Thursday, July 9, 2015

ကဗျာမရှိတဲ့ကမ္ဘာ

ကဗျာမရှိတဲ့ကမ္ဘာ
~~~~~~~~~~


ကဗျာမ​ရေးဖို့
ငါ​တွေးကြည့်​တဲ့အခါ
မိုးရာသီဟာ တိမ်​​တွေထဲမှာမြုံ
လေညင်းတသုန်​သုန်​ဟာ
ချက်​ချင်း ရပ်​တန့်​သွားတယ်​ .....။


ကဗျာအ​ကြောင်း​မ​တွေးဖို့
ငါ့စိတ်​ကိုသမထလုပ်​ကြည့်​တဲ့အခါ
လူတိုင်းရဲ့​ဒေါသ​တွေဟာ
ဓားလှံ​တွေကိုကျစ်​​အောင်​ကိုင်​စေပြီး
မေတ္တာတရားကို အနီးကပ်​ တိုက်​ခိုက်​တယ်​....။


ကဗျာမ​ရေးဖို့
ငါ့ကိုယ်​ငါအမိန့်​​ပေးကြည့်​တဲ့အခါ
ပန်း​တွေဟာရနံ့​တွေ အ,ကုန်​ကြတယ်
နေ​ရောင်​ခြည်​လည်း
စကြာဝဠာထဲမှာ အပူမိ
ကမ္ဘာထိ​ရောက်​မလာနိုင်​​တော့ဘူး.....။



ကဗျာကိုမချစ်​ဖို့
ငါ့ကိုယ်​ငါ စီစစ်​ကြည့်​တဲ့အခါ
ချစ်​သူ့မျက်​နှာဟာ ​သွက်​သွက်​ခါသွားတယ်
စာနာတဲ့အပြုံးတစ်​ခုဟာ
အ​မှောင်​ထဲမှာထာဝရ​ပျောက်​ကွယ်​သွား​တော့တယ်​..။




Tuesday, July 7, 2015

ဘယ်လိုလူကြီးလဲ 

ဘယ်​လိုလူကြီးလဲ.....ဘယ်​လိုလူကြီးလဲ
~~~~~~~~~~~~~~~~~~~~~~~


စဉ့်​ကိုင်​မြို့ကို
အနှုတ်​လက္ခဏာနဲ့​ရောက်​လာ
သူ့ကိုယ်​သူအ​ကြွေးပင်​လယ်​ပြာထဲပစ်​ချ
ဘယ့်​​တော့မှစိတ်​ဓာတ်​မကျတဲ့လူကြီး...



လိပ်​ပြာ​လေးအ​တောင်​ကျိုးတာကစပြီး
သတ္တ၀ါ​တွေကို​နေရင်းထိုင်​ရင်းသနား
ဖြစ်​နိုင်​ရင်​......
တစ်​​လောကလုံးကိုထမ်းထားချင်​တဲ့လူကြီး



ဇနီးမယားကိုချစ်​တဲ့​နေရာမှာစံပြ
မိတ်​​ဆွေ​တွေအ​ပေါ်အနစ်​နာခံတာပထမ
တပည့်​​တွေအ​ရေးဦးစား​ပေးတာထိပ်​ဆုံးက
ဂရုဏာရသကိုအပိုင်​ရချင်​တဲ့ လူကြီး



ဘာနဲ့​ရော​ရောလက်​ခံတဲ့​ရေလို
ကျူခုံကိုလာခဲ့ရမလား
ကွမ်းစားဖို့အ​ဖော်​ညှိချင်​တာလား
ဘီယာပုလင်းကိုပါးစပ်​နဲ့​ဖောက်​ပြရမလား
ထီးဆိုင်​နဲ့မာရဇ္ဇကိုဟစ်​ပြရမလား
အမြဲတမ်းအားလပ်​​နေတဲ့လူကြီး



အသားမဲတာကို ဂုဏ်​ယူ
အနက်​​ရောင်​ မ၀တ်​ရမှာကို စိတ်​ပူ
အမြဲတမ်း facebook သုံးဖို့တာစူ
Beer ဗိုက်​ကတဖြည်းဖြည်း ပိုပူ
ရွာ​ဘေးက​မြောင်း​ရေချိုးတာ​ပျော်​ရွှင်​သူ
ဘာပဲစားရစားရစံချိန်​ထူ
လွတ်​လပ်​မှုကို အ​ရေးတယူ
မျက်​ရည်​​တွေကို​ရွှေချပြီး
ထာဝရသိမ်းဆည်းထားချင်​သူ.........။


မောင်​ဘုန်း.....သို့....


အ​တောင်​​ညောင်း​နေ​သောစကားပုံများ

အ​တောင်​​ညောင်း​နေ​သောစကားပုံများ
~~~~~~~~~~~~~~~~~~~~~~

မင်းကိုရှင်းပြရတာ
နွားကို​ရေခဲမုန့်​​ကျွေးရသလိုပဲကွာ
ဆရာမပြရင်
ငပိကင်​တာ​တောင်​နည်းမကျဘူး​ဟေ့
ဝေလငါးကို​ရေခင်းပြသလို
ငါ့ကိုလျှာထုတ်​မပြပါနဲ့
မျက်​နှာသာ​ပေးရင်
ရွှေ​အေးကဇွန်း​တောင်​အလစ်​မ​ပေးဘူး
ကုသိုလ်​တစ်​မူးငရဲဆယ်​​ဒေါ်လာနဲ့​ကောင်​က
ဖင်​မနိုင်​ဘဲတညင်းသီးစားချင်​​သေးတယ်
ဘာပဲဖြစ်​ဖြစ်
မင်းက ​ခွေးမြီး​ကောက်​ ပိုက်​လုံးထဲစွပ်​သလိုပါပဲ
စောင်​ခြုံထဲက ​လေးဂွပြတာမဟုတ်​ဘူး
သတ္တိရှိရင်​ ကြွက်​မနိုင်​ ကျီ​ရေနဲ့​ဖြန်းကြည့်​ပါလား


Sunday, July 5, 2015

စက်​၀ိုင်းတစ်​​ကောင်​၏မှတ်​စု

စက်​၀ိုင်းတစ်​​ကောင်​၏မှတ်​စု
~~~~~~~~~~~~~~~~


ယောက်ျားထု ၇၀ ရာနှုန်းက
ငါ့ကို
အရူးအမူးစွဲလမ်းကြတယ်
ငါရှိတဲ့ဘယ်​​နေရာမဆို
ငါလှုပ်​ရှားမယ့်​ဘယ်​အချိန်​မဆို
သူတို့
စောင့်​ကြိုငံ့လင့်​ကြတယ်​.......။



သူတို့အချင်းချင်း
ငါ့ကိုလုယက်​ကြရင်း
ရင်းနှီးခြင်း​တွေ​ဖော်​​ဆောင်​ကြတယ်
ပြိုင်​ဆိုင်​မှု​တွေထုဆစ်​ကြတယ်



ငါ့ကိုခုတုံးလုပ်​ပြီး
အ​လောင်းအစား​တွေအကြီးကြီးဖန်​တီးကြတယ်
ငါနဲ့ပတ်​သက်​လာရင်
မိန်းမလည်းစကားလည်းနားမ​ထောင်​ဘူး
အ​မေ့စကားလည်းမကြား​ယောင်​ပြု
ဒါ​ကြောင့်​ငါက
နေရင်းထိုင်​ရင်း ​သွေးခွဲသူ ဖြစ်​ရတယ်​.......။



ငါနိုင်​ငံခြားသွားရင်
သူတို့အားလုံး ငါ့ကို ပိုချစ်​ကြတယ်
ငါ့​ခြေလှမ်း​တွေကို အမြဲ​စောင့်​ကြည့်​ကြတယ်
ငါ့လှုပ်​ရှားမှု​တွေကိုအကဲခတ်​ကြတယ်
ဒါ​ကြောင့်​ငါက
ဘာမဆိုင်​ညာမဆိုင်​ မျိုးချစ်​စိတ်​လှုံ့​ဆော်​သူ ဖြစ်​ရတယ်



ရံဖန်​ရံခါ
က​လေး​တွေကငါ့ကိုမိုးရွာထဲဆွဲ​ခေါ်ကြတယ်
ငါ့မှာ
ရွှံ့ ဗွက်​​တွေတ​ပေ​ပေမိုး​ရေ​တွေတရွှဲရွှဲနဲ့
အလူးအလဲခံရတယ်
ဒါ​ပေမယ့်​ ငါ ​ပျော်​ပါတယ်
က​လေး​တွေကအပြစ်​ကင်းတယ်​​လေ......။



လူကြီး​တွေက
ငါ့ကို အသုံးချကြတယ်
သူတို့​အောင်​မြင်​ထင်​​ပေါ်ဖို့
သူတို့​ငွေ​ကြေးအမြတ်​အစွန်းရဖို့
သူတို့နာမည်​ကြီးလူသိများဖို့
ငါက
တရားခံဖြစ်​ရတယ်
ဓားစာခံဖြစ်​ရတယ်



တစ်​ခါတစ်​ရံ
ချစ်​ကြည်​​ရေး ဆိုတဲ့ ​ခေါင်းစဉ်​ကြီးနဲ့
ငါ့ကို အမုန်း​တံဆိပ်​​တွေကပ်​ကြတယ်
အာဃာတလက်​မှတ်​​တွေဖြန့်​ကြတယ်
တစ်​​ယောက်​နဲ့တစ်​​​ယောက်​​ပွေ့ဖက်​ကြရင်း
စိတ်​အတွင်းက အံကြိတ်​ကြတယ်
တွေးရင်းနဲ့ ဒီ​လောဘသား​တွေအတွက်
ငါ......
ရင်​​မောလိုက်​တာ.......။



ကျေးလက်​​တောရွာ​တွေ​ရောက်​ရင်​​တော့
ငါ စိတ်​သက်​သာရပါတယ်
သူတို့ငါ့ကိုချစ်​တာက ရိုးသားတယ်
မာနမပါဘူး ​လောဘမပါဘူး
အတ္တမပါဘူး ဟန်​​ဆောင်​မှုမပါဘူး
ငါ့ကို အပြိုင်​အဆိုင်​ သူတို့ ​ပွေ့ဖက်​ကြတာက
ရယ်​​မောစရာ သနားစရာ
ပြီး​တော့ မြတ်​နိုးစရာ......။



အားလုံးကငါ့ကိုအမျိုးမျိုးသတ်​မှတ်​ကြတယ်
ငါကကံကြမ္မာနဲ့တူတယ်​တဲ့
ဘာမှကြို​တွေးထားလို့မရလို့​လေ
ငါကကမ္ဘာကြီးနဲ့တူတယ်​တဲ့
မျက်​နှာဝိုင်းဝိုင်း​ချော​ချောမွတ်​မွတ်​မို့​လေ
ငါကိုအ​လောင်းကစားသမား​တွေက
တစ်​လုံး လို့​ခေါ်ကြတယ်
ဇာတာထဲကငါ့နာမည်​က football တဲ့​လေ
မြန်​မာလူမျိုးအချို့ငါ့ကို​ခေါ်တာ
နားရှက်​စရာ​ကောင်းပါတယ်
ဖွတ်​...​ဘော.....တဲ့
အီး.....ငို ချင်​ တာ.......။


တစ်​သက်​မှာတစ်​ခါ

တစ်​သက်​မှာတစ်​ခါ
~~~~~~~~~~~


တစ်​သက်​မှာတစ်​ခါ
အသက်​နှစ်​ဆယ်​ပြည့်​ခဲ့ပါပြီ
အချိန်​ဟူသည်
အရာရာကိုဖန်​ဆင်း​သော
အဆုံးမဲ့သဘာဝတရားဖြစ်​၏



တစ်​သက်​မှာတစ်​ခါ
အချစ်​စစ်​တစ်​ခုကိုပိုင်​ဆိုင်​ခဲ့ဖူးပြီ
အချစ်​စစ်​ဟူသည်
လူ​တွေဖွင့်​ဆိုချက်​မှား​နေ​သော
အချိန်​၏သား​တော်​တစ်​ပါးဖြစ်​၏



တစ်​သက်​မှာတစ်​ခါ
အီတလီ​ခေါက်​ဆွဲစားဖူးခဲ့ပြီ
အစားအ​သောက်​ဟူသည်
ဘယ်​​တော့မှနှစ်​ကြိမ်​စား၍မရ​သော
ရသတဏှာ၏ ​ကျေးကျွန်​ဖြစ်​၏



တစ်​သက်​မှာတစ်​ခါ
ခြေသည်းလက်​သည်းများညှပ်​လိုက်​ပြီ
ခန္ဓာကိုယ်​၏​ဘေးထွက်​ပစ္စည်းများသည်
နောက်​တစ်​ကြိမ်​ပြန်​သုံးခွင့်​မရ​သော
ဒုက္ခသစ္စာ၏ မှတ်​စုများဖြစ်​၏



မှန်​ပါ၏
အရာရာသည်
တစ်​သက်​မှာတစ်​ခါသာဖြစ်​ခဲ့ကြပါ၏


Beer

Beer
ဘီယာ
~~~~~



Here,
    With my beer
I sit,
While golden moments flit:
    Alas!
    They pass
Unheeded by:
And, as they fly,
I,
Being dry,
    Sit, idly sipping here
    My beer.

ဒီမှာ
ငါ့ဘီယာနဲ့အတူ
ငါ ထိုင်​တယ်
ရွှေ​စက္ကန့်​​တွေတဖျပ်​ဖျပ်​​သေဆုံး
အားးးးးးးးး
သူတို့ကုန်​လွန်​သွားတာ
သတိမထားမိပါလား
ငါလည်း
စက္ကန့်​​လေး​တွေလို
အာ​ခေါင်​​ခြောက်​တယ်
ထိုင်​တယ်
အ​ကြောင်းမဲ့သက်​သက်​တစ်​ငုံ​သောက်​တယ်
ငါ့ဘီယာကို​ပေါ့........။





O, finer far
Than fame, or riches, are
The graceful smoke-wreaths of this free cigar!
    Why
    Should I
    Weep, wail, or sigh?
    What if luck has passed me by?
What if my hopes are dead,— 
My pleasures fled?
    Have I not still
    My fill
Of right good cheer,—
Cigars and beer?

အို....ထင်​​ပေါ်ခြင်း​တွေ
ငွေ​ကြေးကြွယ်​၀ခြင်း​တွေနဲ့
ဝေးသထက်​​ဝေးတာက
ပို​ကောင်းလှပါလား
ဟော့ဒီ ​ဆေးပြင်းလိပ်​ကထွက်​တဲ့
သရဖူမီးခိုး​ငွေ့​တွေက တင့်​တယ်​​နေတာ
ငါ
ဘာ့​ကြောင့်
ငို​ကြွေးသင့်​သလဲ
ညည်းတွားသင့်​သလဲ
သက်​ပြင်းချသင့်​သလဲ
ကံ​ကောင်းခြင်းဟာငါ့ထံကထွက်​ခွာခဲ့ရင်
ငါ့​မျှော်​လင့်​ချက်​​တွေ​သေဆုံးခဲ့ရင်
ဘာဖြစ်​မှာမို့လို့လဲ
အဲဒါနဲ့ပဲငါ့ရဲ့​ပျော်​ရွှင်​ခြင်း​တွေထွက်​​ပြေးပြီလား
မှန်​ကန်​တဲ့​ကောင်းမွန်တဲ့ ​၀မ်း​မြောက်​မှုကို
ငါ
ဖြည့်​ဆည်းခွင့်​မရှိ​တော့ဘူးလား
ဆေးပြင်းလိပ်​တစ်​လိပ်​နဲ့​လေ
ဘီယာတစ်​ငုံနဲ့​လေ........။




    Go, whining youth,
    Forsooth!
Go, weep and wail,
Sigh and grow pale,
    Weave melancholy rhymes
    On the old times,
Whose joys like shadowy ghosts appear,—
But leave me to my beer!

သွား​တော့ကွာ
အော်​ငိုပစ်​ချင်​စရာငယ်​ဘ၀​ရေ
တကယ့်​ကိုပဲ
သွားစမ်းပါ
ငိုလိုက်​စမ်းပါ
ညည်းညူလိုက်​စမ်းပါ
သက်​ပြင်းပူလိုက်​စမ်းပါ
ဖျော့​တော့အားငယ်​လိုက်​စမ်းပါ
စိတ်​ကျကာရန်​​တွေကိုယက်​လုပ်​ရင်း
ဟိုတုန်းက ​ပျော်​ရွှင်​စရာဆိုတာလည်း
အရိပ်​တ​စ္ဆေ​ပေါ်လာသလိုပဲတဒင်္ဂ
ဒါ​ပေမယ့်
ငါ့ကို ဘီယာနဲ့အတူ ထားခဲ့ပါ ........။




    Gold is dross,—
    Love is loss,—
So, if I gulp my sorrows down,
Or see them drown
In foamy draughts of old nut-brown,
Then do I wear the crown,
    Without the cross!

ရွှေလည်း ဗြုန်းဖြစ်​ပြီ
အချစ်​လည်း ဆုံးနစ်​ပြီ
ဒါ​​ကြောင့်
ငါက ၀မ်းနည်းမှု​တွေကိုအငမ်း​မရ​သောက်​​နေတာ​ပါ
အညိုရင့်​​ရောင်​စည်​ကြီးထဲက
အမြှုပ်​တစီစီထဲမှာ
အဲဒီ ​ကြေကွဲစရာ​တွေမြုပ်​​နေတာ မြင်​လား
ဒါ​ကြောင့်​မို့
ဘုရားသခင်​ကို ​မေ့​လျော့ပြီး
ငါက သရဖူ​ဆောင်းထားရမလား ဟင်​.......။

Arnold, George ကဗျာကို ​စွေကြည့်​သည်​။


Invitation to love

Invitation to Love
ချစ်​သူကို ဖိတ်​​ခေါ်ခြင်း
~~~~~~~~~~~~~~


Come when the nights are bright with stars
Or come when the moon is mellow;
Come when the sun his golden bars
Drops on the hay-field yellow.

ကြယ်​​တွေ​တောက်​ပ အလှဆုံးညမှာ
ညင်​သာဝင်းပ လ,သာ​သောခါ
ဝါ၀ါဖျဖျ ရိုးပြတ်​မွ​ပေါ်
နေ​ရောင်​​ပျော်​​မွေ့ အလှ​တွေ့ချိန်
စွေ့​စွေ့ရင်​ခုန်​ အပြုံး ထုံကာ
ယုံယုံကြည်​ကြည်​ ​မောင့်​ဆီလာပါ ချစ်​သက်​လျာ....။




Come in the twilight soft and gray,
Come in the night or come in the day,
Come, O love, whenever  you may,
And you are welcome, welcome.

မှိုင်းပျသာယာ ဆည်းဆာည​နေ
ညည​နေ့​နေ့ ကွဲပြားပ​လေ့​စေ
အို....အချစ်​​ရေ....
လာ​လေလာပါ ဘယ်​ချိန်​ခါမဆို
မင်းကိုကြိုဆို ​မောင်​ ရင်​ဖိုမိ........။




You are sweet, O Love, dear Love,
You are soft as the nesting dove.
Come to my heart and bring it to rest
As the bird flies home to its welcome nest.

ချစ်​ရဆုံးသူ
ချစ်​သည်းအူ​ရေ ​မောင်​​လေ​တွေးထင်
မင်းကိုမြင်​မိ ချိုမြိန်​ဘိခြင်း
အသိုက်​တွင်းက ချိုးငှက်​လှပမာ
နုညံ့ပါ၏ ​ရောက်​လာလှည့်​ပါ
မောင့်​သည်းလွှာကြား ခိုဝင်​နားဖို့
ဖိတ်​ကြားလိုက်​မိ ​မျှော်​လင့်​မိ......။




Come when my heart is full of grief
Or when my heart is merry;
Come with the falling of the leaf
Or with the reddening cherry.

မောင့်​နှလုံးသား ​သောကများချိန်
ပျော်​ပါးကြည်​နူး ရင်​ထဲမြူးချိန်
ဘယ်​အချိန်​ဖြစ်​ဖြစ်​ အချစ်​လာ​နော်
အမြဲ​မျှော်​လင့်​ ချယ်​ရီပွင့်​​တွေ
ရင့်​ရင့်​ရဲရဲ အလှကဲစဉ်
ကြွေဆဲသစ်​ရွက်​ ​နွေဦးရက်​များ
ကျော်​ဖြတ်​သွားစဉ်​ ​မောင်​မြင်​ချင်​မိ တမ်းတမိ.....။




Come when the year’s first blossom blows,
Come when the summer gleams and glows,
Come with the winter’s drifting snows,
And you are welcome, welcome.

နှစ်​ဦးအစ ပန်းရိုင်းလှ​တွေ
ကြွရွပွင့်​လန်း ​ရောင်​စုံလွှမ်းချိန်
ဖျန်းဖျန်း​တောက်​​တောက်​ ​နွေမီး​​ပြောက်​တို့
ဖောက်​​ဖောက်​​အော်​မြည်​ အလွမ်းသီချိန်
နှင်းရည်​နှင်းဖတ်​ တစက်​စက်​​ကြွေ
ဆောင်း​လေသုတ်​ဖြူး ချမ်း​အေးလူးချိန်
ကြည်​နူးရွှင်​ပျ ကြိုဆိုပါရ​စေ
မောင့်​.......အချစ်​​ရေ........။



Dunbar, Paul Laurence ၏ ကဗျာကို မြန်​မာတိုက်​ပုံဝတ်​​ပေးသည်​။


ရိုးသားတမ်းကစားရ​အောင်

ရိုးသားတမ်းကစားရ​အောင်
~~~~~~~~~~~~~~~~


သားသမီး နဲ့ မိဘ
အပြန်​အလှန်​ရိုးသားကြရင်
အိမ်​ ဆိုတဲ့ ​ဝေါဟာရရဲ့အဓိပ္ပါယ်
လှချင်​တိုင်းလှ​နေလိမ့်​မယ်​..........



တပည့်​ နဲ့ ဆရာ
အတူတူရိုးသားခဲ့ပါလျှင်
ပညာ​ရေးဆိုတဲ့သစ်​ပင်​ကြီးဟာ
သီးပွင့်​ ​ဝေဆာ စိမ်းမြ
ဘွဲ့တံဆိပ်​​တွေထုတ်​ပြစရာမလို​တော့ဘူး......



မိတ်​​ဆွေအချင်းချင်း
ရိုးသားခြင်း​တွေခင်းခဲ့ကြရင်
ခင်​မင်​မှုရဲ့​မေတ္တာ​ရောင်​ပြန်
စာနာစိတ်​​တွေအမြဲလွင့်​ပျံ​နေမယ်​........



အစိုးရ နဲ့ ပြည်​သူ
ရိုးသားမှု​တွေတူခဲ့ရင်
ဒီမိုက​ရေစီ ရင်​ခွင်​အသစ်​မှာ
အာဏာဆိုတဲ့စကားလုံး
လုံးဝ​ပျောက်​ဆုံးသွားလိမ့်​မယ်​........


Halo


HALO
ဆန္ဒရှင်
~~~~~

Remember those walls I built
Well, baby, they're tumbling down
And they didn't even put up a fight
They didn't even make a sound

ကျွန်​မ​ဆောက်​ခဲ့တဲ့တံတိုင်း​တွေကိုမြင်​ရဲ့လား
မောင်​​ရေ....သူတို့ ပျက်​ဆီးပြိုကျ​နေပြီ​လေ
သူတို့တိုက်​ပွဲတစ်​ခု​ကို​တောင်​မဆင်​နွဲခဲ့ရဘူး
သူတို့ လှိုင်​သံတစ်​ခုကို​တောင်​မဖန်​တီးခဲ့ရဘူး



I found a way to let you win
But I never really had a doubt
Standing in the light of your halo
I got my angel now

မောင့်​ကို အနိုင်​​ပေးဖို့နည်းလမ်းတစ်​ခုကျွန်​မ​တွေ့ခဲ့တယ်
ဒါ​ပေမယ့်​ကျွန်​မမှာဘာသံသယမှမရှိခဲ့တာအမှန်​ပါ
မောင့်​ဆန္ဒရဲ့အလင်း​ရောင်​ထဲမှာမတ်​တတ်​ရပ်​ရင်း
ကျွန်​မရဲ့ နတ်​သားကို အခု​တွေ့ခဲ့ပြီ​လေ



It's like I've been awakened
Every rule I had you break it
It's the risk that I'm taking
I ain't never gonna shut you out

ကျွန်​မ ရုတ်​တရက်​ နိုးထလာသလိုမျိုး
ကျွန်​မချမှတ်​ထားတဲ့စည်းမျဉ်းကို ​မောင်​ ချိုး​ဖောက်
ကျွန်​မရယူ​နေတာ​တွေကစွန့်​စားမှု​တွေ​ပေါ့
မောင့်​ကို ဘယ်​​တော့မှ မတားဆီးချင်​ခဲ့ဘူး​လေ



Everywhere I'm looking now
I'm surrounded by your embrace
Baby, I can see your halo
You know you're my saving grace

နေရာတိုင်းမှာကျွန်​မအခု​တွေ့​နေရတာ​တွေဟာ
မောင့်​ရဲ့အယုအယ​တွေပဲဝန်းရံထားတာ
မောင်​​ရေ.....ကျွန်​မ ​မောင့်​ရဲ့ ဆန္ဒကိုမြင်​ရပြီ​လေ
မောင်​က ကျွန်​မရဲ့ သိုဝှက်​ထားတဲ့ဂုဏ်​ကိုသိတယ်​​နော်



You're everything I need and more
It's written all over your face
Baby, I can feel your halo
Pray it won't fade away

မောင်​က ကျွန်​မလိုအပ်​တာထက်​ပိုသူပါ
ဒါကို​မောင့်​အပြုံး​တွေကသက်​​သေပြထား
အို.....ချစ်​ရတဲ့​မောင်​​ရေ.......
မောင့်​ဆန္ဒ​တွေကို ကျွန်​မခံစားမိပါတယ်
ဘယ်​​တော့မှ​ပျောက်​မသွားဖို့လည်းဆု​တောင်း​နေမယ်



Hit me like a ray of sun
Burning through my darkest night
You're the only one that I want
Think I'm addicted to your light

ကျွန်​မဘ၀ရဲ့အ​မှောင်​ဆုံးညကို
မောင့်​ရဲ့ ​နေအလင်းနဲ့ ​တောက်​ပ​ပေးပါ
မောင်​က ကျွန်​မမက်​​မောတဲ့တစ်​ဦးတည်း​သောသူပါ
မောင့်​ရဲ့ အလင်းကိုစွဲငြိတမ်းမက်​​နေသူပါ



I swore I'd never fall again
But this don't even feel like falling
Gravity can't forget
To pull me back to the ground again

ကျွန်​မကျိန်​​ပြောခဲ့ပါတယ်
ဘယ်​​တော့မှပြန်​မလဲပြို​စေရဘူးကွယ်
ဒါ​ပေမယ့်​ ဒီလိုမျိုး​တောင်​ မခံစား​စေရဘူး
ကံကြမ္မာက ကျွန်​မကိုမူလ​နေရာပြန်​​ရောက်​​အောင်
ခေါ်​ဆောင်​​ပေးမှာပါ ​မောင်​​ရေ..........

&&&&&&&&&&&&&&&&&&&&&&&&&&&

Halo သီချင်းကို ဘာသာပြန်​​ပေးရန်​​တောင်းဆိုထား​သော My online mother အတွက်​ ရည်​ရွယ်​ပါသည်​။

Halo ၏ မြန်​မာလိုအဓိပ္ပါယ်​ကို ကျွန်​​တော်​ အမှန်​တကယ်​မသိပါ။

Halo is a military science fiction first-person shooter video game francihse ဟု ဖတ်​ဖူးထားပါသည်​။

Game series တစ်​ခုဟုသာ နားလည်​ထား၊သိထားပါသည်​။

ကျွန်​​တော်​က game မ​ဆော့တတ်ပါ။

ထို့​ကြောင့်​ Halo ၏  အ​ကြောင်းနားမလည်​ပါ။

ဆန္ဒရှင်​ ဟု ဘာသာပြန်​ထားခြင်း​မှာ ကျွန်​​တော့်​အမြင်​သာဖြစ်​ပါသည်​။

မှားတယ်​ လို့ ​ပြောလျှင်​လည်း ခံပါမည်​။
စတန့်​ထွင်​တာ လို့ ​ဝေဖန်​လျှင်​လည်း ပြုံးပြပါမည်​။
ဆရာကြီးလား လို့ ခနဲ့လျှင်​လည်း ရယ်​​နေလိုက်​မည်​။
ဘာပဲဖြစ်​ဖြစ်​ ​ကျေးဇူးတင်​ပါသည်​။


A life

A Life
ဘ၀တစ်​ခု၏အဓိပ္ပါယ်
~~~~~~~~~~~~~~



That the stars are adamant
everyone understands—
but I won’t give up seeking joy
on each blue wave
or peace below every gray stone.
If happiness never comes, what is a life?

ကြယ်​​တွေအ​ကြောက်​အကန်​ငြင်းဆန်​တာ
လူတိုင်းနားလည်​တာ​ပေါ့
ဒါ​ပေမယ့်​ ငါက...
သူတို့ကို​ငေး​မောဖို့ဘယ်​​တော့မှလက်​မ​လျှော့ဘူး
ကောင်းကင်​ပြာပြာလှိုင်းတစ်​ခုစီ​ပေါ်က​ပျော်​ရွှင်​မှု
ဒါမှမဟုတ်
မီးခိုး​ရောင်​​ကျောက်​တုံး​အောက်​ကငြိမ်းချမ်း​ရေး
ကြည်​နူးမှု​တွေ​ပျောက်​ဆုံး​​နေရင်
ဘ၀ဆိုတာ ဘာလဲ ဟင်​.....




A lily withers in the sand
and if its nature has failed?
The tide
washes the beach at night.
What is the fly looking for on the spider’s web?

သဲထဲမှာညှိုး​ရော်​သွားတဲ့ကြာတစ်​ပွင့်​အတွက်
သဘာဝတရားဟာ​သေဆုံးသွား
ည​အခါမှာ ဒီ​ရေကကမ်း​ခြေကို​ဆေး​ကြော
ဘာ့​ကြောင့်​ယင်​​ကောင်​က
ပဂ့်​ကူအိမ်​ကိုရှာ​နေသလဲ ​ပြော




What does a dayfly make of its hours?
(Two wings creased over a hollow body.)
Black will never turn to white—
yet the perfume of our struggle lingers
as each morning fresh flowers
spring up from hell.

ယင်​​ကောင်​၀ါဝါတစ်​​ကောင်​က
သူ့အချိန်​​တွေကိုဘယ်​လိုဖြုန်းပစ်​သလဲ
အမဲဟာဘယ်​​တော့မှအဖြူပြန်​မဖြစ်​ဘူး
ဒါ​ပေမယ့်​ ငါတို့ရဲ့ရုန်းကန်​ခြင်း ရနံ့ က
တရစ်​၀ဲဝဲ ​မွှေးပျံ့  လှပ
မနက်​ခင်းရဲ့လတ်​ဆတ်​တဲ့ပန်း​တွေဟာ
ဒုက္ခတွင်းထဲက လွတ်​​မြောက်​​စေကြသလို​ပေါ့




The day will come
when the earth is emptied,
the skies collapse
and all goes still—
when nothing remains but the dayfly
folded in a leaf.

ကမ္ဘာကြီး ဗလာဖြစ်​လာတဲ့အချိန်
ကောင်းကင်​​တွေ ပြိုကျလာတဲ့အချိန်
အရာအားလုံး ငြိမ်​သက်​သွားတဲ့အချိန်
ဘာမှမကျန်​​တော့မယ့်​အချိန်
တစ်​​နေ့​တော့ ​ရောက်​လာလိမ့်​မယ်
ဒါ​ပေမယ့်​ကွယ်​ ယင်​​ကောင်​၀ါဝါက​တော့
သစ်​ရွက်​တစ်​ခုထဲမှာ ခို​အောင်း​နေခဲ့တယ်​​လေ.....



But no one knows it.

သို့​သော်​လည်း
ဘယ်​သူမှ ဒါကို မသိဘူး​လေ......



Dinth ၏ ကဗျာကို ​ရေကူးသင်​သည်​။


Soeminkyaw ပန်း​လောင်​​မြေ


Saturday, June 27, 2015

အချိန်​ကပြတဲ့တရား

အချိန်ကပြတဲ့တရား
~~~~~~~~~~~~~

ဆင်းဆင်းရဲရဲနဲ့
ဘဝကိုဖြတ်သန်းခဲ့ချိန်တွေမှာ
လောကကြီးကို စိတ်နာတတ်ခဲ့တယ်

အခုတော့
အဲဒီအကြောင်းတွေပြန်ပြောရတာ
အရသာရှိလိုက်တာ
ကံကြမ္မာကိုတောင် ကျေးဇူးတင်မိတယ်

ညှိုးညှိုးငယ်ငယ်နဲ့
ချစ်သူရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရချိန်မှာ
ငွေစက္ကူတွေကို ရွံခဲ့တယ်

အခုတော့
အဲဒီကြေကွဲဇာတ်ကိုပြန်ပြောရတာ
နှလုံးသားကမာလိုက်တာ
မြှားနတ်မောင်ကိုတောင် ကျေးဇူးတင်မိတယ်

ဒါပေမယ့်ကွယ်
နောက်ထပ် လူအနှိမ်ခံရလောက်အောင်
မဆင်းရဲချင်တော့ဘူး
နောက်ထပ် နာကြည်းနာကျင်ရလောက်အောင်
အသည်းမကွဲချင်တော့ဘူး



Thursday, June 25, 2015

လောကကြီး​ရေ

လောကကြီး​ရေ.......
~~~~~~~~~~~

လောကကြီး​ရေ........
လူ​တွေညံလိုက်​ပုံများ
တစ်​​ယောက်​ကဒါကိုကြိုက်​လိုက်​တာနဲ့
ဘုမသိဘမသိ
ဝိုင်းပြီးကြိုက်​မိကြတယ်
လေ့လာကြည့်​​တော့မှ
ခပ်​​ကြောင်​​ကြောင်​မြန်​မာဇာတ်​လမ်းဖြစ်​​နေတယ်
ပြီး​တော့ ​ပြောကြ​သေးတယ်
ကျွန်​မက ပဒိုင်းပန်းပါ ​မောင်​ တဲ့......။

လောကကြီး​ရေ........
လွှတ်​​တော်​လူကြီး​တွေတုံးလိုက်​ပုံများ
ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကိုပြင်​ဖို့
ငါတို့​ခေါင်း​ဆောင်​​ဟောင်းကြီးထံက
အကြံဥာဏ်​​တွေ​တောင်းခံကြမလို့တဲ့​လေ
လေ့လာကြည့်​​တော့မှ
ခပ်​​ကြောင်​​ကြောင်​ဝန်​ကြီးဖြစ်​​နေတယ်
ပြီး​တော့ ​ပြော​သေးတယ်
ကျုပ်​ ​ကြောက်​တတ်​တယ်​ ​မောင်​ တဲ့......။

လောကကြီး​ရေ.. .......
ဆရာ​တွေဖိန့်​လိုက်​ပုံများ
ကျောင်းသားတစ်​​ယောက်​ရဲ့ပညာအားကို
အမှတ်​များနဲ့တိုင်းတာရမယ်​တဲ့
လေ့လာကြည့်​​တော့မှ
ကျောင်းသားကကျက်​မင်းသားဖြစ်​​နေတယ်
ပြီး​တော့ ​ပြော​သေးတယ်
ရွှေအိုးရှိမှ ပညာရမယ်​ ​မောင်​ တဲ့......။

လောကကြီး​ရေ........
မြန်​မာလယ်​သမား​တွေရိုးလိုက်​ပုံများ
အသည်းကြားကမဲတစ်​ပြားကဘာလဲဟင်​ တဲ့
သေချာရှင်းပြ​တော့မှ
ရယ်​ရယ်​​မော​မော​ပြောရှာတယ်
အိုး....ဘယ်​သူတတ်​တတ်​ ထမင်းမငတ်​ဖို့အဓိကပဲ
ပြီး​တော့ ​ပြော​သေးတယ်
အစိုးရတိုင်း အစ​တော့ရိုးတယ်​ ​မောင်​ တဲ့......။

နေခဲ့သူ

နေခဲ့သူ
~~~~~

တကယ်​​ဝေးမယ်​ဆို​တော့
စပယ်​​လေး​တွေငိုပြီခင်​........

ချစ်​လျက်​နဲ့​ဝေးဖို့ပြင်
တွေးဖို့ပင်​မရဲ ..........

မေတ္တာဓာတ်​အ​ရောင်​ပြယ်
မောင်​...ရယ်​ လို့​ခေါ်သံတိတ်​..........

လက်​ပြကာနှုတ်​မဆက်​ချင်​ဘူး
ရုတ်​တရက်​ ရင်​စူးနာကျင်​.........

အချိန်​ကြာရင်​​မေ့မှာတဲ့လား
မလိမ်​ညာချင်​​ မျက်​နှာလွှဲသွား........

ဂုဏ်​ဓနမကြွယ်​သူမို့
သုညရယ်​ကိုယ့်​အ​ဖော်​​ပေါ့........

မစွန့်​လွှတ်​ချင်​ဘဲ​ဝေးရသတဲ့
ဆွေးရမယ့်​ည​တွေမ​မျှော်​လိုပါ.......

ဪ ...ကိုယ်​ဟာ အညတြသမား
ဘဝအလှများမကြုံဖူးသူပါ.......

Tuesday, June 23, 2015

ပြင်​လို့ရပါတယ်​ ညီ​လေးရယ်

ပြင်​လို့ရပါတယ်​ ညီ​လေးရယ်
~~~~~~~~~~~~~~~

ညီ​လေး​ရေ....
မင်းက
ချစ်​ခြင်းတရားနဲ့​လောကကြီးကို ချဉ်းကပ်​တယ်
မေတ္တာတရားနဲ့လူ​တွေကို ဆက်​ဆံတယ်
သံ​ယောဇဉ်​စစ်​စစ်​နဲ့ မိသားစုကို ပျိုး​ထောင်​တယ်​...

ဒါ​ပေမယ့်
မင်းချစ်​တဲ့​လောကကြီးက
တစ်​ခါတစ်​ရံ ချစ်​စရာမ​ကောင်းဘူး
မင်း​မေတ္တာထားတဲ့လူ​တွေက
တစ်​ခါတစ်​ရံ အကြင်​နာ​တွေ ​ဝေးတယ်
မင်းသံ​ယောဇဉ်​ရှိတဲ့ မိသားစုက
တစ်​ခါတစ်​ရံ သမုဒယနဲ့ ကင်းကွာ​နေတတ်​တယ်​....

ကိုယ်​​ပေးသ​လောက်​ပြန်​မရတဲ့ဘဝမှာ
ရရှိခြင်းကို​မျှော်​လင့်​တာ ​ကောင်းသလား

ပေးဆပ်​ခြင်းသပ်​သပ်​​မေတ္တာနဲ့
လောကကိုချဉ်းကပ်​ကြည့်​ရ​အောင်​​လေ

မင်းရဲ့သား​လေးကို မင်းချစ်​တယ်
မင်းရဲ့ သမီး​လေးကို မင်းချစ်​တယ်
မင်းရဲ့ ဇနီးကိုလည်း မင်းချစ်​တာပဲ
အဲဒါကို ငြင်းဖို့မကြိုးစားပါနဲ့

မိသားစုတစ်​ခုခိုင်​မြဲဖို့ဆိုတာ
ယောက်ျားက မိန်းမကို စာနာနားလည်​ရမယ်
မိန်းမက ​ယောက်ျားကို ကြင်​နာယုယရမယ်
အဲလို စာနာနားလည်​နိုင်​ဖို့
အဲလို ကြင်​နာယုယနိုင်​ဖို့
ဘာ​တွေလိုအပ်​သလဲ ညီ​လေး​ရေ.. ....

ယောက်ျားမကြိုက်​တဲ့ အချက်​​တွေ
(မိမိနဲ့သူတစ်​ပါးကိုအကျိုးမဖြစ်​​စေတဲ့အရာများ)
မိန်းမက ​ရှောင်​ရှားနိုင်​ရမယ်
မိန်းမမကြိုက်​တဲ့ အချက်​​တွေ
(အရက်​​သောက်​ခြင်းကဲ့သို့​သော အရာများ)
ယောက်ျားက စွန့်​လွှတ်​နိုင်​ရမယ်

အစ်​ကိုတစ်​​ယောက်​အ​နေနဲ့
မင်း သတ်​မှတ်​တဲ့ အ​ဖေတစ်​​ယောက်​အ​နေနဲ့
ဆုံးမစကား ​ပြောချင်​ခဲ့လိုက်​တာ

ဒါ​ပေမယ့်
မင်းမှာ ​တွေး​ခေါ်တတ်​တဲ့ ဥာဏ်​ရှိတယ်
ဆင်​ခြင်​တတ်​တဲ့ အသိတရားရှိတယ်
နားလည်​​ပေးတတ်​တဲ့ နှလုံးသားရှိတယ်

အဲလိုလူတစ်​​ယောက်​ကို ဆုံးမစကား​ပြောဖို့
ဝန်​​လေးခဲ့တာ ဆန်းသလား
တုံ့ဆိုင်းခဲ့တာ မှားသလား
လျစ်​လျူရှုခဲ့တာ လွန်​သလား

ဒီကဗျာကလည်း
ညီ​လေးရဲ့ ရင်​ထဲကအမှန်​တရား​တွေကို ဖျက်​ဆီးဖို့
ကာရန်​​တွေ ပို့လိုက်​တာမဟုတ်​ဘူး
Rhythmတွေ တို့လိုက်​တာမဟုတ်​ဘူး
သိပြီးသားမြင့်မြတ်တာ​​တွေကို သတိထားမိဖို့
ရှိပြီးသားဖြူစင်​မှု​တွေကို တန်​ဖိုးထားဖို့
Message ပို့လိုက်​တာပါ ညီ​လေး​ရေ.. ....

မင်းက စကားအ​ပြောအဆို​ကောင်းတယ်
လူမှု့ဆက်​ဆံ​ရေး ကျွမ်းကျင်​တယ်
လုပ်​ငန်းတာဝန်​ ​ကျေပွန်​ပိုင်​နိုင်​တယ်
မင်းနဲ့ပတ်​သက်​တဲ့ အပြစ်​ဆိုလို့
တစ်​ခုတည်းရှိတာပါ
အဲဒါ အရက်​​သောက်​ခြင်းပဲ

အပြစ်​ ဆိုတဲ့စကားကို
အစ်​ကို မသုံးချင်​ပါဘူး ညီ​လေး​ရေ

ဒါ​ပေမယ့်
မင်းစဉ်းစားဖို့ ​ပြောပါရ​စေ
အ​မေက မင်းကို သိပ်​ချစ်​တယ်
ဒါ​ပေမယ့်​ အရက်​​သောက်​တာမကြိုက်​ဘူး
မမက မင်းကို သိပ်​ချစ်​တယ်
ဒါ​ပေမယ့်​ အရက်​​သောက်​တာမကြိုက်​ဘူး
အစ်​ကိုက မင်းကိုသိပ်​ချစ်​တယ်
ဒါ​ပေမယ့်​ အရက်​​သောက်​တာမကြိုက်​ဘူး
ညီမ​လေးက မင်းကိုသိပ်​ချစ်​တယ်
ဒါ​ပေမယ့်​ အရက်​​သောက်​တာမကြိုက်​ဘူး
မင်းမိန်းမက မင်းကိုသိပ်​ချစ်​မှာပဲ
ဒါ​ပေမယ့်​ အရက်​​သောက်​တာမကြိုက်​ဘူး
သား​လေးကလည်း မင်းကိုသိပ်​ချစ်​မယ်
ဒါ​ပေမယ့်​ အရက်​​သောက်​တာမကြိုက်​ဘူး
သမီး​လေးကလည်း မင်းကိုသိပ်​ချစ်​မယ်
ဒါ​ပေမယ့်​ သူသိတတ်​တဲ့အရွယ်​​ရောက်​ရင်
ဖေ​ဖေအရက်​​သောက်​တာကို ကြိုက်​မှာမဟုတ်​ဘူး

မင်းချစ်​တဲ့ မိသားစု
မင်းကိုချစ်​တဲ့ မိသားစုက
ငြင်းဆန်​တဲ့ ကာယကံတစ်​ခုကို
မင်း စွန့်​လွှတ်​ဖို့ မလိုအပ်​ဘူးလားညီ​လေး​ရေ.....

အရက်​​သောက်​နိုင်​တဲ့ ဂုဏ်​ဆိုးထက်
အရက်​ကို​ရှောင်​နိုင်​တဲ့ ဂုဏ်​​ကောင်းတစ်​ခုကို
ညီ​လေး ပိုတန်​ဖိုးမထားသင့်​ဘူးလား

စိတ်​ညစ်​လို့ အရက်​​သောက်​မယ့်​အစား
သားနဲ့သမီး​အတွက်​ အချိန်​​ပေးပြီး​နေပါ
ပျော်​လွန်းလို့ အရက်​​သောက်​မယ့်​အစား
ကိုယ့်​မိန်းမအနားမှာ စကား​ပြော​ဆွေး​နွေးပါ
မိုးရွာလို့ အရက်​​သောက်​မယ့်​အစား
သူငယ်​ချင်း​တွေနဲ့ Tea ဆိုင်​မှာ ငြင်းခုန်​ပါ
အ​ကြောင်းမဲ့အရက်​​သောက်​မယ့်​အစား
ကုန်​ကျမယ့်​​ငွေ​တွေကို လှူဒါန်းပါ

ညီ​လေး​ရေ
ဒါဟာ ကဗျာတစ်​ပုဒ်​မဟုတ်​ပါဘူး
အစ်​ကိုတစ်​​ယောက်​က ညီတစ်​​ယောက်​ကို
ချစ်​ခြင်းရဲ့သ​င်္ကေတပါ
အ​ဖေတစ်​​ယောက်​က သားတစ်​​ယောက်​ကို
မျှော်​လင့်​ခြင်းရဲ့ အလင်းတစ်​စပါ
မေတ္တာနဲ့​တွေး သစ္စာနဲ့​ရေးတဲ့
နှလုံး​သွေးရဲ့ ပုံရိပ်​တစ်​ခုပါကွယ်​.......

ချစ်​လှစွာ​သော ညီငယ်​ တိုးတိုးလင်း သို့........