Thursday, May 28, 2015

Remembrance

Remembrance
လွမ်း​မောတမ်းတသတိရခြင်း
~~~~~~~~~~~~~~~~~~

Cold in the earth—and the deep snow piled above thee,
Far, far removed, cold in the dreary grave!
Have I forgot, my only Love, to love thee,
Severed at last by Time's all-severing wave?

မြေကြီးထဲမှာ​အေးစက်​စက်​လဲ​လျောင်း
မင်းရဲ့အ​ပေါ်နှင်း​တွေထူထပ်​စွာစုပုံ
အ​ဝေးဆုံးဆိုတဲ့​သေခြင်းတရားဆီမှာ
ထာဝရအနားယူသွားတဲ့ချစ်​သူ​ရေ.....
ချောက်​ချားစရာ​မြေပုံထဲမှာ
မင်း ​အေးခဲစွတ်​စို​နေပါလားကွယ်
ငါ့ရဲ့တစ်​​ယောက်​တည်း​သောမိန်းက​လေး​ရေ
အချိန်​လှိုင်း​တွေကအရာရာကိုတိုက်​စား
မင်းကိုငါ ချစ်​ဖို့​မေ့​လျော့​နေပြီတဲ့လား

Now, when alone, do my thoughts no longer hover
Over the mountains, on that northern shore,
Resting their wings where heath and fern-leaves cover
That noble heart for ever, ever more?

အခုလိုငါတစ်​ကိုယ်​တည်းရှိ​နေချိန်​မှာ
အ​နောက်​ဖက်​ပင်​လယ်​ကမ်း​ပေါ်က
တောင်​တန်း​တွေ​ပေါ်မှာ ငါ့စိတ်​ဟာ
ဝေ့ဝဲရစ်​သီ မပျံသန်းနိုင်​​တော့ပြီ ချစ်​သူ
မြက်​ရိုင်းပင်​​တွေ ဍရင်​​ကောက်​ပင်​​တွေ
သိပ်​သိပ်​သည်းသည်းဖုံးကွယ်​ထားတဲ့
မင်းရဲ့ ရင်​ခွင်​ရှိရာ​ဟော့ဒီ​နေရာမှာပဲ
ငါ့စိတ်​​တွေ တရစ်​ဝဲဝဲ
ထာဝရအမြဲရှိ​နေပါလား ချစ်​သူရယ်​...။

Cold in the earth, and fifteen wild Decembers
From those brown hills have melted into spring:
Faithful indeed is the spirit that remembers
After such years of change and suffering!

မြေကြီးထဲမှာ ​အေးစက်​​နေမှာပဲ​နော်
ကြမ်းရှတဲ့ဒီဇင်​ဘာ​ပေါင်း ဆယ့်​ငါးကြိမ်​ဟာ
ဟိုး ​တောင်​ညိုညို​တွေဆီက​နေ
နွေဦးရာသီ​တွေဆီ အရည်​​ပျော်​ခဲ့ပြီပဲ
သတိရ​နေ​သေးတဲ့စိတ်​ဝိဥာဉ်​ဟာ
တကယ်​ပဲ သစ္စာကြီးလွန်းပါလား
ဒီလို​ပြောင်းလဲခြင်းနဲ့ခံစားမှု​ဝေဒနာရဲ့
နှစ်​များစွာကြာခဲ့တာ​တောင်​မှ​လေ....။

Sweet Love of youth, forgive if I forget thee,
While the world's tide is bearing me along:
Sterner desires and other hopes beset me,
Hopes which obscure, but cannot do thee wrong!

ငါ့ရဲ့ ငယ်​ချစ်​ဦး​လေး​ရေ....
လောကဓံဒီ​ရေ​တွေငါ့ကိုရိုက်​ခတ်​လို့
ငါ​မျောပါသွားခဲ့ရရင်
မင်းကို ငါ ​မေ့သွားခဲ့မိတဲ့အခါ
ငါ့ကို ခွင့်​လွှတ်​ပါ​နော်
မညှာမတာ ငါ့စိတ်​ကို ငါအကျဉ်းချ
အခြားအခြားတပ်​မက်​စရာ​တွေက
ငါ့ဘဝကို ခြယ်​လှယ်​တိုက်​စား
သို့​ပေမယ့်
မင်းအ​ပေါ်ထားတဲ့ငါ့ရဲ့​မျှော်​လင့်​ခြင်းများက
ငါ့ကို အမှားမရှိ စိုးမိုးထားဆဲ​လေ....။

No later light has lightened up my heaven;
No second morn has ever shone for me:
All my life's bliss from thy dear life was given,
All my life's bliss is in the grave with thee.

နောက်​ထပ်​​ရောက်​လာတဲ့ည​တွေမှာ
ငါ့ရဲ့ ​ကောင်းကင်​ဟာ​မှောင်​အတိကျမြဲ
အခြား​သော​နေမင်းကလည်း
အလင်း​ရောင်​မ​ပေးခဲ့ဘူး ချစ်​သူ​ရေ
ဘယ်​ကြယ်​ဘယ်​ဂြိုလ်​ကမှ
ငါ့ဘဝကို အလင်းပွင့်​မပြခဲ့ကြဘူး
ငါပိုင်​သမျှ သုခချမ်းသာပီတိအဖြာဖြာဟာ
မင်းဆီက ရခဲ့တာပါ ချစ်​သူ​ရေ....
အခု​တော့ အားလုံးဟာ
မင်းရဲ့​မြေပုံတွင်းထဲမှာ
အပြီးအပိုင်​ ပါသွားခဲ့ပါလားကွယ်​...။

But when the days of golden dreams had perished,
And even Despair was powerless to destroy,
Then did I learn how existence could be cherished,
Strengthened, and fed without the aid of joy;

သို့​ပေမယ့်
ရွှေ​ရောင်​အိပ်​မက်​​တွေရဲ့​နေ့စွဲများစွာ
ပျက်​စီး ​ပျောက်​ကွယ်​သွားတဲ့အခါ
စိတ်​ကုန်​ခြင်းကိုဖျက်​ဆီးနိုင်​တဲ့သတ္တိ
ငါ့မှာလုံးဝမရှိ​တော့တဲ့​နောက်​မှာ
ကြည်​နူးခြင်းရဲ့ ရသကိုမရ​တောင်​မှ
ဘဝရဲ့ တည်​မြဲမှုကို အရှည်​တည်​ဖို့
ဘယ်​လိုဂရုထားအားဖြည့်​နိုင်​သလဲဆိုတာ
ငါ ​ကောင်း​ကောင်းသိလာခဲ့တယ်​ ချစ်​သူ..။

Then did I check the tears of useless passion,
Weaned my young soul from yearning after thine;
Sternly denied its burning wish to hasten
Down to that tomb already more than mine.

အခု​တော့လည်း
အချည်းနှီးဖြစ်​ခဲ့ရတဲ့
လိုအင်​ဆန္ဒရဲ့မျက်​ရည်​များစွာကို
ငါ မျိုသိပ်​ ထိန်းသိမ်းခဲ့ရတယ်
မင်းရဲ့ ပုံရိပ်​​တွေကိုမြင်​​ယောင်​လွမ်းတရင်း
တမ်း​မျှော်​မိခဲ့တဲ့
က​လေးဆန်​ဆန်​ငါ့နှလုံးသားရဲ့လိုချင်​မှုကို
တဖြည်းဖြည်း နိဂုံးချုပ်​​ပေးလိုက်​ရပြီ....
မင်းလဲ​လျောင်း​နေတဲ့​ဟောဒီဂူထဲမှာ
မင်းနဲ့အတူတူလဲ​လျောင်းလိုတဲ့
ငါ့ဝိဥာဉ်​ရဲ့ပူဆာမှုကိုလည်း
ငါ ခပ်​ပြတ်​ပြတ်​ငြင်းခဲ့ရပြီ......။

And even yet I dare not let it languish,
Dare not indulge in Memory's rapturous pain;
Once drinking deep of that divinest anguish,
How could I seek the empty world again?

အဲဒီလိုချုပ်​တည်း​စောင့်​ထိန်းခဲ့​ပေမယ့်
ငါ့စိတ်​တန်​ခိုးကိုညှိုးနွမ်း​အောင်
မလုပ်​ရဲပြန်​ဘူး ချစ်​သူ​ရေ.. ...
သမုဒယ​ဝေဒနာရဲ့နာကျင်​မှု​ကြောင့်
ဘဝရပ်​တည်​မှုပြိုလဲ​လောက်​​အောင်
အလွမ်းရဲ့​ခေါ်​ဆောင်​ရာ​နောက်
ငါကိုယ်​တိုင်​မလိုက်​ရဲပါဘူးကွယ်
ပြီး​တော့​လေ.......
သံ​ဝေဂတရား​ရေစင်​ကိုတစ်​ဝကြီး​သောက်​ပြီး
အနတ္တ​လောကကြီးရဲ့နယ်​ပယ်​မှာ
ဘယ်​လိုခိုလှုံရာရှာရမလဲချစ်​သူရယ်​......။

Emily Bronte ၏ ကဗျာကို ခက်​ခဲပင်​ပန်းစွာ
ဦး​နောက်​စား၍ နှလုံးသား​ကျွေးရပါသည်​။

No comments:

Post a Comment