Saturday, May 2, 2015

အလွမ်းကထာ

အလွမ်းကထာ
~~~~~~~~

အခု​လော​လောဆယ်​ ငါ့ဘဝက
နင့်​ကို သတိရခြင်း​တွေနဲ့အတိပြီးတယ်

လက်​ချင်းဆုပ်​ကိုင်​ခွင့်​ရတဲ့ခဏ
စကြာဝဠာကိုအပိုင်​ရသလို ခံစားရ

ချစ်​သူတို့သာတပ်​အပ်​​သောအလွမ်းဘာသာ
ငါ အမှတ်​ပြည့်​ရ​နေပါလား ​လှေကားထစ်​တို့​ရေ

အို....ညီမ​လေး ငဲ့
နင်​ဟာ ငါ့နှလုံးသားရဲ့
အဆိပ်​​ဖြေ အလင်္ကာဖြစ်​​ပေတယ်

တောင်​တန်းတို့၏ ကြီးမြတ်​ခြင်း​တွေထက်
ငါတို့၏ အချစ်​ကသာလွန်​ ခမ်းနားကြ

ဆုံနိုင်​ခွင့်​​လေးတမ်းတမိတယ်​ဘယ်​​တော့လဲ
သီချင်း​လေးထဲကလို ငါတို့ရင်​ထဲ​မေးခွန်းများစွာ

ဘာပဲ​ပြော​ပြော နင့်​ကို ငါ ချစ်​တယ်​ ​မေရီ

No comments:

Post a Comment