိတ်​ထားတာလား
ဟောဒီ ​နောက်​ဆုံး မသက်​မသာဘဝထဲမှာ

Love, if you love me,
lie next to me.
Be for me, like rain,
the getting out

မင်းငါ့ကို ချစ်​ရင်​​ ချစ်​ပါ
ငါ့​နောက်​မှာပဲ ရပ်​တည်​ပါ
ငါ့အတွက်
အနိုင်​ပိုင်းတဲ့မိုးလို ဖြစ်​ပါ​စေ

of the tiredness, the fatuousness, the semi-
lust of intentional indifference.
Be wet
with a decent happiness.

ပင်​ပန်းမှု​တွေ​မောင်းထုတ်
ဘဝင်​မြင့်​ခြင်းတွေဖယ်​ရှား
စိတ်​ကူးထားတဲ့သာမန်​ ကိ​လေသာကို​တောင်​​ရှောင်​ကျဉ်
စစ်​မှန်​တဲ့​ပျော်​ရွှင်​မှုနဲ့သာ
အချိန်​တိုင်း စိုစွတ်​ပါ​စေ ကွယ်

Robert Creeley ၏ ကဗျာကို ပူ​ဇော်​သည်​။

Sunday, May 17, 2015

တစ်​​ယောက်​တည်း

တစ်​​ယောက်​တည်း
~~~~~~~~~~~~~~

ငါ့ကို မျက်​နှာချင်းဆိုင်​သူ​တွေကို​တောင်
ငါက
လှလှပပအရှုံး​ပေးခဲ့တယ်

တခြားစကားလုံးမရှိလို့
ဒီ အရှုံး​ပေး ဆိုတဲ့စကားကို ​ပြောတာ

ဒါ​ပေမယ့်
ငါက ​လောကကိုမီးမရှို့ဘူး
လူ​တွေကို ဒုက္ခမ​ပေးဘူး
ယုတ်​စွအဆုံး
ဈေးဝယ်​တာ​တောင်​​ဈေးမဆစ်​ဘူး

ဘယ်​တုန်းကမှ
ငါက
သူတစ်​ပါး​ခြေဖျား​ပေါ်
ခွေပြီးမအိပ်​ခဲ့ဘူး

ငါချစ်​တဲ့အနုပညာကို
ငါခံစားတတ်​သလို ပုံ​ဖော်​မယ်
အားလုံးနားလည်​​အောင်​​ပြော​နေရရင်
စေတသိတ်​​တွေ အင်​ ဖြစ်​ကုန်​မှာ​ပေါ့

ငါက
ဦးသန်း​ရွှေ လို့​ပြောလိုက်​တာနဲ့
ဗိုလ်​ချုပ်​မှုးကြီး လို့ထင်​ကတည်းက
ငါ့စကားကို သင်​တို့ အပြည့်​မရဘူး

မန္တ​လေး သိန်း​ဇော်​ရဲ့ အကနဲ့
ဂျူနိုရဲ့အက
ဘာလို့ယှဉ်​ချင်​ကြတာလဲ

ဘာပဲဖြစ်​ဖြစ်
ငါ
တစ်​​ယောက်​တည်းဖြစ်​ခဲ့တာပဲ
ဒါ​ပေမယ့်
အမြဲတမ်းပထမ​လေ

ငါက
ငါ့ကိုယ်​ငါနဲ့ပဲ ယှဉ်​ပြိုင်​ခဲ့တာကိုး

ပင်​လယ်​​အော်​သံ

ပင်​လယ်​​အော်​သံ
~~~~~~~~~~~~

ငါ့​မွေး​နေ့ကို ငါမသိ​တော့ဘူး
ကမ္ဘာဦးမှာပွင့်​ခဲ့တဲ့ငါ့မိတ်​​ဆွေပန်း​တွေက
ငါ့ကို မမှတ်​မိကြဘူးတဲ့​လေ
မြေ ​လေ မီး
ငါ့အ​ပေါင်းအသင်းကြီး​တွေကလည်း
မျက်​နှာဖုံးကိုယ်​စီတပ်​ပြီး ​နေ​နေရ

ငါ့ချစ်​သူလ​ရောင်​ကလည်း
ဆွဲအားနည်းနည်းသွားလိုက်​တာ
ငါကိုယ်​ငါ အထီးကျန်​သလိုခံစားရ
ငါ့မိဘ​တွေငါ့ကို စွန့်​ပစ်​ခဲ့တာလား
ဘုရားသခင်​ကငါ့ကို ကျိန်​စာတိုက်​ခဲ့တာလား
ငါ့​သွေး​တွေလည်း ခုဆို မသန့်​​တော့ဘူး

လူ​တွေက
ငါ့ရင်​ထဲကို အနုမြူ​တွေ လာထည့်​ကြတယ်
စမ်းသပ်​တာတဲ့​လေ
ဓာတုအဆိပ်​​တွေ လာသွန်​ကြတယ်
ငါ့ခန္ဓာကိုယ်​ထဲက ရတနာ​တွေယူကြတယ်
ငါးအစ ​ရေဘဝဲအဆုံး
သူတို့သုံးလို့ရတာမှန်​သမျှ ထုတ်​ယူကြတယ်

သူတို့ကိုယ်​သူတို့ န​မော်​နမဲ့ ဖြစ်​ကြလို့
သ​င်္ဘော​တွေမြုပ်​ ​လေယာဉ်​​တွေပျက်​ကျတာ​တောင်
ငါ့ကို အပြစ်​ယူချင်​တဲ့လူ​ကောင်​​တွေ
လာကြပါ
လာကြစမ်းပါ
ကျေးဇူးတရားကို လျစ်​လျူရှု
တန်​ဖိုးရှိမှုကို မျက်​ကွယ်​ပြုချင်​သူ​တွေ
ငါ......
ရေခဲ​တောင်​​တွေဆီ ဖုန်းဆက်​လိုက်​မယ်
အားရပါးရ ငိုချလိုက်​စမ်းကွယ်​ လို့......

Saturday, May 16, 2015

Marry you

"Marry You"
မင်းကို လက်​ထပ်​မယ်
~~~~~~~~~~~~~~~~~

It's a beautiful night,
We're looking for something dumb to do.
Hey baby,
I think I wanna marry you.

ဒါဟာ လှပတဲ့ညတစ်​ည​ပေါ့
ငါတို့ ရှာ​ဖွေ​နေတာ ပြုလုပ်​ရမယ့်​တစ်​စုံတစ်​ရာ
အိုး...အချစ်​​လေး​ရေ......
ငါ မင်းကိုလက်​ထပ်​ချင်​တယ်​ ထင်​တယ်​ကွာ

Is it the look in your eyes,
Or is it this dancing juice?
Who cares baby,
I think I wanna marry you.

ဒါ မင်းမျက်​ဝန်းထဲက အကြည့်​လား
ဒါမှမဟုတ်​ အရက်​ညုညု​တွေလား
ဘယ်​သူက မင်းကိုဂရုစိုက်​သလဲကွယ်
ငါ မင်းကိုလက်​ထပ်​ချင်​ပြီ ထင်​တယ်

Well I know this little chapel on the boulevard we can go oh oh oh,
No one will know oh oh oh,
Oh, come on, girl.
Who cares if we're trashed got a pocket full of cash we can blow oh oh oh,
Shots of patron,
And it's on, girl.

လမ်းအကျယ်​ကြီး​ပေါ်က
ဒီအလုပ်​သမားအုပ်​စုကို ငါ ​ကောင်း​ကောင်းသိတာ​ပေါ့
ငါတို့ သွားလို့ရပါတယ်​ကွာ
ဘယ်​သူမှသိမှာမဟုတ်​ပါဘူး အချစ်​​ရေ
ငါတို့ရဲ့ ​ငွေ​တွေငါတို့ ဖြုန်းတီးတာပဲ
ဘယ်​သူက အ​ရေးလုပ်​မှာလဲ
ငါတို့ကို ​ငွေ​ထောက်​ပံ့သူရှိတယ်​​လေ
အို.....မိန်းက​လေး​ရေ.....

Don't say no, no, no, no-no;
Just say yeah, yeah, yeah, yeah-yeah;
And we'll go, go, go, go-go.
If you're ready, like I'm ready.

ငြင်းဆိုတဲ့စကား လုံးဝမ​ပြောပါနဲ့လား
လက်​ခံတဲ့စကား အကြိမ်​ကြိမ်​​ပြောကြား
ငါတို့အတူ သွားကြရ​အောင်​ ​နော်
ငါ အဆင်​သင့်​ဖြစ်​သလို
မင်းလည်း အသင့်​ဖြစ်​ရင်​​ပေါ့​လေ

I'll go get a ring let the choir bells sing like oooh,
So what you wanna do?
Let's just run girl.

ငါ မင်းကို လက်​စွပ်​ဝတ်​​ပေးတဲ့အခါ
ဘုရား​ကျောင်းက ဓမ္မသီချင်းသံပျံလွင့်​ပါ​စေ
ဒါဆို ဘာလို​သေးလဲ
ငါတို့ အတူတူ​ပြေးသွားရုံပဲ​ပေါ့ အချစ်​​ရေ.....

If we wake up and you wanna break up that's cool.
No, I won't blame you;
It was fun, girl.

ငါတို့ တတ်​ကြွနိုးကြားတဲ့အခါ
မင်းက ခွဲခွာချင်​တဲ့အခါ
အေး​အေး​ဆေး​ဆေးပဲ အချစ်​​ရေ...
ငါ မင်းကို အပြစ်​မယူပါဘူး
ဒါ ဟာသပဲဖြစ်​ခဲ့မှာပါ ကွယ်​....

Don't say no, no, no, no-no;
Just say yeah, yeah, yeah, yeah-yeah;
And we'll go, go, go, go-go.
If you're ready, like I'm ready.

ငြင်းဆိုတဲ့စကား လုံးဝမ​ပြောပါနဲ့လား
လက်​ခံတဲ့စကား အကြိမ်​ကြိမ်​​ပြောကြား
ငါတို့အတူတူသွားကြရ​အောင်​​နော်
ငါ အဆင်​သင့်​ဖြစ်​သလို
မင်းလည်း အသင့်​ဖြစ်​ရင်​​ပေါ့​လေ

Brunomars ၏ Marry you သီချင်းကို ကဗျာဖွဲ့ပါသည်

Thursday, May 14, 2015

နေရာ

နေရာ
~~~

ငါ့စိတ်ကို မြို့မငြိမ်းဆီပို့ကြည့်တဲ့အခါ
စက္ကူပန်းဖြူဖြူတွေ မွှေးရနံ့ဖြာကုန်တယ်
ပြီးတော့ ပန်းတွေက ဂီတသံစဉ်ကိုဦးညွတ်တယ်

ငါ့စိတ်ကို ဒဿဂီရိဆီပို့ကြည့်တဲ့အခါ
အချစ်ဟာ အဓိပ္ပါယ်ပြောင်းသွားတယ်
ပြီးတော့ အာဒံမသိတဲ့ ပန်းသီးကြွေကျသွားတယ်

ငါ့စိတ်ကို သီပေါဘုရင်ဆီပို့ကြည့်တဲ့အခါ
ပညာရေးရဲ့အရေးပါမှုကို တွေ့လိုက်တယ်
ပြီးတော့ ဘွဲ့လက်မှတ်တွေကို အကျဉ်းချထားတယ်

ငါ့စိတ်ကို ဥပကရဟန်းဆီပို့ကြည့်တဲ့အခါ
သမုဒယသစ္စာဟာ အလည်လာပြီးပြန်သွားတယ်
ပြီးတော့ သံသရာလွန်နယ်ထဲမှာငါ့ကိုယ်ငါတွေ့တယ်

Wednesday, May 13, 2015

မူးယစ်​​ဆေးဝါးထက်​ပိုဆိုး​သော

မူးယစ်​​ဆေးဝါးထက်​ပိုဆိုး​သော
=====================
အိမ်​ရှင်​မ​တွေ
အိမ်​မှုကိစ္စ​တွေသိပ်​မလုပ်​ကြ​တော့ဘူး
Facebook ကိုအပြိုင်​အဆိုင်​သုံး
ရွှေအချိန်​များစွာ ကုန်​ဆုံး​နေပြီ

ဆရာမ​လေး​တွေ
စာသင်​ခြင်းမှာ​ပေါ့​လျော့ အ​လေးမထား
Viber ​ပေါ်မှာ chattingများ
တန်​ဖိုးရှိတဲ့စကား​တွေ ဆွံ့အ
က​လေး​တွေအတွက်​ ​ပေါ့ဆကြပြီ

ကျောင်းသူ ​ကျောင်းသား​တွေ
ပညာရှာတာ​တွေ အားနည်း
Handsetထဲက game ​တွေနဲ့ ​ပျော်​​မွေ့
အ​မေ့ဆီက မုန့်​ဖိုး​ငွေ​တွေ ဖြုန်းတီး
အနာဂတ်​ခရီး မ​ရေမရာဖြစ်​ပြီ

ရွာထဲကလူငယ်​​လေး​တွေ
မြို့ပြကအလုပ်​သမား​လေး​တွေ
အပျင်း​ပြေ ​ခေါင်းစဉ်​​အောက်​မှာ
Beetalk နဲ့ အာပလာလုပ်
wechat နဲ့ အီစီကလီ​ပြော
ဘာအကျိုးအမြတ်​ရသလဲ ကျုပ်​ကို​ပြောပါ

ဘာမှမဆိုင်​ဘူးလို့ထင်​ရတဲ့စကား
ကျုပ်​ ​ပြောထားခဲ့မယ်
အစိုးရက
ပြည်​သူ​တွေရဲ့ ပညာ​ရေးကိုသတ်​​နေတယ်
စီးပွား​ရေးကို ​နှောက်​ယှက်​​နေတယ်
လူမှု​ရေးကို ဖျက်​ဆီး​နေတယ်
နိုင်​ငံ​ရေးကို မှိုင်းတိုက်​​နေတယ်

ဆရာကြီးဦး​အောင်​သင်းရဲ့သြဝါဒ
ငှါးပြီး​ပြောပါရ​စေ
လူငယ်​​တွေ စဉ်းစားကြပါ
လေး​လေးနက်​နက်​ ​တွေးကြပါ
မြန်​မာပြည်​ ညည့်​နက်​လာပါပြီ

Tuesday, May 12, 2015

The orphan

The Orphan
မိဘမဲ့က​လေး
~~~~~~~

My father and mother are dead,
Nor friend, nor relation I know;
And now the cold earth is their bed,
And daisies will over them grow.

ကျုပ်​ရဲ့အ​ဖေနဲ့အ​မေက​သေသွားပြီ
ကျုပ်​မှာ သူငယ်​ချင်းမရှိ ​ဆွေမျိုး မရှိပြီ
အေးစက်​စက်​​မြေကြီးကသာ အခုသူတို့အိပ်​ယာ
ဒေစီပန်း​ပင်​​တွေ သူတို့ အ​ပေါ်မှာ ​ပေါက်​လာမှာ

I cast my eyes into the tomb,
The sight made me bitterly cry;
I said, "And is this the dark room,
Where my father and mother must lie?"

အုတ်​ဂူကို ကျုပ်​ စိုက်​ကြည့်​​နေမိ
မြင်​ကွင်းက ကျုပ်​ရင်​မှာ ခါးသက်​သက်​​ငို​စေမိ
ကျုပ်​မိဘ​တွေလဲ​လျောင်းမည့်​ဒီ​နေရာဟာ
မှောင်​မည်းအတိအခန်းတစ်​ခုဖြစ်​​နေတာ

I cast my eyes round me again,
In hopes some protector to see;
Alas! but the search was in vain,
For none had compassion on me.

ဘေးဘီကို ကျုပ်​ တဖန်​​ငေး​မောကြည့်​မိတယ်
ကာကွယ်​​သူက မြင်​မလားမျှော်​လင့်​လို့ကွယ်
အားးးးး ရှာ​ဖွေမှုက အချည်းအနှီးပါလား
ဘယ်​သူကမှ ကျုပ်​ကို ​မေတ္တာမထား

I cast my eyes up to the sky,
I groan'd, though I said not a word;
Yet GOD was not deaf to my cry,
The Friend of the fatherless heard.

ကောင်းကင်​ဆီ ကျုပ်​မျက်​လုံး​တွေ ​ပို့လိုက်​သည်
စကားမဆို​ပေမယ့်​ ကျုပ်​ ညည်းညူခဲ့ပြီ
သို့​ပေမယ့်​ ဘုရားသခင်​က ကျုပ်​ ငိုတာကိုကြားခဲ့
အဖမဲ့ရဲ့မိတ်​​ဆွေက ကြင်​နာစွာ နား​ထောင်​ခဲ့

For since I have trusted his care,
And learn'd on his word to depend,
He has kept me from every snare,
And been my best Father and Friend.

အဲ့ဒီကတည်းက သူ့ရဲ့​မေတ္တာကိုကျုပ်​ယုံကြည်​သွား
ပြီး​တော့ သူရဲ့စကား​တော်​​တွေကို ​လေ့လာမှတ်​သား
သူက ​ကျော့ကွင်းတိုင်းက​နေကျုပ်​ကိုလွတ်​​မြောက်​​စေခဲ့
သူဟာ ကျုပ်​ရဲ့ အ​ကောင်းဆုံးဖခင်
သူဟာ ကျုပ်​ရဲ့ အ​ကောင်းဆုံးမိတ်​​ဆွေ

Jane Taylor ၏ ကဗျာကို ယတြာ​ချေသည်​။