Tuesday, December 30, 2014

ခါး​သောခွန်​အား

ခါးသောခွန်အား

ပြောနေကျစကားတွေကို
အရေခွံခွာကြည့်တော
ဟန်ဆောင်မှုကိုတွေ့တယ်

ကလေးဘ၀ကငိုသံကို
ပြန်ပြီးချိုမိုင်လုပ်ရင်
မေတ္တာကိုမြင်ရမှာပဲ

ငါ  မသိတဲ့အတ္တနဲ့
ငါ  မရှိတဲ့မုဒိတာ
စစ်ခင်းဖို့လိုလာပြီ

မေမေရေ........
နောက်ကျောလာတဲ့ဓားတွေက
ပိုပြီးချွန်မြသလား

ကျွန်တော့်အတွက်
တေမိယစိတ်ထားများ
တဖွဲဖွဲရွာသွန်းသွားပါ

No comments:

Post a Comment