Saturday, January 31, 2015

အ​ပေါစား

အ​ပေါစားသီအိုရီ
.........................

အ​ပေါစားလက်​နက်​​တွေချလိုက်​ကြ
အ​ပေါစားဝန်​ကြီး​တွေကိုဖြုတ်​ပစ်​ကြ
အ​ပေါစားမျက်​ရည်​​တွေကိုသုတ်​လိုက်​ကြ
အ​ပေါစားဆန္ဒပြတာ​တွေရပ်​တန့်​ကြ
အ​ပေါစားစီမံကိန်း​တွေနားလိုက်​ကြ
အ​ပေါစားငြင်းခုံတာ​တွေstopလုပ်​ကြ
အ​ပေါစားပညာ​ရေးစနစ်​ကိုတိုက်​ထုတ်​ကြ
အ​ပေါစားတက္ကသိုလ်​​တွေကိုပိတ်​လိုက်​ကြ
အ​ပေါစား​ကြောက်​ရွံ့မှု​တွေစွန့်​လွှတ်​ကြ
အ​ပေါစားဆုံးရှုံးမှု​တွေကိုလျစ်​လျူရှုကြ
အ​ပေါစားပိုင်​ဆိုင်​မှု​တွေကိုခဝါချကြ
အ​ပေါစားမာန​တွေကိုသုညတရှုကြ
အ​ပေါစားဒီကဗျာကိုDeleteလုပ်​ကြ

Wayside Flowers

Wayside Flowers
လမ်း​​ဘေးကပန်းများ
..............................

Pluck not the wayside flower,
It is the traveller's dower;

လမ်း​ဘေးကပန်း​ကို မခူးနဲ့​နော်
ခရီးသွားအတွက်​ သူကအ​ဖော်

A thousand passers-by
Its beauties may espy,

ဖြတ်​သွားဖြတ်​လား လူများစွာ
သူ့အလှကို လှမ်းမြင်​တာ...

May win a touch of blessing
From Nature's mild caressing.

ကျေးဇူးတရားကို ထိ​တွေ့ပိုင်
အရိုင်းသဘာဝ​ ထွေးေ​ပွ့နိုင်

The sad of heart perceives
A violet under leaves

ကြေကွဲ​နေသူ​ လေ့လာ​သင့်
သစ်​ရွက်​​တွေ​အောက်​​ ပန်းရနံ့လွင့်

Like sonic fresh-budding hope;
The primrose on the slope

တောင်​​စောင်းတစ်​​လျှောက်​ ပန်းဝါဝါ
လတ်​ဆတ်​အဖူး​တွေ ပွင့်​​တော့မှာ

A spot of sunshine dwells,
And cheerful message tells

နေခြည်​​နေ​ပြောက်​​ ရောက်​လာ​တော့
ကောင်းချီးမင်္ဂလာ သတင်း​ပဲ​ပေါ့

Of kind renewing power;
The nodding bluebell's dye
Is drawn from happy sky.

ပြန်​လည်​သစ်​လွင်​ သူ့စွမ်းအား
ခေါင်း​လောင်းပန်းပြာ​ ဆေး​ခြယ်​ထား
ကြည်နူး​​ကောင်းကင်​ ဆွဲသတဲ့လား

Then spare the wayside flower!
It is the traveller's dower.

ဒါ​ကြောင့်​သာကွယ်​ ခွင့်​လွှတ်​ပါ
လမ်း​ဘေးပန်း​လေး ချမ်းသာရာ
ခရီးသွားရဲ့ မိတ်​သဟာ.....

William Allingham ၏ ကဗျာကို ဖိုးတွမ်​တိလုပ်​သည်​။

Thursday, January 29, 2015

Aung San

အောင်​ဆန်း
.................

မွေးဖွားကတည်းက
အ​သွေးသားထဲက
သိပ်​မုန်းတာမုသာဝါဒ

ထယ်​ဝါမှုကိုမကြိုက်
ဆယ်​ကမ္ဘာသူ့ကိုနှစ်​ခြိုက်
ုပြည်​သူ့အတွက်​မိုက်​..

သမီးသားကိုချစ်​ခင်
ဇနီးမယားကိုအပြစ်​မတင်
စာနာမှုမှာ.....ဘုရင်

အမျိုးသားထုအတွက်
ကြိုးစားမှုမရပ်
ရိုးသားမှုတသမတ်

ကတိ​​ပေးသလိုလုပ်
အသိ​အ​တွေးပိုထုတ်
ပြတ်​သားပြတဲ့​​ဗိုလ်ချုပ်

ဖာဖြစ်​မယ်​ဆိုတဲ့စကား
ရဲရဲဝံ့ဝံ့​ပြောကြား
အားမလိုအားမရဖြစ်​ခဲ့တဲ့နှလုံးသား

သင်​လည်းသိ
ရင်​ထဲငြိ
(သူဟာ........)
ငါတို့​​​​ သမိုင်းမှာ စဉ်​မြဲရှိ.....

ရာပြည့်​အကြိုဂုဏ်​ပြုခြင်း.....

Tuesday, January 27, 2015

Shatter

shatter
ပဲ့ကြွေကျေမွ
..............

ဘယ်နေရာမှသွားဖို့မကျန်တော့ဘူး
လူတစ်ယောက်ဟာ..
မတ်တတ်ရပ်လျက်
လမ်းဆုံလမ်းခွပေါ်မှာ

nowhere left to go
standing,
at the crossroads
just a man.

နှစ်များစွာက
ပျောက်ပြယ်သွားခဲ့တဲ့
သူ့ရဲ့လက်ဗွေရာကိုရှာဖွေ
သဲမွမွတွေပေါ်မှာ

searching the sand
for his fingerprints,
lost
so long ago.

မနေ့ကကြုံခဲ့တဲ့ ရင်မောစရာတွေ
ဒီနေ့ဖြစ်နေတဲ့ပုံရိပ်ယောင်တွေ
အချိန်တိုင်းဟာ ပျက်စီးနေပြီ

echoes of yesterday
mirrors across today
almost time to die.

မာကျောသွားတဲ့မျက်ရည်တွေက
ဘယ်တော့မှ မကျဘူးကွဲ့
သူတို့ဟာ....
တစ်စစီပဲ့ကြွေဖို့သာ.....

frozen tears never fall
they,
just shatter.

W. Jude Aher ၏ ကဗျာကို ခွင့်ပန်သည်။ ။

Sunday, January 25, 2015

Eternity

Eternity
ထာဝရ
.......

He who binds to himself a joy
Does the winged life destroy;
But he who kisses the joy as it flies
Lives in eternity's sun rise.

သုခနဲ့သူ့ကိုယ်​သူရစ်​​နှောင်ထား
အ​တောင်​ဖြန့်​ခဲ့တဲ့ဘဝကဖျက်​ဆီးသလား
သူ​ပျံသန်းရာလမ်းများသူ​ကျေနပ်
အဆုံးမဲ့​နေထွက်​ချိန်​မှာ တစ်​​ယောက်​တည်းရပ်

William Blake ၏ ကဗျာကို နတ်​တင်​သည်​။ ။

ဘဝအိမ်

ဘဝအိမ်
.............

ဒေါက်​...​ဒေါက်​....​ဒေါက်​....
ဘယ်​သူလဲ
ပျော်​ရွှင်​ခြင်းပါ ခင်​ဗျာ
ဝင်​ခဲ့​လေကွယ်​...

ဒေါက်​...​ဒေါက်​....​ဒေါက်​....
ဘယ်​သူလဲ
မျှော်​လင့်​ချက်​ပါရှင်
တံခါး​စေ့ထားတယ်​​ဟေ့

ဒေါက်​...​ဒေါက်​.....​ဒေါက်
ဘယ်​သူလဲ
အောင်​မြင်​မှုပါကွယ်
ကြွပါခင်​ဗျာ ကြွပါ

ဒေါက်​...​ဒေါက်​...​ဒေါက်​...
ဘယ်​သူလဲ
ငါ​ဟေ့  ဒုက္ခကွ..တံခါးဖွင့်​စမ်း
အို..မလာနဲ့ မလာနဲ့
ဝုန်း..............

Saturday, January 24, 2015

COC

Clash Of Clans
.........................

ထမင်းမစား၊ အလုပ်​နားကာ
ကစားခဲ့သည်​၊ COC.....

အိပ်​​ရေး​တွေပျက်​၊ စိတ်​အ​တွေး​တွေရပ်
နှစ်​သက်​ခဲ့သည်​၊ COC......

ချစ်​သူကို​မေ့၊ bill ကုန်​သ​လေ့
ပျော်​​မွေ့ခဲ့သည်​၊ COC....

အ​မေကဆူ၊ အ​ဖေငြူစူ
ရင်​ပူခဲ့သည်​၊ COC.......

စာကျက်​မရ၊ အတန်းပြင်​ပ
တစ်​နှစ်​ကျခဲ့ပြီ၊ COC........

ဘဝ​ကောင်းကျိုး၊ လုံးဝမတိုးပဲ
အဆိုး​တွေထပ်​၊ ချစ်​သူဖြတ်​လည်း
စွဲမက်​​နေမည်​၊ COC.....

COC ​ဆော့​သောဆယ်​​ကျော်​သက်​များသို့.....

Friday, January 23, 2015

ခက်​ဆစ်​အဖွင့်


ခက်ဆစ်အဖွင့်
................

D- dutiful = တာဝန်ကျေသော
A- active = တတ်ကြွသော
W- well-mannered = အမူအရာယဉ်ကျေးသော

A- able = စွမ်ဆောင်နိုင်သော
U- unrivalled = ပြိုင်ဖက်ကင်းသော
N- neat = သေသပ်ပိရိသော
G- graceful = ကျက်သရေရှိသော

S- selfless = ကိုယ်ကျိုးမငဲ့သော
A- advisable = ဥာဏ်ပညာရှိသော
N- noble = မြင့်မြတ်သော

S- sensible = ဆင်ခြင်ဆုံးဖြတ်နိုင်သော
U- upright = ဖြောင့်မတ်သော၊သမာဓိရှိသော

K- kind = ကြင်နာတတ်သော
Y- young at heart = စိတ်ပျိုသော
I- innocent = အပြစ်ကင်းသော

Thursday, January 22, 2015

ကွက်​လပ်​ဖြည့်​ပါ

ကွက်လပ်ဖြည့်ပါ
---------------------
အနော်ရထာက
ဘာသာရေးမှာပြတ်သားခဲ့တယ်
စီးပွားရေးမှာ အမြင်ကျယ်ခဲ့တယ်
သူရဲကောင်းတွေကိုချီးမြှောက်ခဲ့တယ်
ပညာရှိတွေကိုဆည်းကပ်ခဲ့တယ်
ပြည်သူတွေအတွက်အမြဲကြည့်ခဲ့တယ်

ကျန်စစ်သားက
မျိုးချစ်စိတ်ဓာတ်ခိုင်မာတယ်
ဂရုဏာတရားကြီးမားတယ်
မင်းကျင့်တရားလိုက်နာတယ်
ဘယ်သူ့ကိုမှအားမကိုးဘူး
အနုပညာကိုချစ်တတ်တယ်

သီပေါမင်းက.....
ဦးနေဝင်းက.....
ဦးသန်းရွှေက.....
ဦးသိန်းစိန်က....
..........................
..........................။  

Wednesday, January 21, 2015

မြန်​မာ့ရုပ်​ရှင်

မြန်​မာ့ရုပ်​ရှင်
...................

ငါ့ကို မိ​ကျောင်းမင်း​ရေခင်းမပြနဲ့ မိနွယ်
အဲဒီဖက်​ဆစ်​ယုတ်​​တွေကိုအပြတ်​တိုက်​ထုတ်​ရမယ်​ကွ
မေ​မေ့မှာ နှလုံး​ရောဂါရှိတယ်​တဲ့ ​မောင်
မင်းတို့​ကောင်​​တွေတူဖြစ်​တုန်းနှံထားအုံး​ပေါ့ကွာ
ရှင်​ဘာမှရှင်းမပြနဲ့ကျွန်​မဘာမှမကြားချင်​ဘူး
မြို့ပြင်​ကဇရပ်​ကြီးဆီ​ငွေသိန်းတစ်​ရာယူပြီးလာခဲ့ပါ
မ​ပြောမပြီးမတီးမမြည်​ဆိုသလိုပဲ ငါ့တူ​ရေ
မြို့ပိုင်​မင်းကို အားကိုးပါတယ်​ဗျာ ကူညီပါ
မြူးကြွတဲ့​တေးသံပျံ့လွင့်​လို့​နေ
အ​မေ သားကိုခွင့်​လွှတ်​ပါ အဟင့်​ ဟင့်​ အင့်
မင်းလို​တေ​လေဂျပိုးနဲ့ငါ့သမီးနဲ့တန်​လား
ငါတို့ တပ်​မ​တော်ဆိုတာ .............ဒါပဲ
အလာ​ကောင်း​ပေမယ့်​ အခါ​နှောင်းသွားပြီမိညို
ဒိုင်း   ဒိုင်း ဖွတ်​ ဖွတ်​ ...
မင်းတို့ရဲ​တွေကို ငါတို့ချဲ​တွေ ဝိုင်းထားပြီကွ

Tuesday, January 20, 2015

the betterfly and the rose

the butterfly and the rose
လိပ်​ပြာနှင့်​နှင်းဆီ
......................

i walk the dream
where the street
breathes in the shadow
of moon-light,
the lovers night.

လ​ရောင်​ပဝင်း လမ်းကျဉ်းကျဉ်း၏
ချစ်​ခြင်းအရိပ်​ ညတိတ်​တိတ်​တွင်
အိပ်​မက်ဝင်ေ​ရာက် ငါ လမ်း​လျှောက်​ခဲ့.....

oh, sweet love
long time coming
longer time whispering
us free.

အို...ချစ်​ရသူ
ချစ်​သည်းအူ​ရေ ​​အော်​​ခေါ်​နေမိ
ကြာဘိကြာရှည်​ တိုးတိုး​လေသံ
ညလယ်​ယံမှာ ပျံ့လွင့်​လာ၏......

i sing your eyes
as willows
stretching into
the ever passing winds

သီဆို​ကြွေးဟစ်​ ​တေးချင်းသစ်​​တွေ
အချစ်​မျက်​ဝန်း ရိုက်​ခတ်​ညွှန်း​စေ
မ​ပြေမပျက်​ ​လေပြည်​ခတ်​သလို
နှစ်​သက်​တိုးဝင်​ မိုးမခပင်​လို
ပျိုလွင်​ထာဝရ ခမ်းနားလှ၏....

i speak the words of my heart
i sing the songs of my dreams

နှလုံးသား၏ ......
စကားချိုမြ ငါ ​ပြောပြမိ
တသသလွမ်း အိပ်​မက်​လမ်းကို
မှတ်​တမ်းဆိုမိ ချစ်​သူသိ​စေ......

i see in the water
your image
and it’s true...
as i ride the butterfly,
i offer the rose

ငါ မြင်​သိရာ ​ရေပြင်​လွှာထဲ
ပေါ်လာမြဲသည်​ ချစ်​သည်းကြင်​သူ
ပုံရိပ်​ ထူ​ပြော သ​ဘောအမှန်
အ​ပြောဖန်​မူ ဧကန်​စင်​စစ်
ငါ.........
လိပ်​ပြာဖြစ်​၍ ချစ်​သူသင်သည်
ပန်း​နှင်းဆီ​ပဲ ရဲရဲရင့်ရင့်လှလိုက်​ပါ.....

W. Jude Aher ၏ ကဗျာကို သားစိုးလုပ်​သည်​။

အငြင်းဝါကျတစ်​​ကြောင်း၏တာဝန်

အငြင်းဝါကျတစ်​​ကြောင်း၏တာဝန်
.....................................................

အရက်​ဆိုင်​ကပျံလွင့်​လာတဲ့ တရားသံကိုနားစွင့်
ရုံးပေါ်မှာ လက်​မှတ်​ထိုး​နေတဲ့လူကြီး ဗိုက်​အင့်

က က​လေးငယ်​ ချစ်​စဖွယ်​ ဆရာမ​လေးက
ပါတိတ်​လုံချည်​နဲ့ ကြွကြွရွရွ

ငါတို့ကို ချစ်​ခင်​​လေးစားတဲ့ ဘဘစိန်
မျက်​ရည်​ယိုဗုံး​ အားကိုးပြီး အမိန့်​နဲ့ နှိမ်

Facebook ​ပေါ်က အတင်းအဖျင်း​တွေက
ငါ့ ကဗျာ​တွေကို လျှာထုတ်​ပြ

ည​နေစာမရှိ​သေးတဲ့ မိသားစု​ခေါင်း​ဆောင်
ကျူခုံမှာ လက်​မတ​ထောင်​​ထောင်

အချစ်​ကို သံစဉ်​ချိုတဲ့ ​ကောင်​မ​လေး
ပန်းခြံထံမှာ သိက္ခာစ​တေး

Monday, January 19, 2015

Incantation

Incantation
ဂါထာရွတ်​သံ
.....................

A white well
In a black cave;
A bright shell
In a dark wave.

အသူရာလိုဏ်​ဂူထဲက
ရေကြည်​​အေး​အေး​တွေ့ရ
ကြောက်​စရာလှိုင်းတစ်​ခု​အောက်​က
တောက်​ပတဲ့ ကမာခွံ​ဖွေးလွလွ

A white rose
Black brambles hood;
Smooth bright snows
In a dark wood.

ဆူးချုံရိုင်းရိုင်း​​ပေါ်ပွင့်​ဖူးပြ
အဖြူ​ရောင်​နှင်းဆီလှလှ
ထိတ်​လန့်​စရာ​တောနက်​ထဲက
အေးမြမြနှင်းစစ

A flung white glove
In a dark fight;
A white dove
On a wild black night.

ရက်​စက်​တဲ့ကြိုးဝိုင်း​ပေါ်က
ကျေ​အေးမှုလက်​အိတ်​ကို​ဝှေ့ယမ်းပြ
ရိုင်းစိုင်းတဲ့ စစ်​​မြေပြင်​ညထဲက
ငြိမ်းချမ်း​ရေးတမန်​​တော်​လှမ်းကြွ

A white door
In a dark lane;
A bright core
To bitter black pain.

ဆိုးရွားတဲ့လမ်းကျဉ်း​လေးထဲက
လွတ်​​မြောက်​ရာတံခါးတစ်​ခုမြင်​ရ
ခါးသီးနားကျည်းခဲ့တဲ့ဒဏ်​ရာထဲက
ကျေနပ်​စရာ​ကောင်းတဲ့ဘဝ

A white hand
Waved from dark walls;
In a burnt black land
Bright waterfalls.

အ​မှောင်​နဲ့တည်​​ဆောက်​ထားတဲ့နံရံ​ပေါ်က
ရိုးသားတဲ့ကူညီသူတစ်​​ယောက်ရ
လောင်​ကျွမ်းပြီး​မြေရိုင်းလွင်​ပြင်​ထဲက
အံ့ဩဖွယ်​ရာ​ရေတံခွန်​တစ်​ခုစီးကျ

A bright spark
Where black ashes are;
In the smothering dark
One white star.

အနိဋ္ဌာရုံပြာ​တွေ​မျောလွင့်​​နေရာက
တောက်​ပတဲ့မီးအလင်းကိုမြင်​ရ
မွန်းကြပ်​မှု​တွေနဲ့အ​မှောင်​ကမ္ဘာထဲက
လမ်းညွှန်​သူ ကြယ်​တစ်​စင်းလှပ

Elinor Wylie ၏ ကဗျာကို အ​လေးပြုသည်​။ ။

Sunday, January 18, 2015

လည်​​နေ​သောပန်​ကာ

လည်​​နေ​သောပန်​ကာ
.........................

လူ​တွေရဲ့မျက်​ခုံး​မွှေး​ပေါ်မှာ
ငါ ​ခြေ​ဆောင့်​ခဲ့ဖူးတယ်

မိ​ကျောင်းမင်းကို compass မ​ပေးမိလို့
ည​နေဟာ တနင်္ဂ​နွေရဲ့မနက်​စာဖြစ်​ခဲ့တယ်

ဘယ်​ရထားကိုမှလက်​မခံချင်​​တော့တဲ့ဘူတာ
ဥဩသံကြားရင်​ ရင်​ခုန်​​တော့တာပါပဲ

အပရာပရိယကံကိုလာဘ်​ထိုးဖို့
ငါ့ရဲ့ သီလ​တွေ ကကြီးခ​ကွေးမဖြစ်​ခဲ့ဘူး

လုံးလုံးမပွင့်​ဘူးဆိုတဲ့မာနနဲ့
အချစ်​ဟာ အိပ်​မက်​ထဲမှာ ​ရေခဲခဲ့တယ်

ဖြစ်​ခဲ့၏

ဤ၍၎င်း၌ဖြစ်​ခဲ့၏
....................

ခင်​မင်​စရာ​တွေဂဃနဏလင်းခဲ့
ရွာပြန်​လာတဲ့ စာဥ မန်​ကျည်းရိပ်​မှာငို

ဦပုည​ပြောတဲ့​တေးထပ်​ချိုချိုကိုတီးခတ်​ပြ
မျောက်​တစ်​​ကောင်​ငြိမ်​သက်​သွားမယ့်​ပ​လွေသံကြား

ရာဟုလာရခဲ့တဲ့အ​မွေငါ့ကို​ပေးပါ
ဆင်းရဲခြင်း​တွေ Hip-Hop ဆိုပါ​စေ

ရှင်​ဘုရင်​မသိတဲ့စာနာခြင်းမိုး​ရေ...
မရွာပဲမခြိမ်းပါနဲ့ကွယ်

Passing Time

Passing Time
ရွေ့လျားနေသောစက္ကန့်များ
......................................

Your skin like dawn
Mine like musk

သင့်ရဲ့ အသားရေက အရုဏ်ဦးလိုဝင်းပ
ငါ့မျက်နှာက ကတိုးနံ့လိုဟောင်ဖွဖွ

One paints the beginning
of a certain end.

တစ်ယောက်ယောက်က
သေချာတဲ့နိဂုံးတစ်ခုကိုခြယ်သ

The other, the end of a
sure beginning.

အဲဒီနိဂုံးအဆုံးသတ်က
အခြားတစ်ယောက်အတွက်သေချာတဲ့နိဒါန်းအစ

Maya Angelou ၏ ကဗျာကို ရင်​ခုန်​သည်​။

Eyesight

Eyesight
မြင်​ကွင်း
..............

It was May before my
attention came
to spring and

နွေဦးကိုငါသတိမမူခင်​မှာပဲ
အလို...
မေလဟာ​နေ​ရောင်​ကျဲ​ပေါ့

my word I said
to the southern slopes
I've

ငါ​ပြောဖြစ်​ခဲ့တဲ့စကား​တွေ
တောင်​ဘက်​ပိုင်းရဲ့ဆင်​​ခြေ​လျောအတိုင်း​ရွေ့လျား
ငါ....

missed it, it
came and went before
I got right to see:

ဒါကိုလွမ်းဆွတ်​​ခဲ့ချိန်​မှာ
အဲဒီစကား​တွေပြန်​​ရောက်​လာပြီးပြန်​ထွက်​သွား
ငါ အမှန်​အတိုင်းမသိခင်​..

don't worry, said the mountain,
try the later northern slopes
or if

မပူပါနဲ့လို့ ​တောင်​တန်းကြီးကအား​ပေး​နေ
မြောက်​ပိုင်း ဆင်​​ခြေ​လျောကိုကြိုးစား​စေ
ဒါမှမဟုတ်​.. ....

you can climb, climb
into spring: but
said the mountain

သင်​ တတ်​ခဲ့ပါ တတ်​လိုက်​စမ်းပါ
နွေဦးဆီသို့​ရောက်​​အောင်​လာ
တောင်​တန်းကြီးက ဟစ်​​ကြွေး.. ...

it's not that way
with all things, some
that go are gone

ဒီလမ်းမဟုတ်​ပါဘူး​လေ
အရာအားလုံးနဲ့ဆိုင်​တဲ့ခရီး
သွားနှင့်​သူ​တွေ ​ရောက်​ကြပြီ....

A. R. Ammons ၏အထက်​ပါကဗျာကို သ​ဝေထိုးသည်​။ ။

ည​ပျောက်​​တေး


ညပျောက်တေး
..................

ကပိုကရိုအမုန်းဆိုတာရှိသလားဦးငြိမ်းမင်းရေ
ဂရိတွေစားခဲ့တဲ့ကာမဂုဏ်တွေခုထိဝေဆာဆဲ

ဂင်္ဂါမြစ်ထဲမှာပန်းသီးအပုပ်တွေပေါလောပေါ်
အင်တာနက်ကိုလည်းပုထုဇဉ်လို့ပဲခေါ်

ဘယ်သူမှမပျော်တဲ့စပယ်နမ်းည
ငါ့ကို ခေတ္တဂျပန် ပို့ပေးပါ

ကမ္ဘာပျက်မယ့်နေ့မှာ
ကဗျာတစ်ပုဒ်ရေးချင်ပါတယ်
နွဲ့နွဲ့မူ မျက်ရည်မလည်စေချင်လို့

Saturday, January 17, 2015

A visit

A Visit
အလည်​တစ်​​ခေါက်
.....................

Gone are the days
when you could walk on water.
When you could walk.

နေ့များစွာကုန်​ဆုံးလာ
သင်​ ​ရေ​ပေါ်မှာလမ်း​လျှောက်​နိုင်​တဲ့အခါ
သင်​ ​လျှောက်​နိုင်​တဲ့တစ်​​နေ့မှာ.....

The days are gone.
Only one day remains,
the one you're in.

နေ့များစွာကုန်​ဆုံးခဲ့၏
တစ်​ရက်​သာကျန်​ရှိ
သင်​ ရှိ​နေတဲ့တစ်​ရက်​တိတိ....

The memory is no friend.
It can only tell you
what you no longer have:

မှတ်​ဥာဏ်​ထဲမှာမိတ်​​ဆွေမပါ
သင့်​ကိုသာ​ပြောပြနိုင်​တာ
သင့်​မှာ မရှိ​တော့မယ့်​အရာ....

a left hand you can use,
two feet that walk.
All the brain's gadgets.

ဘယ်​ဘက်​လက်​ကိုသုံးပါ​တော့
နှစ်​​ပေအကွာ​ရောက်​ခဲ့​ပေါ့
ဦး​နောက်​ရဲ့​စေရာ​နော့.....

Hello, hello.
The one hand that still works
grips, won't let go.

ခေါ်သံကိုကြားရလား
ရှင်​သန်​ဆဲလက်​တစ်​ဖက်​ရဲ့အား
ထွက်​မသွား​စေနဲ့ဆုပ်​ကိုင်​ထား

That is not a train.
There is no cricket.
Let's not panic.

အဲဒါ ရထားတစ်​စီးမဟုတ်​ဘူး
ဘာအင်းဆက်​မှမရှိဘူး
အထိတ်​တလန့် မဖြစ်​ရဘူး

Let's talk about axes,
which kinds are good,
the many names of wood.

ပုဆိန်​​တွေကို​ရွေးရ​အောင်
အ​ကောင်းဆုံးကဘာလဲငါ့​ကောင်
သစ်​​အမည်​​တွေကလည်းများ​မြောင်

This is how to build
a house, a boat, a tent.
No use; the toolbox

ဒါဟာ တည်​​ဆောက်​မှုပညာပဲ
အိမ်​တစ်​လုံး ​လှေတစ်​စီး တဲတစ်​တဲ
ဘာကိရိယာမှမသုံးစွဲ

refuses to reveal its verbs;
the rasp, the plane, the awl,
revert to sullen metal.

သူ့ရဲ့အပြုအမူ​တွေကို​ဖော်​ပြဖို့ငြင်းဆန်
တံစဉ်း ​ရွေ​ပေါ် နဲ့ ဆူးချွန်
မူလအတိုင်းမဖြစ်​​တော့တဲ့သတ္တု​မှန်

Do you recognize anything? I said.
Anything familiar?
Yes, you said. The bed.

တစ်​စုံတစ်​ရာကိုမှတ်​မိလား​မေးပါရ​စေ
သင်​ရင်​နှီးတဲ့တစ်​ခုခု​လေ
အိပ်​ယာ လို့ သင်​က​ ဖြေ

Better to watch the stream
that flows across the floor
and is made of sunlight,

စမ်း​ချောင်း​လေးကို​စောင့်​ကြည့်​တာပိုရင်​ခုန်
ကြမ်းပြင်​​ပေါ်ဖြတ်သွားတဲ့​ရေမှုန်​မှုန်
နေ​ရောင်​ခြည်​နဲ့တလက်​လက်​စုံ

the forest made of shadows;
better to watch the fireplace
which is now a beach.

အရိပ်​​တွေနဲ့မှိုင်းညို့ညို့သစ်​​တောက
မီးဖိုဖြစ်​ဖို့​စောင့်​ကြည့်​ရတာလှပ
အခု​တော့ ဒါဟာ ကမ်း​ခြေတစ်​ခုဘဝ

Margaret Atwoo ၏ ကဗျာကို ဦးညွတ်​သည်​။

ထုံ​ဆေး​ပေးခံရတဲ့နာရီ


ထုံဆေးပေးခံရတဲ့နာရီ
.........................
မေးသိုင်းကြိုးမတပ်မိတဲ့ကော်ဖီနဲ့
နှဲမှုတ်သံလွင့်နေတဲ့စာမေးပွဲမှာ
ငါဟာလူညံ့ပဲဖြစ်ချင်ပါတယ်

သစ်တောတစ်ခုလုံးကွဲကြေကျ
အဘိဓာန်ကလွှတ်ချခဲ့တဲ့ငြင်းခုံစရာတွေ
Hallခန်းထဲမှာအိပ်ပျော်ပါစေ

ခါကာဘိုရာဇီကနှင်းဖွေးဖွေးတွေ
ဦးပိန်တံတားပေါ်မှာလက်ပစ်ကူး
ငါ့ကိုဝါဆိုတစ်မူးလောက်ပေးပါ

အတင်းပြောတတ်သူတွေကိုရယ်ပြဖို့
ရုပ် နာမ် ဓမ္မ အသစ်လဲလိုက်တယ်
ပြီးမှ
မိုးယုစံကိုပဲဆက်ချစ်ရတော့မယ်

မိုးယုစံ = အိမ်မွေးကြောင်မလေး

Friday, January 16, 2015

အချစ်​ပင်​ပျို


အချစ်​ပင်​ပျို
..................
သွားမရှိ​တော့တဲ့ခ​ရေပန်း​လေးက
နေ​ရောင်​ခြည်​ကိုပန်​ထားတယ်

ပြာနုနုနှင်း​တွေကတဝဲဝဲ
တိမ်​ညိုကျဲတဲ့​ရေခဲ​တွေလား

အ​ဝေးကမြင်​ရတဲ့ပြုံးနဲ့တင်
ငါ့ရင်​ကိုတဆတ်​ဆတ်​လှုပ်​​စေတယ်

ဆောင်းဥတုခုနစ်​ဆယ်​ကခဏ​လေးပါလား
အချစ်​​တွေခုထိမဖျား​သေးဘူး​နော်

Thursday, January 15, 2015

ချယ်​ရီပန်း

ချယ်ရီပန်းတွေပွင့်ပြန်ပြီ မောင်
..................................
မျှော်လေရာမှာ အုံ့စိုမှိုင်းပျ
နှင်းတွေက အတွေ့အကြုံမရှိသေးသလို တဖွဖွကျ
လမ်းဘေးကခြုံပုတ်တွေပေါ်မှာ ပန်းရိုင်းဝါဝါတွေလှပ
ချယ်ရီပန်းတွေပွင့်ကြတော့မယ် မောင်.....

လူကြီးတွေနားမလည်သေးတဲ့အချစ်တစ်ခုပြန်အသက်ဝင်
မျက်မြင်သက်သေမလိုတဲ့ ဒဏ္ဍာရီပုံပြင်
ဟောဒီ ဆောင်းရာသီကိုကျိန်စာပေးခဲ့တဲ့ ဝိဥာဉ်
ချယ်ရီပန်းတွေပွင့်ချင်နေပြီ မောင်....

ချိုပြုံးရဲ့သီချင်းတွေကိုမှကြိုက်လှပါတယ်ဆိုသူ
မမုန်းပဲခွဲခွာခြင်းကိုရွေးချယ်ခဲ့တာမငြူစူ
ခွင့်လွှတ်ခြင်းတွေ ကျွန်မကို သင်ပေးတဲ့ချစ်သူ
ချယ်ရီပန်းတွေ ပွင့်ဖို့တာစူနေပြီ မောင်.....

အချစ်မှာပြက္ခဒိန်မရှိဘူးလို့ယုံယုံကြည်ကြည်
မနေ့ကအကြောင်းတွေအတွက်တွေဝေမှုကင်းခဲ့ပြီ
အစွဲစိတ်ခန္ခာမှာသုညတွေဝေဝေစီစီ
ချယ်ရီပန်းတွေပွင့်ကြပြန်ပြီ မောင်.....

Wednesday, January 14, 2015

Refusal

Refusal
ငြင်းဆိုခြင်း
............

Beloved,
In what other lives or lands
Have I known your lips
Your Hands
Your Laughter brave
Irreverent.

ချစ်​သူ...
ငါသိခဲ့ဖူးသလား
မင်းရဲ့နှုတ်​ခမ်းပါး​တွေ
မင်းရဲ့ နုညံ့တဲ့လက်​​တွေ
မင်းရဲ့ မခိုးမခန့်​ရယ်​သံရင့်​ရင့်​​တွေ
အခြားဘယ်​​နေရာမှာဖြစ်​ဖြစ်​​ပေါ့.....

Those sweet excesses that
I do adore.

အဲ့ဒီ အကဲပိုပို အချွဲချိုချို​တွေကိုပဲ
ငါ..တကယ်​ပဲ မြတ်​နိုးခဲ့တာ​လေ.

What surety is there
That we will meet again,
On other worlds some
Future time undated.

အနာဂတ်​ရဲ့ ရက်​စွဲမသိတဲ့အချိန်​တစ်​ခုမှာ
မင်းနဲ့ ငါပြန်​ဆုံဖို့အခွင့်​အ​ရေး
ဘယ်​သူအာမခံ​ပေးမှာလဲ ဟင်....

I defy my body's haste.

ငါက​တော့
ငါ့ကိုယ်​ငါ အ​ရေးတကြီး ဆန့်​ကျင်​ဖီဆန်​မိ

Without the promise
Of one more sweet encounter
I will not deign to die.

နောက်​ထပ်​ကြည်​နူးစရာ​တွေ မကြုံရသ​ရွေ့
မင်းရဲ့ ကတိစကားမပါပဲ
ငါ ​သေဖို့မရဲ​သေးဘူး ချစ်​သူ......

Maya Angelou ၏ကဗျာကို ကျီစယ်​သည်​။ ။

Rapids

Rapids
လျှပ်​တစ်​ပျက်​များ
..................
ရွက်​​ကြွေ​တွေက
နွေဦးရာသီရဲ့ဝတ်​မှုန်​မဲ့ပန်း​တွေထက်​ပိုပြီးနီလွှလွှ
ရံဖန်​ရံခါ ​လေညွှန်​ရာမှာ ​ဝေ့ဝဲခုန်​ဆွ
သောင်​စပ်​​ပေါ်မှာလူ​တွေကြားမှာဝပ်​တွားခယ
ငါ မ​ရောက်​တာကြာ​ပေမယ့်​ သတိတရ
ည​ကောင်းကင်​ကို​မော့ကြည့်​ခွင့်​ရ
နောင်​နှစ်​​ပေါင်းသန်းတစ်​ရာအကြာ
ဘာ​တွေဘယ်​လိုဖြစ်​မယ်​ဆိုတာ​ပြောပြ
လူသား​တွေအစရှာလို့မရ
ဖြစ်​တည်​မှုပျက်​ဆဲခဲ့တဲ့ခဏ
ငါ...ပြန်​​ရောက်​လာမယ့်​​နောက်​တစ်​ဘဝ

Fall's leaves are redder than
spring's flowers, have no pollen,
and also sometimes fly, as the wind
schools them out or down in shoals
or droves: though I
have not been here long, I can
look up at the sky at night and tell
how things are likely to go for
the next hundred million years:
the universe will probably not find
a way to vanish nor I
in all that time reappear.

A. R. Ammons ၏အထက်​ပါကဗျာကို ထင်​တိုင်းကျဲသည်​။

Tuesday, January 13, 2015

KTV

KTVမ​လေးနှင့်​စကားစမြည်
................................

ယမင်းချိုလို့​ခေါ်တယ်​အိမ်​နာမည်​ကAngleတဲ့
အ​ဖေနဲ့အ​မေကကွဲ​နေတာကြာပြီ​လေ
ဟင့်​အင်း...သမီးက အရက်​မ​သောက်​ဘူး
ဒီလိုပဲ ဆိုတတ်​​အောင်​ကျင့်​ထားရတာ​ပေါ့ ဦးရယ်
တစ်​ခါတစ်​​လေ ညလုံး​ပေါက်​ ထိုင်​ရတယ်​ရှင့်
ဦးရဲ့မိသားစုအ​ကြောင်း​ပြောပြဦး​လေ
ဦးတို့ဘဝက သိပ်​သာယာတာပဲ​နော်
ဆယ်​တန်းအထိ​တော့​ရောက်​ခဲ့တယ်​မတတ်​ခဲ့ရဘူး
တစ်​ချို့လူကြီး​တွေက သိပ်​မိုက်​ရိုင်းတယ်
စု​တော့စုတာပဲအဝတ်​စားဝယ်​တာနဲ့ကုန်​တာ
လုပ်​​ဖော်​ကိုင်​ဖက်​​တွေက​တော့​စောင့်​​ရှောက်​ပါတယ်
ဒီမြို့​ရောက်​တာသုံးလရှိပြီ​လေ
တစ်​ခြားအလုပ်​လည်းမလုပ်​တတ်​ဘူး
ဟုတ်​...ဒီဘဝကလွတ်​ချင်​တာ​ပေါ့ရှင်
နောက်​တစ်​ခါလာရင်​ဖုန်းကြိုဆက်​​နော်​ ဦး..
သမီးလက်​ကိုင်​ထားတဲ့ဒဿနကလား
''​ယောက်ျား​တွေကို အရမ်းမုန်းတယ်​ ''

Before

Before
မတိုင်​ခင်

ဝင်​​ပေါက်​မပိတ်​​သေးခင်
နောက်​ဆုံး​မေးခွန်းမတင်​သွင်းခင်
ငါ.ဘဝကို key မချိန်းခင်

Before the gate has been closed,
before the last quetion is posed,
before I am transposed.

ပေါင်းပင်​​တွေ ဥယျာဉ်​ထဲမပြည့်​ခင်
ခွင့်​လွှတ်​ခြင်း​တွေ မရှိ​သေးခင်
ကွန်​ကရစ်​​တွေ မမာ​ကျော​သေးခင်

Before the weeds fill the gardens,
before there are no pardons,
before the concrete hardens.

ပု​လွေ​ပေါက်​​တွေ အပိတ်​မခံရခင်
အရာရာကို​သော့ခတ်​သိမ်းမထားခင်
စည်းမျဉ်း​တွေကို ရှာမ​တွေ့ခင်

Before all the flute-holes are covered,
beore things are locked in then cupboard,
before the rules are discovered.

နိဂုံးသို့ ဦးမလှည့်​ခင်
ဘုရားသခင်​က သူ့လက်​ကိုမရုပ်​သိမ်းခင်
ငါတို့မှာ ရပ်​တည်​စရာ​နေရာမရှိခင်

Before the conclusion is planned,
before God closes his hand,
before we have nowhere to stand.

Yehuda Amichai ၏ကဗျာကို ကုလားဖန်​ထိုးသည်​။ 

Sunday, January 11, 2015

တစ်​ကျပ်​တန်​ပုံပြင်

တစ်ကျပ်တန်ဝေဒနာ
......................

လူ့လောကထဲရောက်ခါစ
ငါ့တန်ဖိုးက မြင့်မြင့်မားမား
ငါ့စကားတွေက လူရာလည်းဝင်
ငါ့ကိုမြင်ရင် ချစ်ခင်မြတ်နိုး

ငါ့အသက် အနှစ်နှစ်ဆယ်မှာ
နှစ်ရာတန်စီစီရီရီရောက်
ငါးရာတန်ပြီတီတီရောက်
ဗဟိုဘဏ်က ငါ့ကိုခေါက်ထားပြီ

ဥပေက္ခာပြုခံရတဲ့ အချိန်အခါ
နွမ်းညစ်နေတဲ့ ငါ့ခန္ဓာ
နှီးဖျာအောက်မှာ ပိပြားစုတ်ပြဲ
ငါ့ ရင်ဘတ်ပေါ်က
ဗိုလ်ချုပ်ကိုပဲ အားနာမိတော့တယ်

Saturday, January 10, 2015

အချစ်​များငါ့ဆီမှာ

အချစ်များငါ့ဆီမှာ
----------------------
မောင်တစ်ယောက်သာ၊ ရင်ထဲမှာရှိ
ခွဲခွာမည့်အရေး၊ မတွေးရဲဘူး
အချစ်ဦး၏၊  ညွတ်နူးချိုမြ
စကားလှတွေ၊  ပျောက်ရှလွင့်ပါးခဲ့ပြီးပြီ။  ။

နှစ်ယောက်တစ်ဘဝ၊  လျှောက်ကြရအောင်
မရဲ့မောင်လေး၊  သတ္တိမွေးဟု
အားပေးစကား၊  မေတ္တာမျှားတွေ
ကျိုးသွားခဲ့တာ ကြာခဲ့ပြီ။   ။

ကိုကို့အတွက်၊  အသက်ပေးမြဲ
ထပ်မဝေးရဲဘူး၊  ရူးအောင်ချစ်မယ်
ပရိယာယ်တွေ၊  နွေမှာလွင့်ပါး
အငွေ့ပျံသွားတာ ကြာခဲ့ပြီ။  ။

ဘဝတစ်ခု၊  စိုပြည်မှုအတွက်
ချစ်မှုသံယောဇဉ်၊  ကင်းခဲ့လျှင်မူ
အကြင်သူသည်၊  ရင်ဆူနွမ်းလျ
ထီးကျန်ရသတဲ့။   ။

တဖန်ပြန်တွေး၊  အချစ်ရေးကြောင့်
ရင်လေးစိတ်ပူ၊  သောကထူကြ
ငြူစူဒုက္ခ၊  ဗရပွနှင့်
ဘဝရှုပ်ထွေး ရှိကြသေးသတဲ့။     ။

သြော်.......
လူဆိုသည်မှာ
ကံချရာဇာတ်၊  ကပြတတ်မှ
မြင့်မြတ်စိတ်ထား၊  ကုသိုလ်ပွားမှ
ရိုသားကျေနပ်၊  စာနာတတ်မှ
အထက်တန်းကျမည်မဟုတ်လား။   ။

Friday, January 9, 2015

Recovery

နောက်​တဖန်
....................
တစ်​နေ့လည်​လုံး
သစ်​ပင်​ရဲ့အရိပ်​​တွေ
တဖြည်းဖြည်း ရှည်​ ထွက်​ လာ ...
နေဝင်​ချိန်​က
သူတို့ကို အဆုံးမဲ့ အရိပ်​​တွေဖြစ်​​အောင်​​ဆွဲဆန့်​သွား
အရိပ်​​တွေ အားလုံး​သေဆုံးသလား

နောက်​မနက်​မှာ
အ​မှောင်​ထုဟာ
အ​ဝေးဆုံး​နေရာကပြန်​​ရောက်​လာ
ပြီး​တော့
အရိပ်​​တွေကို ​မြေ​ပေါ်ပြန်​ချ
တစ်​မနက်​လုံး
ကျစ်​လျစ်​ထင်​ရှား​စေရာ
ဘဝတစ်​ခု အသစ်​ပမာ.......

Recovery

All afternoon
the tree shadows, accelerating,
lengthened
till
sunset
shot them black into infinity:
next morning
darkness
returned from the other
infinity and the
shadows caught ground
and through the morning, slowing,
hardened into noon.

A. R. Ammons ၏ကဗျာကို ချဲ့သည်​။ 

Thursday, January 8, 2015

ကြော်​ငြာ

ြ​ကိ​တ်​ပိုး​ဘွဲ့
.................

တိ​တ်​တိ​တ်​ခိုး၊
ြ​ကိ​တ်​ပိုး​ပါ​လို့ အချိ​န်​ကု​န်။ ။

ဟို​င်း​ဇာ​တာ ​ပါ​လာေ​ရာ့​ထ​င့်၊
ေ​ရး​ခွ​င့်​မြ​ကုံ။ ။

​စာ​လႊာမ်ား​မွာ​ေ​တာ့၊
မ​ပါြး​ဖ​စ်​လို့ ​အ​ပုံ​အ​ပုံ၊
ြ​ကုံ​ပါ​ရ ​သ​ည်​ကံမျိုး။ ။

ခု​တို​င်ေ​အာ​င်၊
ရ​ည်း​စား​ဆို ချိုေ​ထာ​င်ေ​ထာ​င်နှ​င့်၊
ဟို​အေ​ကာ​င် ​ဘဲ​ဥ​လား​ရ​ယ်​လို့၊
မှား​ထ​င်​ရဲ့ဗျိုး။ ။

မင်း​သု​ဝ​ဏ်

Wednesday, January 7, 2015

မာနစိတ်​ကူး

စိတ်ကူးမာန
A Conceit

ငါ့ကို ကူညီ​ပေးပါ
ကဗျာနယ်​ပယ်​ရဲ့ လွန်​​မြောက်​ရာ
သင့်​ရဲ့ ဦး​ဆောင်​မှု​နောက်​မှာ
ငါ့အတွက်​ ​နေရာတစ်​​နေရာ
ချန်​ထား​ပေးပါ ချစ်​​မေတ္တာ

Give me your hand
Make room for me
to lead and follow
you
beyond this rage of poetry.

ပျောက်​ဆုံးသွားကြတဲ့ ကြင်​နာမှု​တွေ
စကားလုံးရဲ့ ​စေစားရာ အရိပ်​​တွေ
သူတို့ သီးခြား ပိုင်​ဆိုင်​ကြပါ​စေ

Let others have
the privacy of
touching words
and love of loss
of love.

ငါအတွက်​​တော့
သမုဒယကို မြင်​​တွေ့ခွင့်​​ပေးပါ
အို.....ချစ်​သူ

For me
Give me your hand.

Maya Angelou ၏ ကဗျာကို ဖျက်​ဆီးသည်

Tuesday, January 6, 2015

မျိုးချစ်​စိတ်

မျိုးချစ်​စိတ်
.................
ဒေါ်မာမာ​အေး ရဲ့
ရွှေပြည်​စိုး သီချင်းကို
အကြိမ်​ နှစ်​​ထောင်​​လောက်​နား​ထောင်​ပြီးပြီ
ပြန်​မဆိုတတ်​လို့ ငါဝမ်းနည်းမဆုံးဘူး

ပန်းချီ​အောင်​စိုးရဲ့
လျှို့ဝှက်​မှဲ့​လေးကို
သူ့ပန်းချီတိုင်းမှာရှာပြီးပြီ
ရှာတိုင်းမ​တွေ့လို့ ငါ​ကြေကွဲမဆုံးဘူး

လယ်​တီဆရာ​တော်​ဘုရားကြီးရဲ့
ရသစုံကဗျာ​တွေကို
လက်​လှမ်းမှီသ​လောက်​ဖတ်​ပြီးပြီ
ကဗျာရဲ့အတိမ်​အနက်​ကို
အခုထိမချိန်​စက်​နိုင်​​သေးလို့ ရင်​နာမဆုံးဘူး

စိန်​မွတ္တားရဲ့
ဧည့်​ခံတီးလုံး​တွေကို
အများကြီးနား​ထောင်​ပြီးပြီ
မြန်​မာ့ဆိုင်းဝိုင်းရဲ့ အဆင့်​မြင့်​မှုကို
အကဲမဖြတ်​တတ်​​သေးလို့ အားငယ်​မဆုံးဘူး

အ​မေစုရဲ့
ဘဝဖြတ်​သန်းမှု​တွေကို
စုံသ​လောက်​ဖတ်​ပြီးပြီ
မြန်​မာလူမျိုးအ​ပေါ်ထားတဲ့ ​စေတနာ​တွေကို
ပြည်​သူအားလုံးမသိနိုင်​​သေးတာ
ဒေါသထွက်​လို့ မဆုံးဘူး