ခမ်းခမ်းနားနား လှိုင်း
.......................
မကောင်းမှုသည် စိတ်ကွယ်ရာ၌ မရှိ
ပန်းတွေမသိတဲ့ ရာသီတစ်ခုမှာ ငါ သူ့ကိုချစ်ခဲ့မိ
လက်ညှိုးငေါက်ငေါက်ထိုးပြီး စကားပြောတတ်တဲ့ လူတွေမှာ
ကိုယ်ချင်းစာစိတ် ဆာလောင်နေကြသလား
လမ်းပေါ်မှာမွေး လမ်းဘေးအမှိုက်ပုံမှာ ဝမ်းစာရှာသူလည်း
သမ္မတကြီး ဖြစ်နိုင်တာပဲ လွှတ်တော်လေထွားရေ...
ငါ တစ်ယောက်တည်းရေးတဲ့ ငါ့ကဗျာ
ငါ တစ်ယောက်သာ နားလည်တာ ဘာဖြစ်လဲ
ကမ္ဘာပျက်တဲ့အထိ ရှိနေမယ့် အနုပညာ
ငါလည်း အရိပ်ခိုပါရစေ အဝိဇ္ဇာ......
No comments:
Post a Comment