Tuesday, January 6, 2015

မျိုးချစ်​စိတ်

မျိုးချစ်​စိတ်
.................
ဒေါ်မာမာ​အေး ရဲ့
ရွှေပြည်​စိုး သီချင်းကို
အကြိမ်​ နှစ်​​ထောင်​​လောက်​နား​ထောင်​ပြီးပြီ
ပြန်​မဆိုတတ်​လို့ ငါဝမ်းနည်းမဆုံးဘူး

ပန်းချီ​အောင်​စိုးရဲ့
လျှို့ဝှက်​မှဲ့​လေးကို
သူ့ပန်းချီတိုင်းမှာရှာပြီးပြီ
ရှာတိုင်းမ​တွေ့လို့ ငါ​ကြေကွဲမဆုံးဘူး

လယ်​တီဆရာ​တော်​ဘုရားကြီးရဲ့
ရသစုံကဗျာ​တွေကို
လက်​လှမ်းမှီသ​လောက်​ဖတ်​ပြီးပြီ
ကဗျာရဲ့အတိမ်​အနက်​ကို
အခုထိမချိန်​စက်​နိုင်​​သေးလို့ ရင်​နာမဆုံးဘူး

စိန်​မွတ္တားရဲ့
ဧည့်​ခံတီးလုံး​တွေကို
အများကြီးနား​ထောင်​ပြီးပြီ
မြန်​မာ့ဆိုင်းဝိုင်းရဲ့ အဆင့်​မြင့်​မှုကို
အကဲမဖြတ်​တတ်​​သေးလို့ အားငယ်​မဆုံးဘူး

အ​မေစုရဲ့
ဘဝဖြတ်​သန်းမှု​တွေကို
စုံသ​လောက်​ဖတ်​ပြီးပြီ
မြန်​မာလူမျိုးအ​ပေါ်ထားတဲ့ ​စေတနာ​တွေကို
ပြည်​သူအားလုံးမသိနိုင်​​သေးတာ
ဒေါသထွက်​လို့ မဆုံးဘူး

No comments:

Post a Comment