Sunday, January 4, 2015

ပါ​တော်​မူ​နေ့

ပါ​တော်​မူ​နေ့
..................
၁၈၈၅ မှာ
သီ​ပေါဘုရင်​ပါ​တော်​မူခဲ့တယ်

မြန်​မာပြည်​ထဲက ရတနာ​တွေ
ရွှေ ​ရေနံ ​ကျောက်​သံ အစ
အခု ​ကြေးနီ ဓာတ်​​ငွေ့ လျှပ်​စစ်​အဆုံး
အားလုံးပါ​တော်​မူခဲ့ပြီ

မြန်​မာမိန်းက​လေး​တွေ
အိမ်​​စေလုပ်​ဖို့ ပါသွားပြီ

မြန်​မာလူငယ်​​လေး​တွေ
အိမ်​သာ​ဆေး စားပွဲထိုးဖို့ ပါသွားကြပြီ

နေ့တိုင်းဟာပါ​တော်​မူ​နေ့ဖြစ်​ခဲ့တယ်

ပါချင်​တာပါပါ​စေ
လူမျိုးမ​ပျောက်​​စေနဲ့
စာ​ပေမကွယ်​​စေနဲ့
ဂီတယဉ်​​ကျေးမှုမလု​စေနဲ့
ထေရဝါဒမဆုံးရှုံး​စေနဲ့

သတိထား​နေပါ
သတိထား​နေပါ
သတိထား​နေပါ

No comments:

Post a Comment