Sunday, July 5, 2015

Halo


HALO
ဆန္ဒရှင်
~~~~~

Remember those walls I built
Well, baby, they're tumbling down
And they didn't even put up a fight
They didn't even make a sound

ကျွန်​မ​ဆောက်​ခဲ့တဲ့တံတိုင်း​တွေကိုမြင်​ရဲ့လား
မောင်​​ရေ....သူတို့ ပျက်​ဆီးပြိုကျ​နေပြီ​လေ
သူတို့တိုက်​ပွဲတစ်​ခု​ကို​တောင်​မဆင်​နွဲခဲ့ရဘူး
သူတို့ လှိုင်​သံတစ်​ခုကို​တောင်​မဖန်​တီးခဲ့ရဘူး



I found a way to let you win
But I never really had a doubt
Standing in the light of your halo
I got my angel now

မောင့်​ကို အနိုင်​​ပေးဖို့နည်းလမ်းတစ်​ခုကျွန်​မ​တွေ့ခဲ့တယ်
ဒါ​ပေမယ့်​ကျွန်​မမှာဘာသံသယမှမရှိခဲ့တာအမှန်​ပါ
မောင့်​ဆန္ဒရဲ့အလင်း​ရောင်​ထဲမှာမတ်​တတ်​ရပ်​ရင်း
ကျွန်​မရဲ့ နတ်​သားကို အခု​တွေ့ခဲ့ပြီ​လေ



It's like I've been awakened
Every rule I had you break it
It's the risk that I'm taking
I ain't never gonna shut you out

ကျွန်​မ ရုတ်​တရက်​ နိုးထလာသလိုမျိုး
ကျွန်​မချမှတ်​ထားတဲ့စည်းမျဉ်းကို ​မောင်​ ချိုး​ဖောက်
ကျွန်​မရယူ​နေတာ​တွေကစွန့်​စားမှု​တွေ​ပေါ့
မောင့်​ကို ဘယ်​​တော့မှ မတားဆီးချင်​ခဲ့ဘူး​လေ



Everywhere I'm looking now
I'm surrounded by your embrace
Baby, I can see your halo
You know you're my saving grace

နေရာတိုင်းမှာကျွန်​မအခု​တွေ့​နေရတာ​တွေဟာ
မောင့်​ရဲ့အယုအယ​တွေပဲဝန်းရံထားတာ
မောင်​​ရေ.....ကျွန်​မ ​မောင့်​ရဲ့ ဆန္ဒကိုမြင်​ရပြီ​လေ
မောင်​က ကျွန်​မရဲ့ သိုဝှက်​ထားတဲ့ဂုဏ်​ကိုသိတယ်​​နော်



You're everything I need and more
It's written all over your face
Baby, I can feel your halo
Pray it won't fade away

မောင်​က ကျွန်​မလိုအပ်​တာထက်​ပိုသူပါ
ဒါကို​မောင့်​အပြုံး​တွေကသက်​​သေပြထား
အို.....ချစ်​ရတဲ့​မောင်​​ရေ.......
မောင့်​ဆန္ဒ​တွေကို ကျွန်​မခံစားမိပါတယ်
ဘယ်​​တော့မှ​ပျောက်​မသွားဖို့လည်းဆု​တောင်း​နေမယ်



Hit me like a ray of sun
Burning through my darkest night
You're the only one that I want
Think I'm addicted to your light

ကျွန်​မဘ၀ရဲ့အ​မှောင်​ဆုံးညကို
မောင့်​ရဲ့ ​နေအလင်းနဲ့ ​တောက်​ပ​ပေးပါ
မောင်​က ကျွန်​မမက်​​မောတဲ့တစ်​ဦးတည်း​သောသူပါ
မောင့်​ရဲ့ အလင်းကိုစွဲငြိတမ်းမက်​​နေသူပါ



I swore I'd never fall again
But this don't even feel like falling
Gravity can't forget
To pull me back to the ground again

ကျွန်​မကျိန်​​ပြောခဲ့ပါတယ်
ဘယ်​​တော့မှပြန်​မလဲပြို​စေရဘူးကွယ်
ဒါ​ပေမယ့်​ ဒီလိုမျိုး​တောင်​ မခံစား​စေရဘူး
ကံကြမ္မာက ကျွန်​မကိုမူလ​နေရာပြန်​​ရောက်​​အောင်
ခေါ်​ဆောင်​​ပေးမှာပါ ​မောင်​​ရေ..........

&&&&&&&&&&&&&&&&&&&&&&&&&&&

Halo သီချင်းကို ဘာသာပြန်​​ပေးရန်​​တောင်းဆိုထား​သော My online mother အတွက်​ ရည်​ရွယ်​ပါသည်​။

Halo ၏ မြန်​မာလိုအဓိပ္ပါယ်​ကို ကျွန်​​တော်​ အမှန်​တကယ်​မသိပါ။

Halo is a military science fiction first-person shooter video game francihse ဟု ဖတ်​ဖူးထားပါသည်​။

Game series တစ်​ခုဟုသာ နားလည်​ထား၊သိထားပါသည်​။

ကျွန်​​တော်​က game မ​ဆော့တတ်ပါ။

ထို့​ကြောင့်​ Halo ၏  အ​ကြောင်းနားမလည်​ပါ။

ဆန္ဒရှင်​ ဟု ဘာသာပြန်​ထားခြင်း​မှာ ကျွန်​​တော့်​အမြင်​သာဖြစ်​ပါသည်​။

မှားတယ်​ လို့ ​ပြောလျှင်​လည်း ခံပါမည်​။
စတန့်​ထွင်​တာ လို့ ​ဝေဖန်​လျှင်​လည်း ပြုံးပြပါမည်​။
ဆရာကြီးလား လို့ ခနဲ့လျှင်​လည်း ရယ်​​နေလိုက်​မည်​။
ဘာပဲဖြစ်​ဖြစ်​ ​ကျေးဇူးတင်​ပါသည်​။


No comments:

Post a Comment