ဆန္ဒ တစ်စုံတစ်ရာ
.....................
ကျည်ဆံ ပျံဝဲ၊ ရပ်စဲခဲ့ပြီ
စစ်ပွဲ ရန်စ၊ နားခဲ့ကြပြီ
လှပနေခြည်၊ လေပြည်နော့နော့
ကောင်းကင် မော့သော်၊ ရင်ကော့ချိုးငှက်ပြန်ခဲ့ပြီ.......
ငြိမ်းချမ်းရေးပန်း၊ လူတိုင်းနမ်းခွင့်
လန်းဆန်းပျော်ရွှင်၊ ပညာသင်ခွင့်
ချစ်ကြင်ကြည်နူး၊ မေတ္တာဖူးခွင့်
ထူးထူးခြားခြား ရခဲ့ပြီ...........
ပန်းရိုင်းထွေထွေ၊ ပွင့်ဝေ စေ၍
နွေ နွေ မိုး မိုး၊ အလှတိုးစေ
မြတ်နိုးစမ်းပါ၊ ကိုယ်မြေယာနှင့်
နေလာအတူ၊ မြန်မာလူကို
ကြည်ဖြူအစဉ်၊ မေတ္တာယှဉ်က
အစဉ်ငြိမ်းချမ်းနေလိမ့်မည်......
No comments:
Post a Comment