Wednesday, May 27, 2015

နောက်​ဆုံးစကား

နောက်​ဆုံးစကား
~~~~~~~~~~

အသွေးအသားထဲမှာ
နင့်ကို ချစ်တာတွေစိုးမိုး
ငါ့အနာဂတ်ကို ဆေးမထိုးပါနဲ့နော်

သံသယများစွာက
ယုံကြည်မှုကိုလျော့ကျစေတယ်လေ
နွေရာသီကို မှတ်ပုံတင်လိုက်ပါ

ပြောခွင့်မရတော့တဲ့စကားတွေ
ကြည့်ခွင့်မပိုင်တော့တဲ့အပြုံးတွေ
သစ်ပင်အောက်မှာနေရစ်ခဲ့ပါစေ

အချစ်ကြောင့် မှားခဲ့တာလား
အချစ်ကြောင့် ရဲရင့်ခဲ့တာလား
ပြက္ခဒိန်ကိုပဲ ချိတ်ထားတော့မယ်

မောင်ရေ...
နှုတ်ဆက်ခဲ့ပါတယ်နော် .....

No comments:

Post a Comment