Tuesday, December 30, 2014

ဈေးဝယ်​ခြင်း

ဈေးဝယ်ခြင်း

မုသာဝါဒ၀ယ်ချင်လို့
ရပါတယ်ကွယ်
ကြိုက်တဲ့အရောင်ပြော

အောင်ဆန်းရဲ့ရိုးသားမှုရော
မရောင်းဘူးကွဲ့
အ၀ယ်နည်းလို့

ဝံပုလွေရဲ့အကြံရလား
ရှိတာပေါ့ကွ
size စုံပဲဟေ့

အိုဗားမားရဲ့ ဦးနောက်ရော
ဈေးတအားကြီးတယ်
သိပ်မကြိုက်ကြဘူး

မေတ္တာတရားရောင်းလား
ပစ္စည်းအသစ်ထင်တယ်
မကြားဖူးဘူးကွဲ့


Posted via Blogaway

No comments:

Post a Comment