Monday, May 11, 2015

သုံး​ကြောင်းကဗျာခံစားပါ

သုံးကြောင်းကဗျာခံစားပါ

ကျော်ဟိန်း
~~~~~~
လူသားအားလုံးကိုလေးစားပါတယ်
သေမယ့်နေ့အထိပြင်ဆင်ထားတယ်
ထိ သိ သတိနဲ့ ဆွမ်းဘုန်းပေးနေတယ်

ယပ်တောင်
~~~~~~~
မီးပျက်မှာမကြောက်နဲ့
လေဖြတ်မှာမစိုးရိမ်နဲ့
နွေအပူကိုမောင်းထုတ်မယ့်ကောင်လေးရှိရဲ့

ဓာတ်ပုံ
~~~~
အတိတ်ကိုပုံဖော်ပေး
ရသမုခကိုးပါးဆေး
ပြန်တွေးမိတော့ ခပ်ရေးရေး

မွေးနေ့
~~~~
ပြီးဆုံးသွားတဲ့ရက်စွဲ
အရေးတယူမှတ်ဆဲ
လူတွေအဓိပ္ပါယ်မဲ့ ရေခဲမုန့်ဆွဲ

သံသရာ
~~~~~
အဝိဇ္ဇာစေရာသွား
တဏှာရိက္ခာခပ်များများ
အပါယ်လေးဘုံ ဘူတာမှာ နား

No comments:

Post a Comment