အိပ်မက်ပုံပြင်
------------
Taylor Swift က
ငါနဲ့အတူနေချင်လို့ တဲ့
ငါ
တွံတေးသိန်းတန်လေသံနဲ့ ငြင်းခဲ့တယ်
Bill Gates က
သူ့ရဲ့ ဓနတွေကိုလက်ခံပါ တဲ့
ငါ
ဝင်းဦးရဲ့အမူအရာနဲ့ ခေါင်းခါခဲ့တယ်
စတီဗင်ဟော့ကင်းက
ဘုရားသခင်ကိုယုံပါ တဲ့
ငါ
ကျော်ဟိန်းစတိုင်နဲ့ လက်ကာပြခဲ့တယ်
ဦးသိန်းစိန်က
သမ္မတရာထူးကိုယူပါ တဲ့
ငါ
ဗေလုဝမျက်နှာပေးနဲ့ ဟားတိုက်ခဲ့တယ်
No comments:
Post a Comment