Tuesday, December 30, 2014

အဘိဓာန်​ ၂

အဘိဓာန်(၂)

ဂုဏ်သိက္ခာဆိုတာ
စားအုန်းဆီမပါတဲ့
ခေါက်ဆွဲကြော်

ရာထူးဆိုတာ
လက်ဆောင်ပစ္စည်းရဲ့
ဒုတိယအမည်

စီးပွားရေးဆိုတာ
အမဲရိုးလုတဲ့
အပြေးပြိုင်ပွဲ

လူမှုရေးဆိုတာ
ဟန်ဆောင်မှုရဲ့
အကယ်ဒမီဆု

No comments:

Post a Comment