Monday, March 2, 2015

သိဒ္ဓတ္ထလမ်း

သိဒ္ဓတ္ထလမ်း
...................

နိမိတ်​​လေးပါးကိုမြင်​မိယုံနဲ့
စိတ်​အ​တွေးများကိုယှဉ်​ကြည့်​ပုံ
ဘဝင်​မငြိ​တော့တာ​လောကီကာမဂုဏ်
မကြုံရ​တော့မယ့်​​နောက်​ထပ်​​သေခြင်း

သစ္စာအမှန်​သိဖို့
ချစ်​သဒ္ဒါပြန်​ထိလို့မရဘူး
ခဏမူးခဲ့တဲ့သမုဒယ​ဝေဒနာ
ရာဟုလာကိုထားခဲ့ပါ၏
ယ​သောဓရာကို​မေ့ခဲ့ပါ၏

*ပု ဒိ အာ*ကို
အခုသိလာဖို့ဆိုတာ
လေးသ​င်္ချေနဲ့ကမ္ဘာတစ်​သိန်း
မယိမ်းခဲ့တဲ့ပါရမီဆယ်​ပါး
စဉ်းစားရင်​​တောင်​ဖျား​လောက်​တယ်

အ​မှောင်​​မောဟကိုပယ်
အဝိဇ္ဇာနယ်​ကို​ကျော်​လွှား
သတ္တဝါများအတွက်​ချမ်းသာအစစ်​​ပေး
သိဒ္ဓတ္ထရဲ့လမ်း​ဖွေး​ဖွေး​ပေါ်မှာ
သင်​​ရော.....​လျှောက်​လှမ်း​နေပါပြီလား

No comments:

Post a Comment