Saturday, May 2, 2015

ညီမ​လေးကို ကိုကိုက အရမ်းချစ်​တယ်

ညီမ​လေးကို ကိုကိုက အရမ်းချစ်​တယ်
~~~~~~~~~~~~~~~~~

သူချစ်​ ဆိုတဲ့ tea ဆိုင်​​လေးက စကြရ​အောင်
မန္တ​လေး​တောင်​​ခြေမနက်​ခင်းက သာယာတယ်​​နော်
မုန့်​ဟင်းခါးစားရတာ​ကောင်းလား ဟင်

ညီမ​လေးကို ကိုကိုက အရမ်းချစ်​တယ်

အစိမ်း​ရောင်​ဝမ်းဆက်​နဲ့ လှ​နေတဲ့​ကောင်​မ​လေးဟာ
တစ်​ခါတစ်​​လေ ကဗျာ​တွေကိုသယ်​​ဆောင်​လာတယ်
ဒီ​နေ့​တော့ ဓာတ်​ပုံဆရာလုပ်​မယ်​​လေ

ကိုကိုက  အရမ်းချစ်​တယ် ညီမလေးကို

ဆံနွယ်​​လေးကို မသိမသာ​ဆောင့်​ဆွဲ​တော့လည်း
ခွင့်​လွှတ်​ပါ​ လို့ ​ပြောစရာမလို​အောင်​ နားလည်း​ပေး
မင်းလက်​က​လေးကိုင်​ချင်​လွန်းလို့ပါ

အရမ်းချစ်​တယ်​ ညီမ​လေးကို ကိုကိုက

ပြောချင်​လွန်းတဲ့ဒီစကားတစ်​ခွန်းအတွက်
အိပ်​ပျက်​ည​တွေကိုစ​တေးခဲ့ရတယ်​ ​မေရီ​ရေ
စောင့်​ခဲ့တဲ့ အချိန်များစွာအတွက်​ ​ကျေးဇူးပါ

ညီမ​လေးကို အရမ်းချစ်​တယ်​ ကိုကိုက

အဲဒီသစ်​ပင်​ရဲ့နာမည်​ဘာဖြစ်​ဖြစ်​​ပေါ့
နန်းတွင်းထဲမ​ရောက်​ဖူးတာအပြစ်​လား
ဟိုး....မှာ ကျုံး​ရေ​တွေ လှတယ်​​နော်

ကိုကိုက ညီမ​လေးကို အရမ်းချစ်​တယ်

ကဆုန်​လပြည့်​​နေ့ ဘုရားပွင့်​တာသိတယ်​​နော်
ဒီ​နေ့ တို့နှစ်​​ယောက်​ရဲ့အချစ်​ပန်း​လေး ပွင့်​ပြီ​လေ
ထာဝရ မနွမ်း​စေရဘူး မ​ကြွေ​စေရဘူး

အရမ်းချစ်​တယ်​ ကိုကိုက ညီမ​လေးကို

No comments:

Post a Comment