Wednesday, May 6, 2015

သံ​ဝေဂ​နေ့

သံ​ဝေဂ​နေ့
.............

မြေ
ရေ
လေ
မီး
ဓာတ်​ကြီး​လေးပါးနဲ့
ငါ့ကိုယ်​ငါ တည်​​ဆောက်​ခဲ့တယ်​။

တဏှာ
မာန
ဒိဋ္ဌိ
ကိ​လေသာအပြည့်​နဲ့
ငါကိုယ်​တိုင်​ သံသရာ ခရီးသွားခဲ့တယ်​။

ဒါ​ပေမယ့်
ငါက ဖန်​ဆင်းရှင်​ မဟုတ်​ဘူး
ငါက ဖန်​ဆင်းခံ မဟုတ်​ဘူး
ငါ့ခန္ဓာ ငါရှု
ငါ့စိတ်​ ငါမြင်
ငါ့လမ်းကို ငါဆုံးတဲ့အထိ​လျှောက်​မယ်​။

No comments:

Post a Comment