ဘိုးတော်ဘုရားကို တတဲ့ည
---------------------------------
ဗမာဆိုတဲ့ဝေါဟာရဟာ
ဗြဟ္မာက ဆင်းသက်လာသတဲ့ကွယ်
သူတော်ကောင်းတွေပိုပြီးသေတဲ့နေရာ
နင့်ကို ငါ မုန်းတယ် ဒီမိုကရေစီ
ပြန်မရနိုင်တော့တဲ့ အနော်ရထာ
ပြန်မရနိုင်တော့တဲ့ ဘိုးတော်ဘုရား
ပြန်မရနိုင်တော့တဲ့ အောင်ဆန်း
သူတို့ရဲ့ ဝိဉာဉ်တွေကို နမ်းပါရစေ
္နိုနိုင်ငံ့အရေးတွေးစရာမလိုတဲ့ဘဝ
လူငယ်တွေရဲ့အရေးစဉ်းစားပေးစရာမလိုတဲ့ဘဝ
ငြိမ်းချမ်းသာယာရေးရင်မလေးရတဲ့ဘဝ
မတရားမှုတွေအတွက်လက်သီးမဆုတ်ရတဲ့ဘဝ
ငါ့ အသက်နဲ့လဲလို့ရသလား ဟင်
ဟိုး မှာ ကိုယ်ချင်းစာတတ်တဲ့ တောင်တန်း
ဟိုး မှာ ပညာပြည့်တဲ့ ပင်လယ်
ဟိုး မှာ သီလဖြူတဲ့ ရွာကလေး
ဟိုး မှာ မေတ္တာပေးတဲ့ ခေါင်းဆောင်
ငါ့ အိပ်မက်ကို မလှောင်ပါနဲ့ကွယ်
No comments:
Post a Comment