Tuesday, December 30, 2014

ဘဝအမြတ်

ဘဝအမြတ်
--------------
ဘဝခရီးလမ်း
လျှောက်လှမ်းဖို့ရွေးတဲ့အခါ
ငါ့ အသွေးအသားထဲမှာ တောင့်တ
"ကျောင်းဆရာဘဝ....."တဲ့

အမေနဲ့အဖေကရယ်မော
သူငယ်ချင်းတွေကသဘောမကျ
ခပ်မာမာပြောကြတာ
"မင်းမို့လို့ကွာ...."တဲ့

ဘယ်သူတွေဘာပြောပြော
ကျောင်းဆရာရဲ့သဘောက
ရရှိတဲ့ ပညာအမြတ်
ဒါနအမြတ် သီလအမြတ်
သံသရာအမြတ် ပီတိအမြတ်
ငါ အရမ်းကျေနပ်မိတယ်

တပည့်တွေရဲ့အနာဂတ်အတွက်
ငါတကယ်ပေးဆပ်ကြည်နူး
အတ္တမဲ့ဥယျာဉ်မှူးဖြစ်ပါရစေ

No comments:

Post a Comment