Sunday, January 18, 2015

လည်​​နေ​သောပန်​ကာ

လည်​​နေ​သောပန်​ကာ
.........................

လူ​တွေရဲ့မျက်​ခုံး​မွှေး​ပေါ်မှာ
ငါ ​ခြေ​ဆောင့်​ခဲ့ဖူးတယ်

မိ​ကျောင်းမင်းကို compass မ​ပေးမိလို့
ည​နေဟာ တနင်္ဂ​နွေရဲ့မနက်​စာဖြစ်​ခဲ့တယ်

ဘယ်​ရထားကိုမှလက်​မခံချင်​​တော့တဲ့ဘူတာ
ဥဩသံကြားရင်​ ရင်​ခုန်​​တော့တာပါပဲ

အပရာပရိယကံကိုလာဘ်​ထိုးဖို့
ငါ့ရဲ့ သီလ​တွေ ကကြီးခ​ကွေးမဖြစ်​ခဲ့ဘူး

လုံးလုံးမပွင့်​ဘူးဆိုတဲ့မာနနဲ့
အချစ်​ဟာ အိပ်​မက်​ထဲမှာ ​ရေခဲခဲ့တယ်

No comments:

Post a Comment