Tuesday, December 30, 2014

နံနက်​ခင်းသြဝါဒ

နံနက်ခင်းသြ၀ါဒ

မနောအလှပို စိတ်ဘ၀င်မှာ
လောဘကို ထိပ်မတင်ပါနဲ့

အမှုရှုပ်စရာများ တိုးစေတဲ့
သူ့ဥစ္စာအား မခိုးလေနဲ့

အရှက်တွေသာ ရောက်လာစေတဲ့
အရက်သေစာ မသောက်ပါလေနဲ့

တစ်ကြိမ်တစ်ခါပင် အမှားမဖြစ်ရအောင်
လိမ်ညာချင်တဲ့ စကားအသစ်ကိုရှောင်

မိမိခန္ဓာ ယိုယွင်းတာသိကာ
သတိရှိအမှန်သာ ကိုယ်ချင်းစာကြည့်ပါ

စစ်ကမ္ဘာများကိုငြိမ်းချမ်းစေတဲ့
မေတ္တာတရားကို ထိန်းစမ်းလေကွဲ့

အမုန်းတရားကိုဝေးစေတဲ့
နှလုံးသားကိုအေးစေမယ့်
အပြုံးများကိုပေးလေကွဲ့

No comments:

Post a Comment