Monday, March 2, 2015

The Night-Wind

The Night - Wind
ည​လေ​ပြေ
.............................

In summer's mellow midnight,
A cloudless moon shone through
Our open parlour window,
And rose-trees wet with dew.

သိမ်​​မွေ့တဲ့​နွေရာသီရဲ့ညသန်း​ခေါင်​မှာ
တိမ်​ကင်းစွာ သာ​နေတဲ့လ​ရောင်​က
ငါတို့ရဲ့ပွင့်ေ​နတဲ့ဧည့်​ခန်းထဲ​ရောက်​လာ
နှင်းဆီပင်​​တွေဟာလည်းနှင်းရည်​​တွေရွှဲလို့....

I sat in silent musing;
The soft wind waved my hair;
It told me heaven was glorious,
And sleeping earth was fair.

တိတ်​ဆိတ်​စွာအ​တွေးနယ်​ချဲ့ရင်းငါထိုင်​​ငေး
လေ​သွေး​သွေးကငါ့ဆံပင်​ကို​ဝှေ့​ဝှေ့သွား
ကောင်းကင်​ဘုံရဲ့ ခမ်းနားခြင်းများ နဲ့
အိပ်​​မောကျ​နေဆဲ​လောကရဲ့တရားမျှတမှုကို
လေညင်းက ငါ့ကို သိ​စေလိုခဲ့....

I needed not its breathing
To bring such thoughts to me;
But still it whispered lowly,
'How dark the woods would be!

ဒီလိုအ​တွေး​တွေ ငါ့ဆီ​အရောက်​သယ်လာဖို့
ပင်​ပန်းမခံပါနဲ့ ​လေညင်း​လေး​ရေ...
ဒါ​ပေမယ့်​ သင်​က တိုးတိုးတိတ်​တိတ်​ ​ရေရွတ်​သေး
တောတန်း​လေးက ​မှောင်​မိုက်​လိုက်​တာ လို့​လေ

'The thick leaves in my murmur
Are rustling like a dream,
And all their myriad voices
Instinct with spirit seem.'

သစ်​ရွက်​​တွေ တရှဲရှဲ ​အော်​မြည်
အိပ်​မက်​တစ်​ခုလို ငါ ညည်းညူမိ
သူတို့ရဲ့ အဆုံးမဲ့ အသံ​တွေက
ငါ့ရဲ့ ​စေတသိတ်​မှာပဲ ​ပျောက်​ရှ ခဲ့

I said, 'Go, gentle singer,
Thy wooing voice is kind:
But do not think its music
Has power to reach my mind.

သွားပါ နုညံ့တဲ့​တေးဆိုသူ​ ​လေညင်း​လေ​ရေ
ချစ်​စရာစကားသံက ကြင်​နာယုယ
သင့်​ရဲ့ဂီတက ငါ့စိတ်​ဆီ ​ရောက်​နိုင်မ​ယ်​လို့​တော့
ငါ မထင်​ဘူး ကွယ်​.....

'Play with the scented flower,
The young tree's supply bough,
And leave my human feelings
In their own course to flow.'

ပန်း​မွှေး​မွှေးနဲ့ ကစားပါမယ်​ လေညင်း​လေး​ရေ
သစ်​ပင်​ငယ်​က​ပေးတဲ့သစ်​ကိုင်းနဲ့ ​ပျော်​​မွေ့ပါ့မယ်
ပြီး​တော့ အသင့်​ရဲ့ လူသားခံစားချက်​ကို​မေ့​လျော့ထားရစ်
ကိုယ်​ပိုင်​လမ်း​ကြောင်းမှာ စီးဆင်းပစ်​လိုက်​မယ်​​လေ

The wanderer would not heed me:
Its kiss grew warmer still:
'Oh Come!' it sighed so sweetly;
'I'll win thee 'gainst thy will.

ခြေဦးတည့်​ရာသွား​နေတဲ့အသင်​က
ငါ့ကိုသတိမူမိမယ်​ မထင်​ဘူး
အသင့်​ရဲ့ အနမ်းက ပိုမို​နွေး​ထွေးဆဲပဲ ​လေညင်း​ရေ
အို....လာပါ လို့
အသင့်​ရဲ့ ချိုသာတဲ့​ခေါ်သံကအားငယ်​နွမ်းလျ
ငါ့ကို အနိုင်​ယူဖို့ ဆန္ဒရှိ​နေသလားကွယ် 

'Were we not friends from childhood?
Have I not loved thee long?
As long as thou, the solemn night,
Whose silence wakes my song.'

ငယ်​စဉ်​ကတည်းကငါတို့မိတ်​​ဆွေဖြစ်​ခဲ့ကြသလား
အံ့သြ​ငေး​မောဖွယ်​ ညအခါ လို
အသင်ကငါ့ကို ကြာမြင့်​စွာ မချစ်​ခဲ့ဘူးလား
ဘယ်​သူ့ရဲ့တိတ်​ဆိတ်​မှုက အသင့်ရဲ့​သီချင်းကို ဖန်​ဆင်းသလဲ

'And when thy heart is resting
Beneath the church-aisle stone,
I shall have time for mourning,
And thou for being alone.'

ဘုရား​ကျောင်းမင်းလမ်း​ကျောက်​တုံး​အောက်​မှာ
ငါ့နှလုံးသား အနားယူတဲ့အခါ
အထီးကျန်​ငါ့ကို နှစ်​သိမ့်​ဖို့
ပူ​ဆွေးမှု​တွေကို ကိုယ်​ချင်းစာဖို့်
အသင်​က ​ရောက်​လာ​ပေးမယ်​တဲ့လား
အို.............​လေညင်း​လေး​ရေ..........

Emily Bronte ၏ ကဗျာကို ရသ​ပြောင်းပါသည်​။

No comments:

Post a Comment