Tuesday, December 30, 2014

သံစဉ်

အလွမ်းမဲ့သံစဉ်

တစ်ရက်ပြီးတစ်ရက်
အသက်ခရီးဆက်လာလိုက်တာ
ကမ္ဘာကြီးဖျားနာသလို
ငါ့ ခန္ဓာလည်း အိုပြီ

သံသရာလွတ်ဆေး
ဘေးလေးပါးဝေးဖို့အရေး
ဘာတွေပေးဆပ်ပြီးပြီလဲ

အပူအလုပ်တွေ
လူရုပ်ပျောက်နေခဲ့တာ
ဘ၀များစွာကြာပြီ

ချမ်းသာအစစ်ရဖို့
ကျမ်းစာအသစ်ဖွင့်ရုံနဲ့မပြီး
ကိလေသာမီးတဖျစ်ဖျစ်လောင်

သီလ သဒ္ဓါ ပညာ
ညီမျှလာတဲ့ တစ်နေ့
ငြိမ်းအေးမှုကိုတွေ့ချင်ပြီ

No comments:

Post a Comment