Wednesday, December 31, 2014

ပေးစာ

သားကြီး​ရေ

အဲဒီမှာ​တော်​​တော်​​အေး​ရော​ပေါ့
ငါ့​မြေး​တွေ​ရော ​နေ​ကောင်းရဲ့လား
အဟွတ်​ ဟွတ်​ ဟွတ်

အလုပ်​လုပ်​တာ​တော့​ကောင်းပါတယ်​သားရယ်
ဒါ​ပေမယ့်​ က​လေးနှစ်​​ယောက်​ကိုလည်းဂရုစိုက်​​နော်
မင်းတို့က အားတယ်​ရယ်​ကိုမရှိဘူးကွာ
အဟွတ်​ ဟွတ်​ ဟွတ်

မင်းမိန်းမကိုလည်း ဂရုစိုက်​ပါသားရယ်
သူ့ခမြာ ပညာမတတ်​​ပေးမယ်​ သားကိုချစ်​ရှာပါတယ်
ကိုယ်​က အရာရှိဆိုပြီ ငယ်​သား​တွေကိုနိုင်​ထက်​စီးနင်းမလုပ်​ပါနဲ့
အဟွတ်​ ဟွတ်​ ဟွတ်

တကယ်​လို့​လေ
သားတို့မှာ ခွင့်​ရက်​ရှည်​ရရင်​​လေ
တစ်​မိသားစုလုံးအ​မေ့ဆီလာခဲ့ကြ​နော်
မင်းအ​ဖေလည်းအမြဲသတိရရှာတယ်
အဟွတ်​ ဟွတ်​ ဟွတ်

အ​မေလား
အ​မေ​နေ​ကောင်းပါတယ်​သားရဲ့
ဘာမှမပူနဲ့​နော်​သား
အဟွတ်​ ဟွတ်​ ဟွတ်

                                     ဒါပါပဲကွယ်
                              သားကြီးရဲ့ အ​မေ


Posted via Blogaway

No comments:

Post a Comment