Saturday, March 21, 2015

သုံး​ကြောင်းကဗျာ ခံစားပါ

သုံးကြောင်းကဗျာလေးတွေဖတ်ကြမယ်
တွေးကြမယ် ခံစားကြမယ် ပြီးမှ ဝေဖန်အကြံပြုကြမယ်

ခရေ
........

စိုစိုခြောက်ခြောက်
လူတိုင်းကောက်
ရနံ့မပျောက်တဲ့ ကဗျာ.....

အမေ
.........

စွမ်းနိုင်ဆုံးအင်အား
မေတ္တာထား
တရားမျှတတဲ့ အလင်းရောင်..

ပင်လယ်
............

လမင်းရဲ့ ကစားကွင်း
သိုဝှက်ခြင်းပုံရိပ်
နက်နဲမှုတွေ ပြွတ်သိပ်နေတယ်...

ရဟန်း
..........

သံသရာကိုကြောက်
ကံကြမ္မာကောင်းကိုတည်ဆောက်
ဥာဏ်အလင်းဆီရောက်အောင်သွားသူ..

ခြံစည်းရိုး
..............

ပိုင်ဆိုင်မှုစွဲ
သောကကဲစေတဲ့အရာ
မယုံကြည်အပ်သော အရံအကာ...

စောရ
..........

မရှိခြင်းရဲ့စေရာ
ဗီဇကညွှန်တဲ့ ကံဇာတာ
ခေတ်ကို တော်လှန်ခြင်း ပညာ..

ငွေ
......

အမှန် အမှားကို ရောထွေးပစ်
အချစ်အမုန်းကို အတုလုပ်
လူတွေရဲ့ အရေးကြီးဆုံးအရှုပ်...

No comments:

Post a Comment