Monday, March 30, 2015

ပန်းများ၏ ဈာပန

ပန်းများ၏ဈာပန
~~~~~~~~~

အသုဘတိုင်းမှာ
ငါတို့ကို ​နေရာ​ပေးကြတယ်

လွမ်းသူပန်း​ခွေ လို့ သူတို့​ခေါ်
ရင်းနှီးမှုကို သရုပ်​​ဖော်​ကြတယ်

စက္ကန့်​ပိုင်းအတွင်းမှာပဲ
ငါတို့ အမှိုက်​ပုံးထဲ ​ရောက်​ရတယ်

တကယ်​ပြန်​​တွေး​တော့
ဒါ ........
ငါတို့ရဲ့ ဈာပန​ပေါ့ ကွယ်

No comments:

Post a Comment