Sunday, July 5, 2015

Invitation to love

Invitation to Love
ချစ်​သူကို ဖိတ်​​ခေါ်ခြင်း
~~~~~~~~~~~~~~


Come when the nights are bright with stars
Or come when the moon is mellow;
Come when the sun his golden bars
Drops on the hay-field yellow.

ကြယ်​​တွေ​တောက်​ပ အလှဆုံးညမှာ
ညင်​သာဝင်းပ လ,သာ​သောခါ
ဝါ၀ါဖျဖျ ရိုးပြတ်​မွ​ပေါ်
နေ​ရောင်​​ပျော်​​မွေ့ အလှ​တွေ့ချိန်
စွေ့​စွေ့ရင်​ခုန်​ အပြုံး ထုံကာ
ယုံယုံကြည်​ကြည်​ ​မောင့်​ဆီလာပါ ချစ်​သက်​လျာ....။




Come in the twilight soft and gray,
Come in the night or come in the day,
Come, O love, whenever  you may,
And you are welcome, welcome.

မှိုင်းပျသာယာ ဆည်းဆာည​နေ
ညည​နေ့​နေ့ ကွဲပြားပ​လေ့​စေ
အို....အချစ်​​ရေ....
လာ​လေလာပါ ဘယ်​ချိန်​ခါမဆို
မင်းကိုကြိုဆို ​မောင်​ ရင်​ဖိုမိ........။




You are sweet, O Love, dear Love,
You are soft as the nesting dove.
Come to my heart and bring it to rest
As the bird flies home to its welcome nest.

ချစ်​ရဆုံးသူ
ချစ်​သည်းအူ​ရေ ​မောင်​​လေ​တွေးထင်
မင်းကိုမြင်​မိ ချိုမြိန်​ဘိခြင်း
အသိုက်​တွင်းက ချိုးငှက်​လှပမာ
နုညံ့ပါ၏ ​ရောက်​လာလှည့်​ပါ
မောင့်​သည်းလွှာကြား ခိုဝင်​နားဖို့
ဖိတ်​ကြားလိုက်​မိ ​မျှော်​လင့်​မိ......။




Come when my heart is full of grief
Or when my heart is merry;
Come with the falling of the leaf
Or with the reddening cherry.

မောင့်​နှလုံးသား ​သောကများချိန်
ပျော်​ပါးကြည်​နူး ရင်​ထဲမြူးချိန်
ဘယ်​အချိန်​ဖြစ်​ဖြစ်​ အချစ်​လာ​နော်
အမြဲ​မျှော်​လင့်​ ချယ်​ရီပွင့်​​တွေ
ရင့်​ရင့်​ရဲရဲ အလှကဲစဉ်
ကြွေဆဲသစ်​ရွက်​ ​နွေဦးရက်​များ
ကျော်​ဖြတ်​သွားစဉ်​ ​မောင်​မြင်​ချင်​မိ တမ်းတမိ.....။




Come when the year’s first blossom blows,
Come when the summer gleams and glows,
Come with the winter’s drifting snows,
And you are welcome, welcome.

နှစ်​ဦးအစ ပန်းရိုင်းလှ​တွေ
ကြွရွပွင့်​လန်း ​ရောင်​စုံလွှမ်းချိန်
ဖျန်းဖျန်း​တောက်​​တောက်​ ​နွေမီး​​ပြောက်​တို့
ဖောက်​​ဖောက်​​အော်​မြည်​ အလွမ်းသီချိန်
နှင်းရည်​နှင်းဖတ်​ တစက်​စက်​​ကြွေ
ဆောင်း​လေသုတ်​ဖြူး ချမ်း​အေးလူးချိန်
ကြည်​နူးရွှင်​ပျ ကြိုဆိုပါရ​စေ
မောင့်​.......အချစ်​​ရေ........။



Dunbar, Paul Laurence ၏ ကဗျာကို မြန်​မာတိုက်​ပုံဝတ်​​ပေးသည်​။


No comments:

Post a Comment