Thursday, May 7, 2015

တော​ကျောင်း

တော​ကျောင်း
~~~~~~~~

တိတ်​ဆိတ်​ခြင်းက ညကို ပြန်​​ပေးဆွဲထားတယ်
ပုရစ်​​အော်​သံ သဲ့သဲ့​ကြောင့်​ ​ချောက်​ချားစရာထင်​မယ်

ဝင်​​လေထွက်​​လေကို အစအဆုံးလိုက်​မမှတ်​နဲ့
နှာသီးဝမှာ ​လေထိတာသာ သတိနဲ့ရှုခဲ့

အ​ရှေ့​တောင်​​ထောင့်​ကလာတဲ့ ပန်းရနံ့​တွေက
သီလကို ရိုးရိုး​လေး ​အဓိပ္ပါယ်​​ဖော်​​​နေကြ

တစ်​​ယောက်​တည်း​နေခြင်းရဲ့ နိဗ္ဗာန်​ဆိုတာ
အရှင်​သာရိပုတ္တရာထံမှာ ခမ်းနား​နေတာ

ငါ့မစွန့်​ချင်​ခဲ့တဲ့ ကာမဂုဏ်​​တွေကို မငြိတွယ်​ဖို့
လောကဓံဆိုး​တွေက လမ်းအမှန်​ပြ လို့

ဘယ်​သူမှငါ့ဆီမလာကြပါနဲ့ ငါ့ကိုမသိကြနဲ့ကွယ်
ငါ တစ်​ကိုယ်​တည်း အသက်​ရှုသင်​​နေပါတယ်

No comments:

Post a Comment