Tuesday, December 30, 2014

ပေးစာ

သားသို့ပေးစာ
.....................

သားကြီးရေ
အဲဒီမှာတော်တော်အေးရောပေါ့
ငါ့မြေးတွေရော နေကောင်းရဲ့လား
အဟွတ် ဟွတ် ဟွတ်

အလုပ်လုပ်တာတော့ကောင်းပါတယ်သားရယ်
ဒါပေမယ့် ကလေးနှစ်ယောက်ကိုလည်းဂရုစိုက်နော်
မင်းတို့က အားတယ်ရယ်ကိုမရှိဘူးကွာ
အဟွတ် ဟွတ် ဟွတ်

မင်းမိန်းမကိုလည်း ဂရုစိုက်ပါသားရယ်
သူ့ခမြာ ပညာမတတ်ပေးမယ် သားကိုချစ်ရှာပါတယ်
ကိုယ်က အရာရှိဆိုပြီ ငယ်သားတွေကိုနိုင်ထက်စီးနင်းမလုပ်ပါနဲ့
အဟွတ် ဟွတ် ဟွတ်

တကယ်လို့လေ
သားတို့မှာ ခွင့်ရက်ရှည်ရရင်လေ
တစ်မိသားစုလုံးအမေ့ဆီလာခဲ့ကြနော်
မင်းအဖေလည်းအမြဲသတိရရှာတယ်
အဟွတ် ဟွတ် ဟွတ်

အမေလား
အမေနေကောင်းပါတယ်သားရဲ့
ဘာမှမပူနဲ့နော်သား
အဟွတ် ဟွတ် ဟွတ်

                                     ဒါပါပဲကွယ်
                              သားကြီးရဲ့ အမေ

No comments:

Post a Comment