Wednesday, December 31, 2014

ALONE

Alone
တစ်​​ယောက်​တည်း

I’ve listened: and all the sounds I heard
Were music,—wind, and stream, and bird.
With youth who sang from hill to hill
I’ve listened: my heart is hungry still.

ငါ နား​ထောင်​ပြီးပြီ
ငါ ကြားခဲ့တဲ့အသံ​တွေက
ဂီတ ​လေတိုက်​သံ
စမ်း​ရေစီးသံနဲ့ ငှက်​​အော်​သံ​တွေ​ပေါ့
ငယ်​ရွယ်​မှုနဲ့ဆိုခဲ့တဲ့သံစဉ်​များစွာ
ငါ
နှလုံးသားကဆာ​လောင်​ဆဲ

I’ve looked: the morning world was green;
Bright roofs and towers of town I’ve seen;
And stars, wheeling through wingless night.
I’ve looked: and my soul yet longs for light.

ငါ မြင်​ကြည့်​ပြီးပြီ
မနက်​ခင်း​လောကက စိမ်းမြလို့
တောက်​ပတဲ့​အိမ်​​ခေါင်​မိုး​တွေ
မြို့ပြရဲ့​မျှော်​စင်​​တွေ
အ​တောင်​မဲ့ညကိုလှည်​ပတ်​​နေတဲ့ကြယ်​​တွေ
ဒါ​ပေမယ့်
ငါ့ဝိဉာဉ်​က အဲဒီည​တွေကိုတမ်းတဆဲ

I’ve thought: but in my sense survives
Only the impulse of those lives
That were my making. Hear me say
‘I’ve thought!’—and darkness hides my day.

ငါ​တွေးခဲ့ဖူးပြီ
အာရုံရဲ့​လှုံ​ဆော်​မှု​တွေနိုးထ
ငါ့ဖန်​တီးမှုနဲ့ငါရှင်​သန်​တဲ့ဘဝ
ကျေးဇူးပြုပြီးနား​ထောင်​​ပေးပါ
ငါ ​တွေး​တော​နေတာ
အ​မှောင်​က​နေ့ရက်​​တွေကိုဖုံးကာ


Posted via Blogaway

ပေးစာ

သားကြီး​ရေ

အဲဒီမှာ​တော်​​တော်​​အေး​ရော​ပေါ့
ငါ့​မြေး​တွေ​ရော ​နေ​ကောင်းရဲ့လား
အဟွတ်​ ဟွတ်​ ဟွတ်

အလုပ်​လုပ်​တာ​တော့​ကောင်းပါတယ်​သားရယ်
ဒါ​ပေမယ့်​ က​လေးနှစ်​​ယောက်​ကိုလည်းဂရုစိုက်​​နော်
မင်းတို့က အားတယ်​ရယ်​ကိုမရှိဘူးကွာ
အဟွတ်​ ဟွတ်​ ဟွတ်

မင်းမိန်းမကိုလည်း ဂရုစိုက်​ပါသားရယ်
သူ့ခမြာ ပညာမတတ်​​ပေးမယ်​ သားကိုချစ်​ရှာပါတယ်
ကိုယ်​က အရာရှိဆိုပြီ ငယ်​သား​တွေကိုနိုင်​ထက်​စီးနင်းမလုပ်​ပါနဲ့
အဟွတ်​ ဟွတ်​ ဟွတ်

တကယ်​လို့​လေ
သားတို့မှာ ခွင့်​ရက်​ရှည်​ရရင်​​လေ
တစ်​မိသားစုလုံးအ​မေ့ဆီလာခဲ့ကြ​နော်
မင်းအ​ဖေလည်းအမြဲသတိရရှာတယ်
အဟွတ်​ ဟွတ်​ ဟွတ်

အ​မေလား
အ​မေ​နေ​ကောင်းပါတယ်​သားရဲ့
ဘာမှမပူနဲ့​နော်​သား
အဟွတ်​ ဟွတ်​ ဟွတ်

                                     ဒါပါပဲကွယ်
                              သားကြီးရဲ့ အ​မေ


Posted via Blogaway

Tuesday, December 30, 2014

သင့်​​နေရာ

သင်္ချိုင်း
.........

တိတ်​ဆိတ်​ခြင်းက ငါ့ရဲ့​မွေးရာပါအမာရွတ်​လား
အမျှ​ဝေသံ​တွေကြားမှာ ယဉ်​​ကျေးခဲ့တာကြာပြီ
လူ​တွေဆီက ​ကြောက်​ရွံ့ခြင်းအရိပ်​​တွေ စိုးမိုး
ကျေးဇူးပြုပြီးငါ့ကိုမျက်​မုန်းမကျိုးကြပါနဲ့

သင်​တို့ ဦးတိုက်​ရမယ့်​​နေရာက ငါရင်​ခွင်
သင်​တို့ ခံလှုံရမယ့်​ ရင်​ခွင်​က ငါ့​မေတ္တာ
သင်​တို့ ပို့သရမယ့်​​မေတ္တာက ငါ့ဂရုဏာ
ဟန်​​ဆောင်​ငို​ကြွေးသံ​တွေသာငါ့​ခေါင်း​ပေါ်ရွှဲရွှဲစို

ငါက
အဆင့်​အတန်းမခွဲခဲ့ဘူး ဘတ်​မလိုက်​ခဲ့ဘူး
မက်​​မောစရာမရှိခဲ့ဘူး မာန်​တတ်​စရာမလိုဘူး

ငါဆီမှာ
ဒီမိုက​ရေစီ ပြည့်​ဝတယ် တရားမျှတမှု စံပြဖြစ်​တယ်
ငြိမ်း​အေးမှု ရသကြွယ်​တယ် 
လောဘမရှိ သောကနတ္ထိ
သင်​သိချင်​ရင်​......
လာခဲ့​လေ.........

နိမိတ်

သင်္ခါရနိမိတ်

လပြည့်ဝန်းဟာ
ညအခါတဖျတ်ဖျတ်။ ။

ပြက္ခဒိန်ပေါ်မှာ
ရက်တွေတဖျတ်ဖျတ်။   ။

သရက်ပင်ကြီးမှာ
အရွက်တွေတဖျတ်ဖျတ်။ ။

ငါ့ခန္ဓာမှာ
ပျက်ခြင်းတွေတဖျတ်ဖျတ်။

ပြဇာတ်

မင်္ဂလာဆောင်က ပြဇာတ်
......................................
နောက်ခံတေးသွားက တူနှစ်ဖြာရွှေဂဟေဆက်လို့
သတို့သမီးမျက်နှာမှာ အားမနာတဲ့ အပြုံးတွေပွင့်
ရွှေတဝင့်ဝင့်အဖွားကသူ့တုန်းကအခမ်းအနားကိုကြွားဝါ
ကင်မရာမင်းကို ငေါက်နေတာယောက္ခထီးလား
စားပွဲခုံပေါ်ကစားစရာတွေထဲမှာ ထီလက်မှတ်ပါတယ်
တောက်တောက်ပြောင်ပြောင်ဝတ်ပြရတာယဉ်ကျေးမှုမဟုတ်ဘူး
လက်ဖွဲ့တွေကိုလှမ်းလှမ်းကြည့်တာဘယ်သူလဲ
နှစ်ဖက်ဆွေမျိုးတွေကအပြုံးအတုတွေကိုယ်စီ
မလာသေးတဲ့ဧည့်သည်တွေကိုမျှော်ရတာအမော
စကားစမြည်ပြောရတာစိတ်မပါ့တပါ
ဒံပေါက်ထမင်းမှာ ဇီးကွက်လက်ရမ်းပါသလား
သတို့သားခမြာ ချွေးပြန်ရင်မော
ချစ်သောစေတသိတ် ဘယ်အိပ်နေပါလိမ့်
အောင်ပါစေသီချင်းနဲ့ပြီးပါတော့လားကွာ
မင်္ဂလာအကြွေးဆိုတာ ရင်နာတေးများလားကွဲ့
ဒါရိုက်တာမပါတဲ့ ဗွီဒီယိုတစ်ခွေထွက်တော့မည်
အမေ
ငိုနေပြီလား  ဟင်

မ​မေ့ရက်​ဘူး

မမေ့ရက်ဘူးအချစ်ဦးရေ
-----------------------
တောင်ပြာတွေငို
ချယ်ရီငိုပြီ
ရင်ကို ထိခတ်
မျက်ဝန်းနက်ကြောင့်
သွေးပျက် မောလျ
အလွမ်းညတွေ
ငါ့ကို နှိက်စက်ကြာခဲ့ပြီ။     ။

မေ့ဖို့ကြိုးစား
မေ့နိုင်အားမရှိ
သူ၏ အပြုံး
နှင်းတွေရှုံးလောက်
အမုန်းနောက်ထပ်
ငါ့ကို ဆက်ခဲ့
အရက် ခေါင်ရည် အဖော်ဖြစ်ပြီ။   ။

ကြာခဲ့ပါပြီ
ကြာခဲ့ပြီလည်း
ဟိုဆီ ငေးမော
ပြန်၍ပြောလျှင်
ရင်မှာ နွမ်းလျ
ချစ်ခဲ့သမျှတွေ
ကာရာအိုကေ
ကြိတ်ရယ်နေလိမ့်
နန်းရေ   မှတ်မိသေးရဲ့လား။     ။
                 နေမျိုးအောင် သို့

ပြောင်းပြန်

ပြောင်းပြန်းစီးသော တောင်တန်း
------------------------------
ငါက ကဗျာမချစ်တတ်သူတွေနဲ့ ဓမ္မာသောက
မငိုပဲကျတဲ့ ရယ်စရာတွေကို နှုတ်ယူလိုက်ကြ

အင်းဝခေတ်က ပါဠိသံကရိုဏ်းသံကိုဖိုထိုး
နမောတဿနဲ့နိုင်ငံကို ပျိုးသင့်ပြီ

အကြိမ်ကြိမ်လွဲခဲ့တဲ့ အလွဲကြီးနဲ့
အခုမှပဲ လမ်းခွဲရတော့တယ်

ဘာပဲဖြစ်ဖြစ်
ငါ့ဘက်မှာ ဒုက္ခစစ်စစ်ရှိပါသေးတယ်လေ

ဘဝအမြတ်

ဘဝအမြတ်
--------------
ဘဝခရီးလမ်း
လျှောက်လှမ်းဖို့ရွေးတဲ့အခါ
ငါ့ အသွေးအသားထဲမှာ တောင့်တ
"ကျောင်းဆရာဘဝ....."တဲ့

အမေနဲ့အဖေကရယ်မော
သူငယ်ချင်းတွေကသဘောမကျ
ခပ်မာမာပြောကြတာ
"မင်းမို့လို့ကွာ...."တဲ့

ဘယ်သူတွေဘာပြောပြော
ကျောင်းဆရာရဲ့သဘောက
ရရှိတဲ့ ပညာအမြတ်
ဒါနအမြတ် သီလအမြတ်
သံသရာအမြတ် ပီတိအမြတ်
ငါ အရမ်းကျေနပ်မိတယ်

တပည့်တွေရဲ့အနာဂတ်အတွက်
ငါတကယ်ပေးဆပ်ကြည်နူး
အတ္တမဲ့ဥယျာဉ်မှူးဖြစ်ပါရစေ

မရှိ​သောရှိခြင်း

မရှိသောရှိခြင်းနှင့်ရှိသောမရှိခြင်း
----------------------------------------
ဒီနေရာမှာ
လူဖန်တီးတဲ့အံ့မခန်းတွေမရှိဘူး
စပယ်ပန်းတွေဖွေးဖွေးလှုပ်ပွင့်တယ်
တောပန်းလေးတွေရှက်ကိုးရှက်ကန်းလှတယ်
ဖုန်ထူပေမယ့်လတ်ဆတ်တဲ့လေရှိတယ်
ဇာတိရွာကို မမေ့နဲ့သူငယ်ချင်း

ဒီနေရာမှာ
မိုးမျှော်တိုက်ကြီးတွေမရှိဘူး
အနေဆင်းရဲပေမယ့်
စိတ်မဆင်းရဲတဲ့လူတွေရှိတယ်
လောကကိုအကောင်းမြင်တဲ့လူတွေရှိတယ်
ပဲလှော်နံ့တွေလွှမ်းခြုံနေတယ်
ရှောက်လုံးယိုအရသာလွင့်ပျံနေတယ်
စဥ့်ကိုင်မြို့ကို သတိရပါသူငယ်ချင်း

ဒီနေရာမှာ
ကြောက်စရာတိုးတတ်မှုတွေမရှိဘူး
ရှည်ကြာတဲ့သမိုင်းရှိတယ်
ခိုင်မာတဲ့စာပေရှိတယ်
သိမ်မွေ့တဲ့ယဉ်ကျေးမှုရှိတယ်
ပြောင်မြောက်တဲ့အနုပညာရှိတယ်
မြင့်မြတ်တဲ့သာသနာရှိတယ်
မန္တလေးကို တမ်းတပါသူငယ်ချင်း

ဒီနေရာမှာ
ကမ္ဘာကိုယှဉ်နိုင်တဲ့စီးပွားရေးမရှိဘူး
နည်းပညာအဆန်းတွေမရှိဘူး
တိုးတတ်မှုအတုတွေမရှိဘူး
ရာဇဝင်ထဲကဧရာဝတီရှိတယ်
စည်လုံးမှုသင်္ကေတချင်းတောင်တန်းတွေရှိတယ်
လှပခြင်းဥပမာငပလီချောင်းသာရှိတယ်
ကြီမြတ်ခြင်းပြယုဒ်ပုဂံရှိတယ်
ရိုးသားမှုတွေရှိတယ်
မေတ္တာတရားတွေရှိတယ်
ချမ်းသာခြင်းအစစ်အမှန်ကိုပေးနိုင်တဲ့
တရားဓမ္မစစ်စစ်တွေရှိတယ်
မြန်မာပြည်ကို လွမ်းလိုက်ပါ သူငယ်ချင်း

မင်းသိထားတဲ့အတတ်ပညာ
မြန်မာပြည်မှာ.........................ပျံ့ပါစေ
မင်းရှိထားတဲ့ဂရုဏာ
မြန်မာပြည်မှာ..........................နှံ့ပါစေ

                             To .....Kyaw San Oo

လက်​​တွေ့

လက်တွေ့ပြပါကိုမျိုးချစ်
----------------------------------
လွမ်းသူပန်းခွေပို့ပါ
ပိုအရေးကြီးတာက
ဗိုလ်ချုပ်လိုရိုးသားပါ

အာဇာနည်နေ့ကိုဂုဏ်ပြုပါ
ပိုအရေးကြီးတာက
ဗိုလ်ချုပ်လိုသတ္တိရှိပါ

ဝမ်းနည်းခြင်းအထိမ်းအမှတ်လုပ်ပါ
ပိုအရေးကြီးတာက
ဗိုလ်ချုပ်စကားကိုလိုက်နာပါ

္နနိုင်ငံတော်သီချင်းဆိုပါ
ပိုအရေးကြီးတာက
ဗိုလ်ချုပ်လိုအလုပ်လုပ်ပါ

၁၉ ဇူလိုင်ကိုအသည်းစွဲပါ
ပိုအရေးကြီးတာက
ဗိုလ်ချုပ်လိုစွန့်လွှတ်ပါ

လျှာသမာတည်အောင်တတ်ခေါက်ပါ
ပိုအရေးကြီးတာက
ဗိုလ်ချုပ်လိုကိုယ်ချင်းစာပါ

ဒီကဗျာကိုပြီးအောင်ဖတ်ပါ
ပိုအရေးကြီးတာက
အသံကောင်းမဟစ်ပါနဲ့

ရိုမန်​​ဘော့

ရိုမန်ဘော့သို့အိတ်ဖွင့်ပေးစာ
---------------------------------
ကမ္ဘာကျော်တွေပြောတိုင်းမမှန်ဘူးရိုမန်ဘော့ရေ
ချားလ်ဒါဝင်မှားခဲ့တယ်
ကူဗလိုင်ခန်မှားခဲ့တယ်

စတီဗင်ဟော့ကင်းအတွက်
ငါကိုယ်တိုင် ရွေးထားတဲ့အဘိဓမ္မာတစ်ဂါထာ
မင်းကို သင်ပြချင်ပါသေးတယ်

အိပ်ပျော်နေတဲ့အရူးမကတောင်
မင်းကိုလှောင်နေရော့မယ်
စာပေနဲ့လောကကိုမဖျက်ဆီးပါနဲ့ကွယ်

စပါတာကတ်ကိုချစ်ပါ
သူ့ခေတ်ကလူနေမှုကိုအားမကျပါနဲ့
ဦးနောက်တံခါးကိုဖွင့်ထားပါ

အူကြောင်ကြောင်လုပ်မနေနဲ့
ကော်ဖီတစ်ခွက်သောက်ရင်း
တေဘုမ္မာသီချင်းကိုနားထောင်ပါ

အမည်

ခေတ်ပေါ်စကားလုံးများ၏အမည်
------------------------------------------
ငွေတတ်နိုင်လားလို့ဆေးခန်းကြီးကမေးတယ်
ဟုတ်ကဲ့လို့လယ်သမားကဖြေတယ်
အမှောင်တို့အပြိုင်ကူးခတ်နေကြ၏

ဒီအမှုကမလွယ်ဘူးလို့တိုက်ပုံအနက်ကပြောတယ်
အဆင်ပြေအောင်လုပ်ပေးပါလို့မတော်တဆကငိုတယ်
ကျမ်းစာအုပ်ကြီးပေါ်မှာဒေါ်လာတွေရှိ၏

ဒီလောက်ညံ့ရလားလို့ဘွဲ့လက်မှတ်ကြီးငေါက်တယ်
မသင်ဖူးလို့ပါလို့ပုဆိုးအနွမ်းလေးကပြောတယ်
ရွှေအိုးရှိမှပညာရလေ၏

ညီမလေးကြိုက်တာမှာလို့အဆီပြန်မျက်နှာကရစ်တယ်
ဆင်တွေပဲကြိုက်တယ်လို့ညအလှကညုတယ်
ကာမတဏှာပြုံးနေပါ၏

ဘာနဲ့လဲမှာလဲလို့ ဝေဒနာသည်ကမေးတယ်
ဟင့်အင်းလို့ရောဂါကခေါင်းခါတယ်
သေခြင်းတရားက ဟားတိုက်လေ၏

တတဲ့ည

ဘိုးတော်ဘုရားကို တတဲ့ည
---------------------------------
ဗမာဆိုတဲ့ဝေါဟာရဟာ
ဗြဟ္မာက ဆင်းသက်လာသတဲ့ကွယ်
သူတော်ကောင်းတွေပိုပြီးသေတဲ့နေရာ
နင့်ကို ငါ မုန်းတယ် ဒီမိုကရေစီ

ပြန်မရနိုင်တော့တဲ့ အနော်ရထာ
ပြန်မရနိုင်တော့တဲ့ ဘိုးတော်ဘုရား
ပြန်မရနိုင်တော့တဲ့ အောင်ဆန်း
သူတို့ရဲ့ ဝိဉာဉ်တွေကို နမ်းပါရစေ

္နိုနိုင်ငံ့အရေးတွေးစရာမလိုတဲ့ဘဝ
လူငယ်တွေရဲ့အရေးစဉ်းစားပေးစရာမလိုတဲ့ဘဝ
ငြိမ်းချမ်းသာယာရေးရင်မလေးရတဲ့ဘဝ
မတရားမှုတွေအတွက်လက်သီးမဆုတ်ရတဲ့ဘဝ
ငါ့ အသက်နဲ့လဲလို့ရသလား  ဟင်

ဟိုး  မှာ  ကိုယ်ချင်းစာတတ်တဲ့ တောင်တန်း
ဟိုး  မှာ  ပညာပြည့်တဲ့ ပင်လယ်
ဟိုး  မှာ သီလဖြူတဲ့ ရွာကလေး
ဟိုး  မှာ မေတ္တာပေးတဲ့ ခေါင်းဆောင်
ငါ့ အိပ်မက်ကို မလှောင်ပါနဲ့ကွယ်

အချစ်​များငါ့ဆီမှာ

အချစ်များငါ့ဆီမှာ
----------------------
မောင်တစ်ယောက်သာ၊ ရင်ထဲမှာရှိ
ခွဲခွာမည့်အရေး၊ မတွေးရဲဘူး
အချစ်ဦး၏၊  ညွတ်နူးချိုမြ
စကားလှတွေ၊  ပျောက်ရှလွင့်ပါးခဲ့ပြီးပြီ။  ။

နှစ်ယောက်တစ်ဘဝ၊  လျှောက်ကြရအောင်
မရဲ့မောင်လေး၊  သတ္တိမွေးဟု
အားပေးစကား၊  မေတ္တာမျှားတွေ
ကျိုးသွားခဲ့တာ ကြာခဲ့ပြီ။   ။

ကိုကို့အတွက်၊  အသက်ပေးမြဲ
ထပ်မဝေးရဲဘူး၊  ရူးအောင်ချစ်မယ်
ပရိယာယ်တွေ၊  နွေမှာလွင့်ပါး
အငွေ့ပျံသွားတာ ကြာခဲ့ပြီ။  ။

ဘဝတစ်ခု၊  စိုပြည်မှုအတွက်
ချစ်မှုသံယောဇဉ်၊  ကင်းခဲ့လျှင်မူ
အကြင်သူသည်၊  ရင်ဆူနွမ်းလျ
ထီးကျန်ရသတဲ့။   ။

တဖန်ပြန်တွေး၊  အချစ်ရေးကြောင့်
ရင်လေးစိတ်ပူ၊  သောကထူကြ
ငြူစူဒုက္ခ၊  ဗရပွနှင့်
ဘဝရှုပ်ထွေး ရှိကြသေးသတဲ့။     ။

သြော်.......
လူဆိုသည်မှာ
ကံချရာဇာတ်၊  ကပြတတ်မှ
မြင့်မြတ်စိတ်ထား၊  ကုသိုလ်ပွားမှ
ရိုသားကျေနပ်၊  စာနာတတ်မှ
အထက်တန်းကျမည်မဟုတ်လား။  

အဖြူ​ရောင်

သင်းကွပ်ခံအဖြူရောင်
--------------
ကြယ်တွေသောင်းသောင်းဖျဖျငိုကြွေး
အမေ့အိမ်လေးထဲမှာဒုက္ခတေးချိုမြ
ၷနိုဝင္ဘာညတစ္ညကို ငါ့အား ငွားပါ

ဘယ်တော့မှမကြောက်တဲ့စာရိတ္တနဲ့
လောကထဲမှာဖြောင့်ဖြောင့်ကခဲ့တယ်မေမေ
သားရဲ့ဘဝအပေါ် ငွေတွေမပျော်စေချင်ဘူး

လောဘအကောင်နဲ့ပူးမိသမျှ
သောကအမှောင်ရဲ့ပင်လယ်မှာနစ်မွန်း
ဘဝဆိုတာ တိုလွန်းပါတယ် မိညို

ငါမကြိုက်တဲ့ သစ်သီးတွေ ငါပြန်စား
မင်းလက်ညှိုးထိုးတာ ခံရမှာလား သူငယ်ချင်း
ပတ်ဝန်းကျင်က အမြင်ကျဉ်းလွန်းတယ်ကွာ

ဘာပဲဖြစ်ဖြစ်
အကုသိုလ်ကို ချစ်ကြရအောင်
အားလုံးလက်မထောင်ကြပါစေကွာ

ရှုခင်း

မှန်ပြောင်းထဲကရှုခင်း
................................

္နနှမလက်လျှော့            နေလေတော့  ဟု
ရင်ကော့ခေါင်းခါ          နှုတ်ဆက်ပါ၏
ကြင်နာမြတ်နိုး            ထပ်မတိုးဘူး
တိုးတိုးတိတ်တိတ်      ချစ်သွားမယ်

ယုံကြည်ချက်အတွက်      မိဘတွက်  ဟု
နှစ်သက်စိတ်မွေး            အချစ်ရေးကို
ဝေးဝေးခွာရှောင်             ငါ့လိုကောင်မှာ
ဘာများအပြစ်ရှိသလဲ

အိမ်ထောင်ပြုပါ            ငါ့စေတနာဟု
အကြံဉာဏ်လာပေး     သင့်ကိုမေးမယ်
အကြွေးကျေအောင်ဆပ်ပြီးပြီလား

ဈေးဝယ်​ခြင်း

ဈေးဝယ်ခြင်း

မုသာဝါဒ၀ယ်ချင်လို့
ရပါတယ်ကွယ်
ကြိုက်တဲ့အရောင်ပြော

အောင်ဆန်းရဲ့ရိုးသားမှုရော
မရောင်းဘူးကွဲ့
အ၀ယ်နည်းလို့

ဝံပုလွေရဲ့အကြံရလား
ရှိတာပေါ့ကွ
size စုံပဲဟေ့

အိုဗားမားရဲ့ ဦးနောက်ရော
ဈေးတအားကြီးတယ်
သိပ်မကြိုက်ကြဘူး

မေတ္တာတရားရောင်းလား
ပစ္စည်းအသစ်ထင်တယ်
မကြားဖူးဘူးကွဲ့


Posted via Blogaway

လပြည့်​ညငိုခိုးသံ

လပြည့်ညငိုခိုးသံ

လရောင်က
ညအမှောင်ကိုလုယူထားတယ်

မွေးကင်းစနှင်းမြူတွေ
ငြိမ်နေတ့လေထဲမှာသီချင်ဆို
နိုဝင်ဘာကိုငါ့ဆီခေါ်လာတယ်

သံစဉ်မဲ့အော်သံတွေလှိုင်းထ
ငတတ်ပြားနာမည်ကြီးတဲ့ည
ကလေးတွေဆီကလက်ဖြန့်သံ
ယဉ်ကျေးမှုကိုအာခံနေသလား

ဆေးပေါင်ခတဲ့ ည
လမင်းထံဝေဒနာပြပေမယ့်
ငါ့အတွက်
အဖြေရှာမရခဲ့ပါဘူး

စွန့်ခွာသွာသူရဲ့အပြုံးတစ
ကျန်ရစ်ခဲ့သူရဲ့အမုန်းခဏ
ဒီညကို မျက်လှည့်ပြနေတယ်

မီးပုံးပျံထဲမှာ
"ငါ့ကိုလိုက်ရှာပါ"ကဗျာတစ်ပုဒ်
တိမ်တစ်အုပ်ကိုလှောင်ပြ
ချမိခဲ့တဲ့သက်ပြင်းများစွာ
အတိတ်တွေကိုကုစားပါ

ကံတရားရေ
ဝေးကွာနေတဲ့ချစ်သူတွေပြန်ဆုံဖို့
လပြည့်ညကိုတိုင်တည်ပေးပါ
ဟိုး   မှာ 
အိပ်မက်ပြာထဲလမ်လျှောက်သူ
အလွမ်းတွေသောက်ပြီး မူးလဲနေတယ်

ပေးစာ

သားသို့ပေးစာ
.....................

သားကြီးရေ
အဲဒီမှာတော်တော်အေးရောပေါ့
ငါ့မြေးတွေရော နေကောင်းရဲ့လား
အဟွတ် ဟွတ် ဟွတ်

အလုပ်လုပ်တာတော့ကောင်းပါတယ်သားရယ်
ဒါပေမယ့် ကလေးနှစ်ယောက်ကိုလည်းဂရုစိုက်နော်
မင်းတို့က အားတယ်ရယ်ကိုမရှိဘူးကွာ
အဟွတ် ဟွတ် ဟွတ်

မင်းမိန်းမကိုလည်း ဂရုစိုက်ပါသားရယ်
သူ့ခမြာ ပညာမတတ်ပေးမယ် သားကိုချစ်ရှာပါတယ်
ကိုယ်က အရာရှိဆိုပြီ ငယ်သားတွေကိုနိုင်ထက်စီးနင်းမလုပ်ပါနဲ့
အဟွတ် ဟွတ် ဟွတ်

တကယ်လို့လေ
သားတို့မှာ ခွင့်ရက်ရှည်ရရင်လေ
တစ်မိသားစုလုံးအမေ့ဆီလာခဲ့ကြနော်
မင်းအဖေလည်းအမြဲသတိရရှာတယ်
အဟွတ် ဟွတ် ဟွတ်

အမေလား
အမေနေကောင်းပါတယ်သားရဲ့
ဘာမှမပူနဲ့နော်သား
အဟွတ် ဟွတ် ဟွတ်

                                     ဒါပါပဲကွယ်
                              သားကြီးရဲ့ အမေ

အင်​တာဗျူး

မိမိကိုယ်ကိုယ် အင်တာဗျူးခြင်း
__________________________
ဘဝမှာ အကြိုက်ဆုံး နေရာ
အမေ့အိမ်

လက်စွဲ ဒဿန
Everything is zero.

ရည်မှန်းချက်
အနတ္တကိုသိသောသူ

အမေးခံရဆုံးမေးခွန်း
အိမ်ထောင်မပြုသေးဘူးလား
(အခုထိ ဘာရည်ရွယ်ချက်နဲ့မေးကြမှန်းမသိပါ)

လောကကြီးအပေါ်အမြင်
အဟိ ရယ်စရာပေါ့

လူတွေကိုသြဝါဒပေးခွင့်ရရင်
နေချင်သလိုနေ ဘယ်သူ့ကိုမှမထိခိုက်စေနဲ့

သမ္မတဖြစ်ခွင့်ရရင်ဘာပြောမလဲ
မိဘပြည်သူများခညာ

My father

တိုင်တည်သံ
...................
(အဖေ........)
ရင်ထဲကခေါ်သံတွေဟာ
ရင်ထဲမှာပဲ ကွယ်ပျောက်
သား ကြောက်ခဲ့ရတဲ့ အဖေ
သား ချစ်ခဲ့ရတဲ့ အဖေ
သား ဂုဏ်ယူခဲ့ရတဲ့အဖေ
ဘယ်ဘ၀ကိုရောက်နေပါလဲ......

အဖေ....
အကြိမ်တစ်ရာပြည့်အောင်
မခေါ်လိုက်ရခင်မှာ
သားတို့ ဘ၀ထဲကထွက်ခွါ
မိသားစုဆိုတာ ဘာလဲ ဟင်......

ဟို စာအုပ်ထူထူကြီးထဲက
ဝဋ်ကြွေး ဆိုတဲ့စကားဟာ
အဖေ့ကို ရည်ညွှန်းတာလား
သားတို့အတွက် ဖြစ်ခဲ့တာလား
ဘ၀ခြားသွားတဲ့အဖေရယ်
သား.ဒီအရွယ်ရောက်ပေမယ့်
အဖေ့ရဲ့ အကြင်နာအပြုံးတွေကို
ရင်နာမအုံးအောင် မှတ်မိသတိရ
အဖေ့ကိုပြန်ပြီး တောင့်တခဲ့ဖူးတယ်

" ဘယ်အခြေနေရောက်ရောက်
ရိုးသားနိုင်ရမယ်..."တဲ့
အဖေပြောခဲ့စကား
အစွမ်းကုန်ကြိုးစားလိုက်နာ
ဒါပေမယ့် အဖေရယ်......
ဟောဒီ ဆုတ်ကပ်လောကအလယ်မှာ
သား အခါခါရင်မော
ရိုးသားခြင်းနဲ့ ဝေးလိုက်နီးလိုက်
အကြိမ်ကြိမ် မိုက်ခဲ့ဖူးတယ်

ဘယ်တော့မှအစားမထိုးနိုင်တော့တဲ့
အဖေ့ရဲ့နေရာမှာ
အဖေရှာခဲ့တဲ့ သံစဉ်
အဖေမြင်ခဲ့တဲ့ တရားဓမ္မ
အဖေရခဲ့တဲ့ ကဗျာဝိဉာဉ်
သားရဲ့နှလုံးသားမှာရှင်သန်ဆဲ
ဒါ အမွေပဲပေါ့နော်

လောကအလယ်မှာ
အဖေမပါတဲ့မိသားစုတစ်ခု
အမေ့ကိုအမှီပြုပြီး
သားတို့ကြီးပြင်းအရွယ်ရောက်
လောကဓံကိုဒူးမထောက်ခဲ့ပါဘူး
ကြည်နူးနေတဲ့အဖေ့အပြုံးဟာ
သားတို့ရင်ထဲမှာအမြဲရှိ
မိုးကောင်းကင်ကြီးသိပါတယ်

အဖေရှင်သန်ခွင့်မရတဲ့
သားတို့ရဲ့လက်ရှိလောကဟာ
မေတ္တာ စေတနာ ပျောက်ဆုံး
အမုန်း မစ္ဆိယအဖြာဖြာ
နှင်းမိုးပမာရွာသွန်း
စိုပဲစိုနိုင်လွန်းတယ် အဖေ.......

ဒါပေမယ့်အဖေ
သားရှင်သန်နေသမျှ
ဟောဒီ ဘဝတိုတိုလေးမှာ
ကဗျာကိုအဖော်ပြုရင်း
အတ္တသီချင်းကို ဟစ်ကြွေး
ကိုယ်ချင်းစာစိတ်ကိုမွေးမြူ
ဆင်ခြင်မှုကို ထူထောင်
ဘဝကိုအောင်မြင်အောင်တည်ဆောက်
စစ်မှန်တဲ့ချမ်းသာခြင်းကိုရည်မှန်း
ပစ္စုပ္ပန်တိုင်းမှာ.....
လန်းဆန်းနေပါ့မယ် အဖေ.....
        
          4.2.1999

အဘိဓာန်​ ၂

အဘိဓာန်(၂)

ဂုဏ်သိက္ခာဆိုတာ
စားအုန်းဆီမပါတဲ့
ခေါက်ဆွဲကြော်

ရာထူးဆိုတာ
လက်ဆောင်ပစ္စည်းရဲ့
ဒုတိယအမည်

စီးပွားရေးဆိုတာ
အမဲရိုးလုတဲ့
အပြေးပြိုင်ပွဲ

လူမှုရေးဆိုတာ
ဟန်ဆောင်မှုရဲ့
အကယ်ဒမီဆု

ဈေးဝယ်​ခြင်း

ဈေးဝယ်ခြင်း

မုသာဝါဒ၀ယ်ချင်လို့
ရပါတယ်ကွယ်
ကြိုက်တဲ့အရောင်ပြော

အောင်ဆန်းရဲ့ရိုးသားမှုရော
မရောင်းဘူးကွဲ့
အ၀ယ်နည်းလို့

ဝံပုလွေရဲ့အကြံရလား
ရှိတာပေါ့ကွ
size စုံပဲဟေ့

အိုဗားမားရဲ့ ဦးနောက်ရော
ဈေးတအားကြီးတယ်
သိပ်မကြိုက်ကြဘူး

မေတ္တာတရားရောင်းလား
ပစ္စည်းအသစ်ထင်တယ်
မကြားဖူးဘူးကွဲ့

ခါး​သောခွန်​အား

ခါးသောခွန်အား

ပြောနေကျစကားတွေကို
အရေခွံခွာကြည့်တော
ဟန်ဆောင်မှုကိုတွေ့တယ်

ကလေးဘ၀ကငိုသံကို
ပြန်ပြီးချိုမိုင်လုပ်ရင်
မေတ္တာကိုမြင်ရမှာပဲ

ငါ  မသိတဲ့အတ္တနဲ့
ငါ  မရှိတဲ့မုဒိတာ
စစ်ခင်းဖို့လိုလာပြီ

မေမေရေ........
နောက်ကျောလာတဲ့ဓားတွေက
ပိုပြီးချွန်မြသလား

ကျွန်တော့်အတွက်
တေမိယစိတ်ထားများ
တဖွဲဖွဲရွာသွန်းသွားပါ

သံစဉ်

အလွမ်းမဲ့သံစဉ်

တစ်ရက်ပြီးတစ်ရက်
အသက်ခရီးဆက်လာလိုက်တာ
ကမ္ဘာကြီးဖျားနာသလို
ငါ့ ခန္ဓာလည်း အိုပြီ

သံသရာလွတ်ဆေး
ဘေးလေးပါးဝေးဖို့အရေး
ဘာတွေပေးဆပ်ပြီးပြီလဲ

အပူအလုပ်တွေ
လူရုပ်ပျောက်နေခဲ့တာ
ဘ၀များစွာကြာပြီ

ချမ်းသာအစစ်ရဖို့
ကျမ်းစာအသစ်ဖွင့်ရုံနဲ့မပြီး
ကိလေသာမီးတဖျစ်ဖျစ်လောင်

သီလ သဒ္ဓါ ပညာ
ညီမျှလာတဲ့ တစ်နေ့
ငြိမ်းအေးမှုကိုတွေ့ချင်ပြီ

လပြည့်​ညငိုခိုးသံ

လပြည့်ညငိုခိုးသံ

လရောင်က
ညအမှောင်ကိုလုယူထားတယ်

မွေးကင်းစနှင်းမြူတွေ
ငြိမ်နေတ့လေထဲမှာသီချင်ဆို
နိုဝင်ဘာကိုငါ့ဆီခေါ်လာတယ်

သံစဉ်မဲ့အော်သံတွေလှိုင်းထ
ငတတ်ပြားနာမည်ကြီးတဲ့ည
ကလေးတွေဆီကလက်ဖြန့်သံ
ယဉ်ကျေးမှုကိုအာခံနေသလား

ဆေးပေါင်ခတဲ့ ည
လမင်းထံဝေဒနာပြပေမယ့်
ငါ့အတွက်
အဖြေရှာမရခဲ့ပါဘူး

စွန့်ခွာသွာသူရဲ့အပြုံးတစ
ကျန်ရစ်ခဲ့သူရဲ့အမုန်းခဏ
ဒီညကို မျက်လှည့်ပြနေတယ်

မီးပုံးပျံထဲမှာ
"ငါ့ကိုလိုက်ရှာပါ"ကဗျာတစ်ပုဒ်
တိမ်တစ်အုပ်ကိုလှောင်ပြ
ချမိခဲ့တဲ့သက်ပြင်းများစွာ
အတိတ်တွေကိုကုစားပါ

ကံတရားရေ
ဝေးကွာနေတဲ့ချစ်သူတွေပြန်ဆုံဖို့
လပြည့်ညကိုတိုင်တည်ပေးပါ
ဟိုး မှာ
အိပ်မက်ပြာထဲလမ်လျှောက်သူ
အလွမ်းတွေသောက်ပြီး မူးလဲနေတယ်

နံနက်​ခင်းသြဝါဒ

နံနက်ခင်းသြ၀ါဒ

မနောအလှပို စိတ်ဘ၀င်မှာ
လောဘကို ထိပ်မတင်ပါနဲ့

အမှုရှုပ်စရာများ တိုးစေတဲ့
သူ့ဥစ္စာအား မခိုးလေနဲ့

အရှက်တွေသာ ရောက်လာစေတဲ့
အရက်သေစာ မသောက်ပါလေနဲ့

တစ်ကြိမ်တစ်ခါပင် အမှားမဖြစ်ရအောင်
လိမ်ညာချင်တဲ့ စကားအသစ်ကိုရှောင်

မိမိခန္ဓာ ယိုယွင်းတာသိကာ
သတိရှိအမှန်သာ ကိုယ်ချင်းစာကြည့်ပါ

စစ်ကမ္ဘာများကိုငြိမ်းချမ်းစေတဲ့
မေတ္တာတရားကို ထိန်းစမ်းလေကွဲ့

အမုန်းတရားကိုဝေးစေတဲ့
နှလုံးသားကိုအေးစေမယ့်
အပြုံးများကိုပေးလေကွဲ့

Sunday, December 28, 2014

ဒေဝဒတ်​လမ်း

Try.

try
......

carry the roads,
move along.

a song
wears
a long winter wind
and i

reasons to believe
seasons to run,
no regrets
try.

ကြိုးစားပါ
............
လမ်း​တွေကိုသယ်​​ဆောင်
မနားတမ်း​လျှောက်​ရ​အောင်

သီချင်းတစ်​ပုဒ်​က
ဆောင်း​လေ​အေး​အေးကိုခြုံလွှမ်းလို့
ငါကိုလည်း ​ပွေ့ယူ

ယုံကြည်​ဖို့အ​ကြောင်းပြချက်​​တွေ
ထွက်​​ပြေးဖို့ဆင်​​ခြေ​တွေ
နောင်​တတရား​တွေမလိုဘူး
ကြိုးစားပါ.

W. Jude Aher ၏အထက်​ပါကဗျာကိုဘာသာပြန်​သည်

An evening

An Evening

A sunset's mounded cloud;
A diamond evening-star;
Sad blue hills afar;
Love in his shroud.

Scarcely a tear to shed;
Hardly a word to say;
The end of a summer day;
Sweet Love dead.

William Allingham

တစ်​ခု​သောည​နေ
.....................
နေဝင်​ချိန်​ကိုဝါးမျို​နေတဲ့ တိမ်​တစ်​ပွင့်
ဆည်းဆာမှာဝင့်​​နေတဲ့ ကြယ်​တစ်​စင်း
ကြေကွဲခြင်း ​တောင်​ပြာ​တွေ ဟိုး...အ​ဝေးမှာ
ချစ်​ခြင်းကို မြှုပ်​နှံ​တော့မှာလား

ရှားရှားပါးပါးမျက်​ရည်​တစ်​စက်​ ကျမလို့
ခက်​ခက်​ခဲခဲစကားတစ်​ခွန်း​ ​ပြောမလို့
နွေရာသီရဲ့ နိဂုံး
လှပတဲ့အချစ်​ ​သေဆုံး....