Showing posts with label soeminkyaw ပန်း​လောင်​. Show all posts
Showing posts with label soeminkyaw ပန်း​လောင်​. Show all posts

Monday, January 19, 2015

Incantation

Incantation
ဂါထာရွတ်​သံ
.....................

A white well
In a black cave;
A bright shell
In a dark wave.

အသူရာလိုဏ်​ဂူထဲက
ရေကြည်​​အေး​အေး​တွေ့ရ
ကြောက်​စရာလှိုင်းတစ်​ခု​အောက်​က
တောက်​ပတဲ့ ကမာခွံ​ဖွေးလွလွ

A white rose
Black brambles hood;
Smooth bright snows
In a dark wood.

ဆူးချုံရိုင်းရိုင်း​​ပေါ်ပွင့်​ဖူးပြ
အဖြူ​ရောင်​နှင်းဆီလှလှ
ထိတ်​လန့်​စရာ​တောနက်​ထဲက
အေးမြမြနှင်းစစ

A flung white glove
In a dark fight;
A white dove
On a wild black night.

ရက်​စက်​တဲ့ကြိုးဝိုင်း​ပေါ်က
ကျေ​အေးမှုလက်​အိတ်​ကို​ဝှေ့ယမ်းပြ
ရိုင်းစိုင်းတဲ့ စစ်​​မြေပြင်​ညထဲက
ငြိမ်းချမ်း​ရေးတမန်​​တော်​လှမ်းကြွ

A white door
In a dark lane;
A bright core
To bitter black pain.

ဆိုးရွားတဲ့လမ်းကျဉ်း​လေးထဲက
လွတ်​​မြောက်​ရာတံခါးတစ်​ခုမြင်​ရ
ခါးသီးနားကျည်းခဲ့တဲ့ဒဏ်​ရာထဲက
ကျေနပ်​စရာ​ကောင်းတဲ့ဘဝ

A white hand
Waved from dark walls;
In a burnt black land
Bright waterfalls.

အ​မှောင်​နဲ့တည်​​ဆောက်​ထားတဲ့နံရံ​ပေါ်က
ရိုးသားတဲ့ကူညီသူတစ်​​ယောက်ရ
လောင်​ကျွမ်းပြီး​မြေရိုင်းလွင်​ပြင်​ထဲက
အံ့ဩဖွယ်​ရာ​ရေတံခွန်​တစ်​ခုစီးကျ

A bright spark
Where black ashes are;
In the smothering dark
One white star.

အနိဋ္ဌာရုံပြာ​တွေ​မျောလွင့်​​နေရာက
တောက်​ပတဲ့မီးအလင်းကိုမြင်​ရ
မွန်းကြပ်​မှု​တွေနဲ့အ​မှောင်​ကမ္ဘာထဲက
လမ်းညွှန်​သူ ကြယ်​တစ်​စင်းလှပ

Elinor Wylie ၏ ကဗျာကို အ​လေးပြုသည်​။ ။

Friday, January 9, 2015

Recovery

နောက်​တဖန်
....................
တစ်​နေ့လည်​လုံး
သစ်​ပင်​ရဲ့အရိပ်​​တွေ
တဖြည်းဖြည်း ရှည်​ ထွက်​ လာ ...
နေဝင်​ချိန်​က
သူတို့ကို အဆုံးမဲ့ အရိပ်​​တွေဖြစ်​​အောင်​​ဆွဲဆန့်​သွား
အရိပ်​​တွေ အားလုံး​သေဆုံးသလား

နောက်​မနက်​မှာ
အ​မှောင်​ထုဟာ
အ​ဝေးဆုံး​နေရာကပြန်​​ရောက်​လာ
ပြီး​တော့
အရိပ်​​တွေကို ​မြေ​ပေါ်ပြန်​ချ
တစ်​မနက်​လုံး
ကျစ်​လျစ်​ထင်​ရှား​စေရာ
ဘဝတစ်​ခု အသစ်​ပမာ.......

Recovery

All afternoon
the tree shadows, accelerating,
lengthened
till
sunset
shot them black into infinity:
next morning
darkness
returned from the other
infinity and the
shadows caught ground
and through the morning, slowing,
hardened into noon.

A. R. Ammons ၏ကဗျာကို ချဲ့သည်​။ 

Thursday, January 8, 2015

ကြော်​ငြာ

ြ​ကိ​တ်​ပိုး​ဘွဲ့
.................

တိ​တ်​တိ​တ်​ခိုး၊
ြ​ကိ​တ်​ပိုး​ပါ​လို့ အချိ​န်​ကု​န်။ ။

ဟို​င်း​ဇာ​တာ ​ပါ​လာေ​ရာ့​ထ​င့်၊
ေ​ရး​ခွ​င့်​မြ​ကုံ။ ။

​စာ​လႊာမ်ား​မွာ​ေ​တာ့၊
မ​ပါြး​ဖ​စ်​လို့ ​အ​ပုံ​အ​ပုံ၊
ြ​ကုံ​ပါ​ရ ​သ​ည်​ကံမျိုး။ ။

ခု​တို​င်ေ​အာ​င်၊
ရ​ည်း​စား​ဆို ချိုေ​ထာ​င်ေ​ထာ​င်နှ​င့်၊
ဟို​အေ​ကာ​င် ​ဘဲ​ဥ​လား​ရ​ယ်​လို့၊
မှား​ထ​င်​ရဲ့ဗျိုး။ ။

မင်း​သု​ဝ​ဏ်

Tuesday, January 6, 2015

မျိုးချစ်​စိတ်

မျိုးချစ်​စိတ်
.................
ဒေါ်မာမာ​အေး ရဲ့
ရွှေပြည်​စိုး သီချင်းကို
အကြိမ်​ နှစ်​​ထောင်​​လောက်​နား​ထောင်​ပြီးပြီ
ပြန်​မဆိုတတ်​လို့ ငါဝမ်းနည်းမဆုံးဘူး

ပန်းချီ​အောင်​စိုးရဲ့
လျှို့ဝှက်​မှဲ့​လေးကို
သူ့ပန်းချီတိုင်းမှာရှာပြီးပြီ
ရှာတိုင်းမ​တွေ့လို့ ငါ​ကြေကွဲမဆုံးဘူး

လယ်​တီဆရာ​တော်​ဘုရားကြီးရဲ့
ရသစုံကဗျာ​တွေကို
လက်​လှမ်းမှီသ​လောက်​ဖတ်​ပြီးပြီ
ကဗျာရဲ့အတိမ်​အနက်​ကို
အခုထိမချိန်​စက်​နိုင်​​သေးလို့ ရင်​နာမဆုံးဘူး

စိန်​မွတ္တားရဲ့
ဧည့်​ခံတီးလုံး​တွေကို
အများကြီးနား​ထောင်​ပြီးပြီ
မြန်​မာ့ဆိုင်းဝိုင်းရဲ့ အဆင့်​မြင့်​မှုကို
အကဲမဖြတ်​တတ်​​သေးလို့ အားငယ်​မဆုံးဘူး

အ​မေစုရဲ့
ဘဝဖြတ်​သန်းမှု​တွေကို
စုံသ​လောက်​ဖတ်​ပြီးပြီ
မြန်​မာလူမျိုးအ​ပေါ်ထားတဲ့ ​စေတနာ​တွေကို
ပြည်​သူအားလုံးမသိနိုင်​​သေးတာ
ဒေါသထွက်​လို့ မဆုံးဘူး