ကဗျာမရှိတဲ့ကမ္ဘာ
~~~~~~~~~~
ကဗျာမရေးဖို့
ငါတွေးကြည့်တဲ့အခါ
မိုးရာသီဟာ တိမ်တွေထဲမှာမြုံ
လေညင်းတသုန်သုန်ဟာ
ချက်ချင်း ရပ်တန့်သွားတယ် .....။
ကဗျာအကြောင်းမတွေးဖို့
ငါ့စိတ်ကိုသမထလုပ်ကြည့်တဲ့အခါ
လူတိုင်းရဲ့ဒေါသတွေဟာ
ဓားလှံတွေကိုကျစ်အောင်ကိုင်စေပြီး
မေတ္တာတရားကို အနီးကပ် တိုက်ခိုက်တယ်....။
ကဗျာမရေးဖို့
ငါ့ကိုယ်ငါအမိန့်ပေးကြည့်တဲ့အခါ
ပန်းတွေဟာရနံ့တွေ အ,ကုန်ကြတယ်
နေရောင်ခြည်လည်း
စကြာဝဠာထဲမှာ အပူမိ
ကမ္ဘာထိရောက်မလာနိုင်တော့ဘူး.....။
ကဗျာကိုမချစ်ဖို့
ငါ့ကိုယ်ငါ စီစစ်ကြည့်တဲ့အခါ
ချစ်သူ့မျက်နှာဟာ သွက်သွက်ခါသွားတယ်
စာနာတဲ့အပြုံးတစ်ခုဟာ
အမှောင်ထဲမှာထာဝရပျောက်ကွယ်သွားတော့တယ်..။
Thursday, July 9, 2015
ကဗျာမရှိတဲ့ကမ္ဘာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment