Thursday, May 14, 2015

နေရာ

နေရာ
~~~

ငါ့စိတ်ကို မြို့မငြိမ်းဆီပို့ကြည့်တဲ့အခါ
စက္ကူပန်းဖြူဖြူတွေ မွှေးရနံ့ဖြာကုန်တယ်
ပြီးတော့ ပန်းတွေက ဂီတသံစဉ်ကိုဦးညွတ်တယ်

ငါ့စိတ်ကို ဒဿဂီရိဆီပို့ကြည့်တဲ့အခါ
အချစ်ဟာ အဓိပ္ပါယ်ပြောင်းသွားတယ်
ပြီးတော့ အာဒံမသိတဲ့ ပန်းသီးကြွေကျသွားတယ်

ငါ့စိတ်ကို သီပေါဘုရင်ဆီပို့ကြည့်တဲ့အခါ
ပညာရေးရဲ့အရေးပါမှုကို တွေ့လိုက်တယ်
ပြီးတော့ ဘွဲ့လက်မှတ်တွေကို အကျဉ်းချထားတယ်

ငါ့စိတ်ကို ဥပကရဟန်းဆီပို့ကြည့်တဲ့အခါ
သမုဒယသစ္စာဟာ အလည်လာပြီးပြန်သွားတယ်
ပြီးတော့ သံသရာလွန်နယ်ထဲမှာငါ့ကိုယ်ငါတွေ့တယ်

No comments:

Post a Comment