Sunday, July 5, 2015

ရိုးသားတမ်းကစားရ​အောင်

ရိုးသားတမ်းကစားရ​အောင်
~~~~~~~~~~~~~~~~


သားသမီး နဲ့ မိဘ
အပြန်​အလှန်​ရိုးသားကြရင်
အိမ်​ ဆိုတဲ့ ​ဝေါဟာရရဲ့အဓိပ္ပါယ်
လှချင်​တိုင်းလှ​နေလိမ့်​မယ်​..........



တပည့်​ နဲ့ ဆရာ
အတူတူရိုးသားခဲ့ပါလျှင်
ပညာ​ရေးဆိုတဲ့သစ်​ပင်​ကြီးဟာ
သီးပွင့်​ ​ဝေဆာ စိမ်းမြ
ဘွဲ့တံဆိပ်​​တွေထုတ်​ပြစရာမလို​တော့ဘူး......



မိတ်​​ဆွေအချင်းချင်း
ရိုးသားခြင်း​တွေခင်းခဲ့ကြရင်
ခင်​မင်​မှုရဲ့​မေတ္တာ​ရောင်​ပြန်
စာနာစိတ်​​တွေအမြဲလွင့်​ပျံ​နေမယ်​........



အစိုးရ နဲ့ ပြည်​သူ
ရိုးသားမှု​တွေတူခဲ့ရင်
ဒီမိုက​ရေစီ ရင်​ခွင်​အသစ်​မှာ
အာဏာဆိုတဲ့စကားလုံး
လုံးဝ​ပျောက်​ဆုံးသွားလိမ့်​မယ်​........


No comments:

Post a Comment