Tuesday, December 30, 2014

လပြည့်​ညငိုခိုးသံ

လပြည့်ညငိုခိုးသံ

လရောင်က
ညအမှောင်ကိုလုယူထားတယ်

မွေးကင်းစနှင်းမြူတွေ
ငြိမ်နေတ့လေထဲမှာသီချင်ဆို
နိုဝင်ဘာကိုငါ့ဆီခေါ်လာတယ်

သံစဉ်မဲ့အော်သံတွေလှိုင်းထ
ငတတ်ပြားနာမည်ကြီးတဲ့ည
ကလေးတွေဆီကလက်ဖြန့်သံ
ယဉ်ကျေးမှုကိုအာခံနေသလား

ဆေးပေါင်ခတဲ့ ည
လမင်းထံဝေဒနာပြပေမယ့်
ငါ့အတွက်
အဖြေရှာမရခဲ့ပါဘူး

စွန့်ခွာသွာသူရဲ့အပြုံးတစ
ကျန်ရစ်ခဲ့သူရဲ့အမုန်းခဏ
ဒီညကို မျက်လှည့်ပြနေတယ်

မီးပုံးပျံထဲမှာ
"ငါ့ကိုလိုက်ရှာပါ"ကဗျာတစ်ပုဒ်
တိမ်တစ်အုပ်ကိုလှောင်ပြ
ချမိခဲ့တဲ့သက်ပြင်းများစွာ
အတိတ်တွေကိုကုစားပါ

ကံတရားရေ
ဝေးကွာနေတဲ့ချစ်သူတွေပြန်ဆုံဖို့
လပြည့်ညကိုတိုင်တည်ပေးပါ
ဟိုး   မှာ 
အိပ်မက်ပြာထဲလမ်လျှောက်သူ
အလွမ်းတွေသောက်ပြီး မူးလဲနေတယ်

No comments:

Post a Comment