Friday, May 29, 2015

ညောင်​ပင်​ တ​စ္ဆေကဗျာ

ညောင်​ပင်​တ​စ္ဆေကဗျာ
..............................

မကောင်းမှုသည် စိတ်ကွယ်ရာ၌ မရှိ
ပန်းတွေမသိတဲ့ ရာသီတစ်ခုမှာ ငါ သူ့ကိုချစ်ခဲ့မိ

လက်ညှိုးငေါက်ငေါက်ထိုးပြီးစကားပြောတတ်တဲ့ လူတွေမှာ
ကိုယ်ချင်းစာစိတ် ဆာလောင်နေကြသလား

လမ်းပေါ်မှာမွေးလမ်းဘေးအမှိုက်ပုံမှာဝမ်းစာရှာသူလည်း
သမ္မတကြီး ဖြစ်နိုင်တာပဲမဟုတ်​လား

ငါ တစ်ယောက်တည်းရေးတဲ့ ငါ့ကဗျာ
ငါ တစ်ယောက်သာ နားလည်တာ ဘာဖြစ်လဲ

ကမ္ဘာပျက်တဲ့အထိ ရှိနေမယ့် အနုပညာ
ငါလည်း အရိပ်ခိုပါရစေ အဝိဇ္ဇာ......

No comments:

Post a Comment