Tuesday, December 30, 2014

ရိုမန်​​ဘော့

ရိုမန်ဘော့သို့အိတ်ဖွင့်ပေးစာ
---------------------------------
ကမ္ဘာကျော်တွေပြောတိုင်းမမှန်ဘူးရိုမန်ဘော့ရေ
ချားလ်ဒါဝင်မှားခဲ့တယ်
ကူဗလိုင်ခန်မှားခဲ့တယ်

စတီဗင်ဟော့ကင်းအတွက်
ငါကိုယ်တိုင် ရွေးထားတဲ့အဘိဓမ္မာတစ်ဂါထာ
မင်းကို သင်ပြချင်ပါသေးတယ်

အိပ်ပျော်နေတဲ့အရူးမကတောင်
မင်းကိုလှောင်နေရော့မယ်
စာပေနဲ့လောကကိုမဖျက်ဆီးပါနဲ့ကွယ်

စပါတာကတ်ကိုချစ်ပါ
သူ့ခေတ်ကလူနေမှုကိုအားမကျပါနဲ့
ဦးနောက်တံခါးကိုဖွင့်ထားပါ

အူကြောင်ကြောင်လုပ်မနေနဲ့
ကော်ဖီတစ်ခွက်သောက်ရင်း
တေဘုမ္မာသီချင်းကိုနားထောင်ပါ

No comments:

Post a Comment