Sunday, July 5, 2015

တစ်​သက်​မှာတစ်​ခါ

တစ်​သက်​မှာတစ်​ခါ
~~~~~~~~~~~


တစ်​သက်​မှာတစ်​ခါ
အသက်​နှစ်​ဆယ်​ပြည့်​ခဲ့ပါပြီ
အချိန်​ဟူသည်
အရာရာကိုဖန်​ဆင်း​သော
အဆုံးမဲ့သဘာဝတရားဖြစ်​၏



တစ်​သက်​မှာတစ်​ခါ
အချစ်​စစ်​တစ်​ခုကိုပိုင်​ဆိုင်​ခဲ့ဖူးပြီ
အချစ်​စစ်​ဟူသည်
လူ​တွေဖွင့်​ဆိုချက်​မှား​နေ​သော
အချိန်​၏သား​တော်​တစ်​ပါးဖြစ်​၏



တစ်​သက်​မှာတစ်​ခါ
အီတလီ​ခေါက်​ဆွဲစားဖူးခဲ့ပြီ
အစားအ​သောက်​ဟူသည်
ဘယ်​​တော့မှနှစ်​ကြိမ်​စား၍မရ​သော
ရသတဏှာ၏ ​ကျေးကျွန်​ဖြစ်​၏



တစ်​သက်​မှာတစ်​ခါ
ခြေသည်းလက်​သည်းများညှပ်​လိုက်​ပြီ
ခန္ဓာကိုယ်​၏​ဘေးထွက်​ပစ္စည်းများသည်
နောက်​တစ်​ကြိမ်​ပြန်​သုံးခွင့်​မရ​သော
ဒုက္ခသစ္စာ၏ မှတ်​စုများဖြစ်​၏



မှန်​ပါ၏
အရာရာသည်
တစ်​သက်​မှာတစ်​ခါသာဖြစ်​ခဲ့ကြပါ၏


No comments:

Post a Comment